EU သို့ ရေထွက်ကုန်တင်ပို့ခွင့်ရသော်လည်း ဈေးကွက်လိုအပ်ချက် ပြည်မီခြင်းမရှိ၍ EU ဈေးကွက်တင်ပို့မှု ပြန်လည်သုံးသပ်ရန်လိုအပ်
မြန်မာနိုင်ငံအတွင်းရှိ အအေးခန်းစက်ရုံများ၏ ၂၅ ရာခိုင် နှုန်းဝန်းကျင်မှ ရေထွက်ကုန်ပစ္စည်းများအား EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိနေသော်လည်း EU ဈေးကွက်၏ လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင့် EU ဈေးကွက်တင်ပို့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် အအေးခန်းစက်ရုံပေါင်း ၁၂၅ ရုံရှိရာ အီးယူနိုင်ငံ၏ စံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိအောင် နှစ်ပေါင်းများစွာ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့မှ အအေးခန်းစက်ရုံများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အအေးခန်းစက်ရုံ ၂၅ ရုံရှိလာပြီဖြစ်သဖြင့် ယင်းအခွင့်အရေးကို အသုံးချ၍ အီးယူဈေးကွက်သို့ အလုံးအရင်းနှင့် တင်ပို့နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ အအေးခန်းစက်ရုံ ၁၂၅ ရုံလောက်ရှိတာ ၂၅ ရာခိုင်နှုန်းလောက် အီးယူပို့နိုင်တဲ့ အဆင့်လောက်ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဒါက နည်းတဲ့အရေအတွက် မဟုတ်ပါဘူး။ အအေးခန်းစက်ရုံတွေအပိုင်းက အီးယူအဆင့်မီအောင် ကြိုးစားပြီးတော့ လုပ်ကိုင်နိုင်တဲ့ အခြေအနေရှိတယ်။ သို့သော် အီးယူကို ကျွန်တော်တို့ ဘယ်လောက်ပို့နိုင်ပြီလဲ၊ အီးယူက ကျွန်တော်တို့ဆီက ဘာလိုချင်တာလဲ။ စက်ရုံတွေက စာမေးပွဲဖြေလို့ အောင်ထားပြီးပြီ။ အဲ့ဒီစက်ရုံတွေရဲ့ အီးယူတင်ပို့မှုပမာဏက ဘယ်လောက်များလဲ၊ မက်ထရစ်တန်အားဖြင့် တစ်နှစ်ကို ဘယ်လောက်များလဲ၊ ငွေတန်ဖိုးအရ ဘယ်လောက်များလဲ၊ ဘယ်လိုငါးမျိုးတွေ တင်ပို့နေတာလဲ။ ကျွန်တော်တို့ ပြန်သုံးသပ်ဖို့လိုအပ်ပါတယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
လက်ရှိတွင် အီးယူနိုင်ငံသို့ ငါးမြစ်ချင်းသာတင်ပို့နေခြင်းဖြစ်ပြီး မြန်မာ့မွေးမြူရေးငါး၊ ပုစွန်များ အီးယူသို့ မေလ ၁ ရက်မှ စတင်၍ တင်ပို့ခွင့်ရထားခြင်းဖြစ်ကာ အီးယူမှလိုချင်သည့် ရေထွက်ကုန်များမှာ တီလားပီးယား၊ ဘနားမီး၊ ကကတစ်၊ ပုစွန်ဖြူ တို့ကို လိုအပ်သော်လည်း ပြည်တွင်း၌ မွေးမြူ ထုတ်လုပ်နိုင်ခြင်းမရှိခြင်းကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ရေထွက်ကုန်များ အီးယူသို့တင်ပို့နေမှုကို ၁၉၉၇ ခုနှစ်မှစတင်၍ GSP တိုးမြှင့်လိုက်ခြင်းကြောင့် မြန်မာရေထွက်ကုန်ပစ္စည်းများ အီးယူနိုင်ငံများသို့ တင်ပို့ခွင့်မရှိဘဲ ၂၀၁၂ ခုနှစ်မှ စတင်ကာ သဘာဝမှဖမ်းဆီးရရှိသည့် ငါး၊ ပုစွန်များအား ပြန်လည်တင်ပို့ ခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ၂ ၀၁၉ ခုနှစ် မေလတွင် မွေးမြူရေးငါး၊ ပုစွန်များ ထပ်မံတင်ပို့ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အီးယူဈေးကွက်ရဲ့ လိုအပ်ချက်ကို မထုတ်လုပ်နိုင်တဲ့ အကြောင်းအရင်းအခြေခံကတော့ မွေးမြူ ရေးကဏ္ဍက အရေးကြီးဆုံးဖြစ်နေတယ်။ အအေးခန်းတွေက အဆင့်မီသွားပြီဆိုရင် မွေးမြူရေးကဏ္ဍက အီးယူဈေးကွက်က လိုချင်တာတွေကို မွေးမြူထုတ်လုပ်တဲ့အဆင့်ကို လုပ်ပေးပါမှ အအေးခန်းကနေ စနစ်တကျလုပ်ပြီးမှ ပြည်ပဈေးကွက်ကို တင်ပို့လို့ရမယ်။ အဲ့ဒီကဏ္ဍ ကျန်နေတဲ့အခါကျတော့ ပေးသာပေးတယ် မရဖြစ်နေတယ်။ ဒါက ငါးလုပ်ငန်းအဖွဲ့ချုပ်က သုံးသပ်တာပါ။ ဒီကိစ္စကို ဘယ်သူက သုံးသပ်သင့်လဲဆိုရင် အစိုးရက သုံးသပ်သင့်တယ်။" ဟု ဦးဝင်းကြိုင်က ပြောသည်။
အီးယူဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မည့်အစီအစဉ်များနှင့် စီမံကိန်းများတွင် နိုင်ငံတော်အစိုးရက ပါဝင်မှသာ အီးယူမှပေးသည့် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
အီးယူသို့ မေလ ၁ ရက်မှ စတင်တင်ပို့ခွင့်ရရှိသည့် မွေးမြူရေးငါးများမှာ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ ၊ ငါးသိုင်းခေါင်းပွ၊ ရွှေဝါငါးကြင်း၊ တီလားပီးယား၊ ပုစွန်ကြား၊ ပုစွန်ဖြူ ၊ ငါးတန်၊ ကဏာန်းပျော့နှင့် ငါးခုံးမကြီးတို့ဖြစ်ကြောင်း သိရသည်။
သဘာဝမှရရှိသည့် မွေးမြူရေးငါးများကို ၂၀၁၇ ခုနှစ်တည်းကပင် အီးယူနိုင်ငံပေါင်း ၂၈ နိုင်ငံအနက် ၁၀ နိုင်ငံကို ငါး၊ ပုစွန် တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ငါး၊ ပုစွန် တင်ပို့မှုတွင် ငါးအများဆုံးတင်ပို့ခဲ့ရာ တန်ချိန်အားဖြင့် ၁၀၀၀၀ ကျော်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 2 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 1 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026