အပင်တွေအချင်းချင်း ဘယ်လိုစကားပြောကြတာလဲ?

16/07/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မင်္ဂလာပါ ဦးကြီးတို့ 

    ကျွန်တော်တို့ မြန်မာတွေအယူအဆမှာတော့ အပင်နဲ့ဆိုင်တဲ့ဒဏ္ဍာရီတွေ အများကြီးပါ။ သိပ္ပံဘက်ကချဉ်းကပ်ကြည့်မယ်ဆို လေ့လာစရာတစ်ခု ဖြစ်လာမှာပါ။ ဒါတွေထဲကမှ အပင်တွေစကားပြောတဲ့အကြောင်းကို လေ့လာကြည့်ရအောင်ပါ။

    ကိုယ့်စိုက်ခင်းထဲက အပင်လေးတွေကိုကြည့်ပြီး စကားပြောဖူးကြလား။ သူတို့ကရော ကျွန်တော်တို့ပြောတဲ့စကားကို နားထောင်နေတယ်လို့ ခံစာရတာမျိုး ကြုံဖူးကြလား။ အပင်ကို ရူးရူးမူးမူးချစ်တဲ့ ဥယျာဥ်မှူးတွေကတော့ ခုလိုမျိုးတွေ လုပ်ဖူးကြမှာပါ။

အပင်တွေက တကယ်ပဲ  စကားပြောနိုင်ကြတာလား?

    အပင်တွေမှာ တကယ့်ကို အံ့သြသင့်စရာကောင်းတဲ့ ရှင်သန်နိုင်စွမ်းတွေနဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းတွေ ရှိကြပါတယ်။ အပင်တွေက အလင်းရောင်ရှိမှ ရှင်သန်နိုင်တယ်ဆိုပေမယ့် တစ်ချို့အပင်တွေက ခပ်မှောင်မှောင်နေရာတွေမှာ အချိန်တော်တော်ကြာ ရှင်သန်နိုင်ပါတယ်။ တစ်ချို့ကတော့ အဆိပ်ဟော်မုန်းတွေမရှိပါပဲ တခြားအပင်တွေကို သူ့ဘေးနားကနေ ဖယ်ရှားသွားအောင် လုပ်နိုင်ကြပါတယ်။ ဒီတော့ အပင်တွေအချင်းချင်း ဘယ်လိုနည်းနဲ့ ပြောဆိုဆက်ဆံနေကြသလဲဆိုတာ စဉ်းစားစရာဖြစ်သွားပါပြီ။ "ဟိတ်ကောင် မင်း ငါနဲ့ဝေးဝေးမှာနေ " ဒီလိုပြောပြီးဖယ်ခိုင်းတယ်ဆိုရင် ဘယ်နေရာကနေ စကားပြောနေကြတာပါလဲ??

