သစ်ခွပင်နှင့် အာဟာရ

18/11/2019 17:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပူပိုင်းမိုးသစ်တောများတွင် ပေါက်ရောက်သော သစ်ကပ်သစ်ခွများနှင့် မြေပေါ်တွင်ပေါက်သော အပင်များမှာ မတူသော အာဟာရရရှိမှု၊ စားသုံးမှု ပုံစံကွဲပြားသည်။ မိုးရွာသောအခါ သစ်ခွ၏ တစ်ပင်လုံးနှင့် အမြစ်ပေါ်သို့ မိုးရေများ ရောက်ရှိလာသည်။ ပထမဦးဆုံး ရွာသွန်းသောမိုးရေတွင် အာဟာရပမာဏ ပို၍ပါလာမြဲဖြစ်သည်။ ထိုမိုးရေနှင့်ပါလာသော အာဟာရများမှာလည်း သစ်ခွပင်များအတွက် အရေးကြီးသော အာဟာရထောက်ပံ့မှုတစ်ရပ်ဖြစ်သည်။ သစ်ခေါက်များ၊ သစ်ကိုင်းခွများနေရာတွင်လည်း သစ်ရွက်များ၊ သစ်သီးများ၊ အင်းဆက်ပိုးများ၏ ရုပ်ကြွင်းများနှင့် အညစ်အကြေးများကြောင့် အာဟာရဓာတ်ရရှိပါသည်။ ဤအာဟာရနှင့် ရေရရှိမှုအနေအထားတစ်ရပ်မှာလည်း သဘာဝသစ်ခွများအတွက် အရေးပါသော ပုံစံတစ်ရပ်ဖြစ်ပါသည်။

သစ်ခွစိုက်ပျိုးသူများအနေနှင့် မိမိတို့သစ်ခွများကို အုန်းခွံများ၊ သစ်ခေါက်များ၊ Term Root ၊Sphegnummoss များ အတွင်း၌ စိုက်ပျိုးကြသည်။  တချို့ကလည်း မီးသွေးများ၊ အုတ်ခဲများအတွင်း စိုက်ပျိုးကြသည်။ တချို့ကလည်း သစ်ခွပင်ကို အာဟာရ လုံးဝမထောက်ပံ့နိုင်သော ကျောက်စရစ်ခဲ၊ သဲကဲ့သို့ မီဒီယာများတွင် စိုက်ပျိုးကြသည်။ မတူကွဲပြားသော မီဒီယာပစ္စည်းအမျိုးမျိုးအလိုက် အာဟာရရရှိမှု မတူကြပေ။ 

စိုက်ပျိုးထားသော မီဒီယာများမှ အာဟာရလုံးဝမရရှိသည်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ရရှိသည်ဖြစ်စေ၊ စိုက်ပျိုးသူက အာဟာရမြေသြဇာမျိုးကို ပက်ဖျန်းပေးခြင်း၊ အမြစ်များဆီသို့ လောင်းပေးခြင်းဖြင့် ပံ့ပိုးကြသည်။ ဤတွင် သစ်ခွပင်များကို အစာလုံးဝမကျွေးတာနှင့် ၎င်းတို့ကို နေ့စဉ်ပုံမှန်ကျွေးသူများအထိ ကွဲပြားမှုကြီးမားစွာရှိနေသည်။ 

တချို့ကလည်း သစ်ခွပင်များ၏ ကြီးထွားမှုအဆင့်တစ်ချို့၌သာ အစာကျွေးခြင်းမျိုးလည်းရှိပါသည်။ သစ်ခွစိုက်ပျိုးသူများသည် နွားချေးအစို၊ နွားချေးအခြောက်များကို တိုက်ရိုက်အသုံးပြုသူများရှိသကဲ့သို့၊ တစ်ချို့က ရေစိမ်ပြီး စိမ်ရည်၊ စစ်ရည်ကိုသာ ပက်ဖျန်းပေးကြသည်။ တစ်ချို့ကလည်း ထိုနွားချေးများကို ရေစိမ်၊ ကဇော်ဖောက် အပုပ်ခံပြီးမှ စစ်ရည်ကို ပက်ဖျန်းခြင်းပြုလုပ်ကြပါသည်။ 

