မတ်ပဲတွင်ကျရောက်တတ်သော ပိုးမွှားများ

26/01/2021 11:45 AM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

       ပဲသည်ဆန်စပါးပြီးလျှင် ဒုတိယအရေးပါသော သီးနှံဖြစ်ပါသည်။ထို့ပြင်မြေဆီလွှာအတွက်လိုအပ်သောနိုက်ထရိုဂျင်ဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိပါသည်။ မြန်မာနိုင်ငံ၏70%သောပဲများကို အိန္ဒိယသို့တင်ပို့ရသောကြောင့် နိုင်ငံခြားဝင်ငွေရသော သီးနှံတစ်ခုဖြစ်ပါသည်။ ထို့သို့သောပဲမျိုးများတွင် မတ်ပဲလည်းတစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မတ်ပဲကိုမြန်မာနိုင်ငံတွင် မိုးအကုန်နှင့်ဆောင်းတွင်းပိုင်းများတွင် စိုက်ပျိုးကြပါသည်။မတ်ပဲကို မြေချဉ်ငန် ဓာတ် 5.5မှ7.5အတွင်းစိုက်ပျိုးနိုင်ပြီးဆားပေါက်မြေများနှင့် ဆပ်ပြာမြေများကိုမူ ခံနိုင်ရည်မဲ့ပါသည်။ မြန်မာနိုင်ငံတွင် မတ်ပဲကိုပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပါသည်။

       မတ်ပဲများကိုစိုက်ပျိုးရာတွင် အထွက်ကောင်းသောမျိုးများကိုသုံးပြီး နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပါက လွန်စွာအထွက်ကောင်းမည်ဖြစ်ပါသည်။ သို့သော်ဖျက်ပိုးများ၏ အန္တရာယ်ကိုမကာကွယ်နိုင်ပါကလွန်စွာအထွက်နှုန်းနည်းပါးတတ်ပါသည်။ ထို့ကြောင့်မတ်ပဲတွင် ကျရောက်တတ်သောဖျက်ပိုးများကိုဖော်ပြလိုက်ရပါသည်။

      မတ်ပဲတွင်အဓိကကျရောက်တတ်သောဖျက်ပိုးများမှာ-ယင်ဖြူ၊လှေးပိုး၊ပဲပင်စည်ထိုးယင်၊ငမြှောင်တောင်၊ခူမွှေးရှည်၊ပဲတောင့်ထိုးပိုး၊အစက်အပြောက်ပါပဲတောင့်ထိုးပိုး၊ပဲဖျက်ပိုးလိပ်ပြာ၊ပဲစေ့ထိုးပိုးတို့ဖြစ်ပါသည်။

 ‌     အချို့သောပိုးများကိုစိုက်ပျိုးချိန်တွင်မျိုးစေ့များအား ပိုးသတ်ဆေးဖြင့် လူးနယ်ပြီး ကာကွယ်နိင်သော်လည်း အချို့ပိုးများကိုမူ အကောင်ငယ်စဥ်တွင် ဆပ်ပြာရည်ဖြင့်လည်းကောင်း၊ ရေပန်းအားပြင်းပြင်းဖြင့် ဖျန်းပေးခြင်းဖြင့်လည်းကောင်း ကာကွယ်နိုင်ပါသည်။

ပျက်စီးမှုလက္ခဏာများနှင့်တကွ ကာကွယ်နှိပ်နင်းနည်းလမ်းများမှာ အောာက်ပါအတိုင်းဖြစ်ပါသည်။

      ယင်ဖြူ-အပင်ငယ်စဉ်မှစ၍ ကျရောက်ဖျက်ဆီးတတ်ပါသည်။ ၎င်းတို့သည်ပင်ရည်ကို စုပ်စားတတ်သဖြင့် အရွက်များတွန့်သွားတတ်ပါသည်။ ထို့ပြင်၎င်းတို့သည်အဝါရောင်မိုစေ့ရောဂါကို သယ်ဆောင်လာတတ်ပါသည်။ ၎င်းတို့ကျရောက်ပါက ပဲရွက်များမှာအဝါရောင် ရောင်မညီကွက်ကျားများဖြစ်ပေါ်လာပါသည်။ကာကွယ်နိုင်သောဆေးများ-ဆိုင်ရာမီသောက်ဇင်၊အဆီတာမီပရစ်၊အေမီဒါကလိုပစ်+ဆိုက်ပါမီသရင်၊ဒိုင်မီသိုအိတ်။

       လှေးပိုး-၎င်းတို့သည်ပန်းပွင့်ချိန်တွင်ကျရောက်မှူများပြီး အပင်၏အရွက်၊အညွန့်၊အဖူးများ၏ပင်ရည်ကိုစုပ်ယူစားသုံးတတ်ပါသည်။အရွက်များတွင် ငွေရောင်အစက်အပြောက်များကိုတွေ့ရတတ်ပြီးနောက်ပိုင်းတွင်အရွက်များ မဲသွားတတ်ပါသည်။ ကာကွယ်နိုင်သောဆေးများ-ဒိုင်မီသိုအိတ်၊ဒိုင်ရာဇီနွန်၊ကလိုပိုင်ရီဖို့စ်။