    အပင်မှာပါတဲ့ တစ်ချို့ အော်ဂဲနစ်ကွန်ပေါင်းတွေ၊ အမြစ်တွေ ဒီလိုအရာတွေက သူတို့အချင်းချင်း အဆက်အသွယ်ရအောင် လုပ်ပေးကြပါတယ်တဲ့ဗျာ။ ဦးကြီးတို့သိပြီးသားဖြစ်ကြတဲ့ အောက်ဇင်လို ဟော်မုန်းတွေလည်း ပါပါတယ်။ အနက်ရောင်သစ်ချပင်မှာပါတဲ့ Juglone လို့ခေါ်တဲ့ အဆိပ်ဟော်မုန်းတစ်မျိုးက တခြားအပင်တွေကို သူနားကိုစုပြုံမလာဖို့ပြောပါတယ်တဲ့။ ကျွန်တော်တို့ လူသားတွေ ခုမှကျင့်သုံးကြတဲ့( social distancing) ခပ်ခွာခွာနေပါဆိုတဲ့ သဘောတရားကို အပင်တွေရဲ့သဘာဝမှာ ဒီလိုဟော်မုန်းတွေနဲ့ အချင်းချင်းပြောထားကြပြီးသားပါတဲ့ဗျာ။ ဟော်မုန်းတစ်ခုကို ထုတ်လွှတ်နေပြီး အနားကပ်မလာဖို့ ပြောနေကြပါတယ်တဲ့ဗျာ။ Sagebrush plant လို့ခေါ်တဲ့ အမွှေးနံ့ရှိတဲ့ ခြုံပုတ်ပင်တစ်မျိုးမှာ သူ့အရွက်ပျက်စီးသွားတဲ့အခါမှာ ပရုတ်အနံထုတ်လွှတ်ပါတယ်။ တစ်ပင်ကထိခိုက်ခံရပြီလို့ ဒီအနံ့နဲ့သိစေပြီး တခြားကောင်းတဲ့အပင်တွေကပါ ပရုတ်နံထုတ်ကြပါတယ်။ ဒီလက္ခဏာကတော့ မျိုးစိတ်တစ်ခုအတွင်းမှာ သူတို့အချင်းချင်း ဆက်သွယ်ကြတဲ့ပုံစံပဲဖြစ်ပါတယ်တဲ့ဗျာ။

အချင်းချင်းရော ဘယ်လို စကားပြောကြလား

     အပင်တွေက သူတို့အမြစ်တွေနဲ့  အချင်းချင်းစကားပြောကြတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သူတို့က သတင်းအချက်အလက်တွေမျှဝေဖို့ မြေအောက်မှာ မှိုတွေရဲ့အကူအညီနဲ့ ကွန်ရက်ကြီးတစ်ခု ဖန်တီးထားကြပါတယ်တဲ့။ ကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ရက်ကြီးလိုပေါ့။ ဒီမြေအောက်မှိုလေးတွေက အပင်ရဲ့အခြေအနေအရပ်ရပ်ကို မျှဝေကြပြီး အဟာရတွေကိုလည်း အနီးနားကအပင်တွေဆီ ပို့ဆောင်မျှဝေတာတွေလုပ်ပါတယ်တဲ့။ အင်းဆက်တွေ အစုလိုက်အပြုံလိုက်ကျတော့မယ်ဆိုရင်တောင်မှ ဒီကွန်ရက်ကြီးကနေ အချင်းချင်း အသိပေးကြပါတယ်တဲ့။ ကဲ….ချစ်စရာမကောင်းဘူးလား။ (ဒါကြောင့် မြေထဲမှာ မှိုလေးတွေနေနိုင်အောင်လုပ်ဖို့ ပြောနေကြတာပါ)

    ဒီလိုသတိပေးချက်မျိုးကို အနီးနားကအပင်တွေက သိလိုက်ပြီဆိုတာနဲ့ အင်းဆက်တွေမကြိုက်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို အပင်တွေက ထုတ်လွှတ်ပါတော့တယ်။ မကြာသေးခင်က လေ့လာတွေ့ရှိမှုတွေအရ အပင်တွေက သတင်းအချက်အလက်တွေမျှဝေတဲ့အခါ လျှပ်စီးကြောင်းတစ်ခုကို ဖြတ်သန်းသွားရတယ်လို့ ပြောပါတယ်။ အပင်တွေစကားပြောကြတဲ့အကြောင်း လေ့လာမှုက ခရီးရှည်ကြီးတစ်ခုပါ။ ဒါပေမယ့် ကွင်းထဲမှာကတော့ အပင်တွေက ဒီလိုဆက်သွယ်နေခဲ့ကြပြီးဖြစ်ပါတယ်။ လူသားတွေက ဒါကို လေ့လာနေကြတုန်းပါ။

ထွန်းရာဇာ

 Ref;https://www.gardeningknowhow.com/garden-how-to/info/can-plants-talk-to-each-other.htm

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်