ကြက်ချေး၊ လင်းနို့ချေး၊ ငှက်ချေး၊ ဝက်ချေးများကိုလည်း သစ်ခွများကို အစာကျွေးရာတွင် ကျယ်ပြန့်စွာအသုံးပြုခဲ့ကြသည်။ သို့သော် သိပ္ပံနည်းကျ အာဟာရစားသုံးစနစ်ကို သိလာကြသောအခါ ထိုကဲ့သို့သော သဘာဝမြေသြဇာများကို ဖောဖောသီသီ အသုံးပြုသောစနစ်များကို စွန့်လွှတ်ခဲ့ကြသည်။ ထိုသို့ တိရစ္ဆာန်ချေးများနှင့် သဘာဝမြေသြဇာများကို အတိုင်းအဆမရှိ အသုံးပြုခြင်းကြောင့် ရောဂါအမျိုးမျိုးကျရောက်နိုင်သော အဖြစ်မျိုးကို သိရှိလာသောကြောင့်ဖြစ်သည်။

ဗနီလာသစ်ခွပင်များ၌ နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ် နှစ်မျိုးလုံးရရှိသော အပင်များမှာ ပို၍ ကြီးထွားနှုန်းကောင်းကြောင်း တွေ့ရှိရသည်။  နိုက်ထရိုဂျင်ကိုကျွေးရာတွင် အသွင်သုံးမျိုးဖြင့် စမ်းသပ်ကျွေးကြည့်ခဲ့ကြပါသည်။ ယူရီးယားမှာ အေမိုက်နိုက်ထရိုဂျင် အမျိုးအစားဖြစ်သည်။ နိုက်ထရိုဂျင်အသွင် နောက်တစ်မျိုးဖြစ်သော အမိုးနီးယမ်းနိုက်ထရိတ်က နိုက်ထရိတ်မြေသြဇာများထက် ပိုကောင်းကြောင်း တွေ့ရသော်လည်း ဗင်ဒါမျိုးစုတွင်ကား နိုက်ထရိတ်များက ပိုကောင်းကြောင်း တွေ့ရပြန်သည်။ အချိန်ကြာလာသောအခါ ပိုတက်စီယမ်ချို့တဲ့မှု ဖြစ်ပေါ်လာနိုင်ပေသည်။ 

သစ်ခွပင်များတွင် အမြစ်များမှ အစာစုပ်ယူနိုင်ရေးမှာ ပို၍အဓိကကျသည်။ သစ်ခွအရွက်များနှင့် အမြစ်များမှ အာဟာရစုပ်ယူရာတွင် ဓာတ်ဆားများကို အဓိကစုပ်ယူသော်လည်း အပင်အတွင်း ပိုမိုလွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်ရန်၊ ချီလိတ်များနှင့် အမိုင်နိုအက်ဆစ်များ လိုအပ်ပါသည်။ ချီလိတ်များကို စစ်စာရစ်အက်ဆစ်၊ အက်စကောဗစ်အက်ဆစ်၊ အက်ဆစ်တစ်အက်ဆစ်များကို အသုံးပြုကြသည်။ သဘာဝအက်ဆစ်ပျော့များအနေနှင့် ဇောင်းယားသီး၊ နာနတ်သီးကဲ့သို့ သစ်သီးရည်များကို အသုံးပြုသည်။ အမိုင်နိုအက်စစ်မျိုးကို ငါးပုပ်၊ ငါးကြေပျက်ရည်များမှ ရရှိနိုင်သည်။

အောင်မြင်သော သစ်ခွစိုက်ပျိုးရေးတစ်ခု ဖော်ဆောင်ရာတွင် သိပ္ပံနည်းကျ အစာကျွေးနည်းစနစ် အမှန်တကယ်လိုအပ်သည့်အတွက် ခိုင်မာသောယူဆချက်များဖြင့် လုပ်ဆောင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်။

ကျော့နန္ဒာစိုး

ကိုးကားချက် -  ဉီးဖရက်သိန်းဖေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်