      ပဲပင်စည်ထိုးယင်-၎င်းတို့သည်အပင်ပေါက်ပြီးသုံးရက်ခန့်လောက်မှစ၍ ကျရောက်တတ်ပါသည်။ပေါင်းမြက်များမှအဓိကလာရောက်တတ်ပြီး မြေကြီးနှင့်နီးစပ်ရာပင်စည်ထဲသို့ ထိုး‌ဖောက်ဝင်၍နေထိုင်စားသောက်ကြပါသည်။ ကျရောက်ပါကအရွက်များဝါလာပြီးအပင်မှာညှိုးခြောက်သွားတတ်ပါသည်။ပင်စည်တွင်ဖုဖောင်းနေတတ်ပြီးအက်ကွဲကြောင်းများဖြစ်ပေါ်တတ်ပါသည်။ပင်လုံးပြန့်ပိုးသတ်ဆေးများသုံးခြင်း၊မြေကြီးအားကောက်ရိုးဖြင့်ဖုံးခြင်းများဖြင့်လည်း ကာကွယ်နိုင်ပါသည်။ ကာကွယ်နိုင်သောဆေးများ-ကာဘိုဖျူရမ်၊အဆီဖိတ်၊သိုင်ရာမီသောက်ဇင်။

       ငမြှောင်တောင်-ပိုးလောက်ကောင်ငယ်သည်အရွက်များကို ခြစ်စားပြီးအကောင်ကြီးများသည် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ကြပါသည်။ ၎င်းတို့ကျရောက်ပါက အပင်များမှာနွားစားထားသကဲ့သို့ဖြစ်တတ်ပါသည်။ နေ့အချိန်တွင်ခိုအောင်းနေတတ်ပြီး ညအချိန်တွင်သာကျရောက်ဖျက်ဆီးတတ်သောပိုးတစ်မျိုးဖြစ်ပါသည်။ ဖီရော်မုန်းထောင်ချောက်များ၊တမာပိုးသတ်ဆေးများကိုသုံးပြီးနှိမ်နင်းနိုင်ပါသည်။ ကာကွယ်နိုင်သောဆေးများ-ဆိုက်ပါမီသရင်၊ကလိုပိုင်ရီဖို့စ်။

      ပဲတောင့်ထိုးပိုး-လောက်ကောင်သည်အရွက်၊အဖူး၊အပွင့်များကိုချည်မျှင်ဖြင့်လုံးထွေးကာစားသောက်တတ်ပါသည်။ပိုးပေါက်ဖြစ်နေသောသီးတောင့်အားခွဲကြည့်ပါကအထဲတွင်ဖျက်ဆီးစားသုံးနေသောလောက်ကောင်အားတွေ့နိုင်ပါသည်။ပိုးပေါက်ဖြစ်နေသောပဲတောင့်များအားဖျက်ဆီးပစ်ခြင်းဖြင့်လည်းကာကွယ်နိုင်ပါသည်။ကာကွယ်နိုင်သောဆေးများ-အင်မီဒါကလိုပရစ်၊အဆီတာမီပရစ်၊အဆီဖိတ်၊ကလိုပိုင်ရီဖို့စ်။

      ပဲဖျက်ပိုးလိပ်ပြာ- ပိုးလောက်ကောင်များသည် ပဲတောင့်အတွင်းသားကို စားသောက်တတ်ပြီးလက္ခဏာအနေဖြင့် အပေါက်ငယ်‌လေးများကို တွေ့ရတတ်ပါသည်။ ပန်းပွင့်များ၊အဖူးများ၊သီးတောင့်စိမ်းများတွင်တွေ့ရတတ်ပါသည်။ပဲတောင့်များအပေါ်တိုက်ရိုက်ကျရောက်ပါကအထွက်နှုန်းအားလွန်စွာထိခိုက်စေပါသည်။ ကာကွယ်နိုင်သောဆေးများ-ဒယ်တာမီသရင်။

       ခူမွှေးရှည်-လောက်ကောင်သည်အစိမ်းရောင်တစ်သျှူးသားများကို စားသောက်ပါသည်။ ကျရောက်ပါကအစိမ်းရောင်များပျောက်ပြီးအမှေးပါးသာ ကျန်နေတတ်ပါသည်။ အရွက်များကြွေတတ်ပြီးပင်စည်သာ ကျန်နေတတ်ပါသည်။ အကောင်ကြီးများသည် တစ်ပင်မှတစ်ပင်သို့ ကူးပြောင်းစားသောက်ကြပါသည်။ကာကွယ်နိုင်သောဆေးများ-ဆိုက်ပါမီသရင်၊ကလိုပိုင်ရီဖို့စ်။

      ပဲစေ့ထိုးပိုး-ရိတ်သိမ်းပြီးနောက်ကျရောက်တတ်သောပိုးဖြစ်ပါသည်။ပဲစေ့များတွင်ဝိုင်းစက်သောအပေါက်များပြုလုပ်ပြီးအတွင်း၌ ဝင်၍စားသောက်ဖျက်ဆီးကြပါသည်။ လက္ခဏာအနေဖြင့်ပဲစေ့များပေါ်တွင် အဖြူရောင်ဥများ၊အကောင်ကြီးများကို တွေ့မြင်ရတတ်ပါသည်။ နေလှန်းခြင်း၊အဆိပ်ငွေ့မှိုင်းတိုက်ခြင်း၊မဖောက်ထုံးပါးပါးဖြူးပေးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ ကာကွယ်နိုင်သောဆေးများ-အလူမီနီယမ်ဖော့စဖိတ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်