အပင်ဟော်မုန်းတွေအကြောင်း

31/01/2019 16:26 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီနေ့တော့ အပင်တွေမှာရှိတဲ့ ဟော်မုန်းတွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဟော် မုန်းတွေက ကောင်းလွန်းလို့ဆိုပြီးတော့မှ လူတွေကလိုက်လုပ်ပီးတော့ သုံးနေကြတာဖြစ်ပါတယ်။ အဲ့လို ဟော်မုန်းတွေထဲကနေ နာမည်ကြီး လက်ရွေးစင်တွေကို တင်ဆက်ပေးသွားပါမယ်။

အောက်ဇင် (Auxin)

သူ့ကို အင်ဒိုလီအက်ဆစ်တစ်အက်ဆစ်လို့လည်း ခေါ်ပါတယ်။ အပင်အညွန့်တွေ၊ အမြစ်ထိပ်ပိုင်းတွေ၊ အရွက်နုလေးတွေ၊ ကြီးထွားဆဲဖြစ်နေတဲ့ အသီးတွေထဲက မျိုးစေ့လေးတွေ စတဲ့နေရာတွေမှာ တွေ့ရပါ တယ်။

အောက်ဇင်တွေက အပင်တွေရဲ့ အစာကြော၊ ရေကြောတွေကကနေတစ်ဆင့် ရွေ့လျားနိုင်ပါတယ်။ သူရွေ့တဲ့ပုံစံက တစ်မျိုးလေးပါ။ အမြစ်မှာဆိုရင်လည်း အမြစ်ထိပ်ဘက်ကိုပဲ ရွေ့ပြီးတော့ အညွန့်တွေမှာဆိုရင်လည်း အညွန့်ထိပ်ဘက်တွေကိုပဲ ရွေ့ပါသတဲ့။

ဘာအကျိုးကျေးဇူးတွေရလို့ သုံးနေတာလဲဆိုရင်တော့

၁။ အညွန့်တွေကို အားကောင်းသန်မာလာစေပါတယ်။

၂။ ဘေးအောက်ဘက်က အဖူးသေးလေးတွေကို အားလျော့စေပါတယ်။ အဲ့တော့ တစ်ပွင့်တည်း ပန်းပင်တွေလိုချင်ရင် သုံးလို့ရပြီပေါ့။

၃။ အမြစ်တွေမှာဆိုရင်လည်း ဘေးဖက်အမြစ်တွေကို ထွက်လာဖို့ အားကောင်းစေဖို့အတွက် အားပေးပါတယ်။

၄။ ဆဲလ်ကွဲပွားခြင်းနဲ့ ဖြန့်ကားခြင်းအတွက်လည်း အားကောင်းပါတယ်။

၅။ သီးကင်းတွေကြွေတာကိုပဲ တားမလား၊ အရွက်တွေကြွေအောင်လုပ်ပစ်ဆိုရင်လည်း သူကရပါသေးတယ်။

၆။ သူက အပင်တွေအလင်းပေါ်တုံ့ပြန်တာ၊ မြေဆွဲအားပေါ်တုံ့ပြန်တာမျိုး စတာတွေမှာ ပိုပြီးတော့ အားကောင်းလာစေပါတယ်။

၇။ တစ်ခါတစ်လေမှာ ပေါင်းသတ်ဆေးအဖြစ်နဲ့တောင် အသုံးပြုနိုင်ပါတယ်တဲ့။

အောက်ဇင်နဲ့အလားတူ လူတွေလုပ်ထားတဲ့ အပင်လှုံဆော်ပစ္စည်းတွေကတော့

(၁) အင်ဒိုလီဘူတိုင်ရစ်အက်ဆစ် Indolebutyric acid (IBA)

(၂) တူး, ဖိုး ဒိုင်ကလိုရိုဖီနောက်ဇီအက်ဆစ်တစ်အက်ဆစ်(တူး, ဖိုးဒီ) 2,4 dichlorophenoxyacetic (2, 4D)

(၃) တူး, ဖိုး, ဖိုက် ဒိုင်ကလိုရိုဖီနောက်ဇီ အက်ဆစ်တစ်အက်ဆစ် (တူး, ဖိုး, ဖိုက်တီ) 2,4,5 dichloro phenoxyacetic (2, 4, 5T)

(၄) ပိုင်ကလိုရမ် တို့ပဲဖြစ်ကြပါတယ်။ Picloram 

စီးပွားရေးအရ အောက်ဇင်ကိုအသုံးပြုပုံ

ပင်စည်ကနေ ကိုင်းကူးစိုက်တဲ့အပင်တွေမှာဆိုရင် အမြစ်တွေထွက်ဖို့အတွက်၊ အမြစ်ကြီးထွားညီညာဖို့ အတွက် သုံးကြပါတယ်။

စတော်ဘယ်ရီ၊ ခရမ်းချဉ် စတာတွေမှာ အစေ့လွတ်ဖြစ်အောင်လို့လည်း အောက်ဇင်ကို အသုံးပြုကြပါတယ်။ အောက်ဇင်ကိုပဲသုံးပေးရင်တော့ တခြားမြေဩဇာတွေ မသုံးရတော့ဘူးပေါ့။

Htunn Win Kyaw

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်