သုံးစွဲခွင့်နှင့် သုံးစွဲခွင့်မပြုသော အရောင်ဆိုးဆေးများ

23/10/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ဈေးကွက်တွင် လုပ်ငန်းအလိုက်သုံးစွဲမှုများသော ခွင့်မပြု “ဓာတုဆိုးဆေးများ”မှာ အောက်ပါ အတိုင်းဖြစ်သည်။

(က) အနီရောင် Rhodamine - ငါးဖယ်ချဉ်၊ ပုစွန်ချဉ်၊ ငါးပိ၊ ပုစွန်ခြောက်၊ မျှစ်နှင့် ငရုတ်သီး အမှုန့်များတွင် အများဆုံးအသုံးပြုသည်။

(ခ) လိမ္မော်ရောင် Orange II - အချိုရည်၊ အသားကင်၊ ပဲနီလေးနှင့် ပဲကြီးလှော်များတွင် အများဆုံးအသုံးပြုသည်။

(ဂ) အဝါရောင် Auramine O - လက်ဖက်နှင့်မျှစ်များတွင် အများဆုံးအသုံးပြုသည်။

ခွင့်ပြုဓာတုဆိုးဆေးများနှင့် နိုင်ငံတကာသတ်မှတ်ချက်

ခွင့်ပြုဆိုးဆေးအမျိုးအစားသတ်မှတ်ချက်နှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကွဲပြားခြားနားမှုရှိသည်။ တစ်ချို့နိုင်ငံမှခွင့်ပြုသောဆိုးဆေးများသည့် တစ်ချို့နိုင်ငံတွင် ပိတ်ပင်ထားသည်ကို တွေ့ရှိရသည်။

အစားအသောက်များတွင် သုံးစွဲရန်ခွင့်ပြုသော "ဓာတုဆိုးဆေးများ"

အစားအသောက်များထဲတွင် သုံးစွဲရန်ခွင့်မပြုသည့်ဆိုးဆေးများသည် စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေသဖြင့် အောက်ပါအစားအသောက်ခွင့်ပြုဆိုးဆေး Permitted Food Colour များဖြစ်သော အနီရောင်ဆိုးဆေး(Ponceau 4R, Erythrosine) လိမ္မော်ရောင်(Sunset Yellow FCF)နှင့် အဝါရောင်(Tartrazine)တို့အား အစားအသောက်အမျိုးအစားပေါ်မူတည်၍ ကိုဒတ်ကော်မရှင် (Codex Aliment-arious) မှသတ်မှတ်ထားသော စံနှုန်းများဖြင့် နှိုင်းယှဉ်သုံးစွဲခွင့်ပြုထားသည်။

 

 

ငါးပုစွန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းတွင် သုံးစွဲခွင့်ပြုသော ဓာတုပစ္စည်းများ

ငါး/ပုစွန်ထုတ်လုပ်မှုလုပ်ငန်း(Processing)တွင် လက်ရှိသုံးစွဲလျက်ရှိသော ခွင့်ပြုဓာတုပစ္စည်းများမှာ ဆိုဒီယမ်မက်တာဘိုင်ဆာလဖိုဒ်၊ ထရိုင်ပေါ်လီဖော့စဖိတ်၊ ဆား၊ ကလိုရင်းတို့ဖြစ်ပါသည်။

ငါးပုစွန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းတွင် သုံးစွဲခွင့်မပြုသော ဓာတုပစ္စည်းများ

ငါး/ပုစွန်ထုတ်လုပ်မှုလုပ်ငန်း(Processing)တွင် သုံးစွဲခွင့်မပြုသော ဓါတုပစ္စည်းများမှာ နိုက်ထရိုဖျူရမ်၊ ကလိုရမ်ဖင်နီကော၊ မာလခိုက်ဂရင်းတို့ဖြစ်ပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်