ဘူး၊ ဖရုံ၊ သခွား၊ ဖရဲ မျိုးနွယ်တွေမှာကျရောက်တဲ့ ဖားဥမှိုရောဂါ (Powdery Mildew)

12/07/2021 13:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ဖားဥမှိုရောဂါက ဘူး၊ ဖရုံမျိုးနွယ်ဝင်လို့ခေါ်တဲ့ ဘူး၊ ဖရုံ၊ သခွား ၊ သခွားမွှေး၊ ဖရဲ၊ ခဝဲ တို့မှာအဓိကကျရောက်တတ်ပြီး ခရမ်းမျိုးနွယ်ဝင်၊ ပဲမျိုးနွယ်ဝင်တွေမှာလည်း ကျရောက်တတ်ပါသေးတယ်။ ဖားဥမှိုရောဂါကျရောက်ရင် အရွက်တွေမှာ ပေါင်ဒါမှုန့်ဖြူးထားသလိုဖြစ်စေပြီး အရွက်တွေသေသွားကာ အသီးအရည်အသွေးညံ့၍ အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

ဖားဥမှိုရောဂါလက္ခာဏာများ

- ရောဂါဖြစ်ခါစမှာဆိုရင် အရွက်တွေမှာ အဝါဖျော့ရောင် အစက်ပြောက်လေးတွေ ပေါ်လာပါမယ်။

- တဖြည်းဖြည်းနဲ့ အရွက်တွေရဲ့ အပေါ်နဲ့အောက်မျက်နှာပြင်နှစ်ခုစလုံးမှာ အဖြူရောင်အစက်ပြောက်ကလေးတွေပေါ်လာမယ်။ ရောဂါရင့်လာတဲ့အခါမှာတော့ အရွက်တစ်ခုလုံးအဖြူရောင်အကွက်ကြီးဖြစ်သွားပြီး ရွက်ညှာ၊ ရိုးတံတွေပါ အဖြူရောင်ဖြစ်သွားစေပါတယ်။

- တချို့အရွက်တွေက အဝါရောင်ပြောင်းကာ တွန့်လိမ်ခြောက်သွေ့နေတတ်ပါတယ်။

- ဖားဥမှိုရောဂါက အရွက်တွေကို အဓိကတိုက်ခိုက်တာဖြစ်လို့ အပင်ကအားနည်းလာပြီး အသီးတွေ အရွယ်မရောက်ခင် ရင့်မှည့်နေစေပါတယ်။ 

ရောဂါဖြစ်စေတတ်သော အခြေအနေများ

- ဖားဥမှိုရောဂါက ပူအိုက်စိုစွတ်တဲ့အခြေအနေကို ကြိုက်နှစ်သက်ပြီး ရောဂါစတင်ဖြစ်ပွားကာ ခြောက်သွေ့သွားတဲ့အချိန်မှာတော့ မှိုမျှင်တွေဖွဲ့စည်းသွားပြီး ရောဂါပျံ့နှံစေပါတယ်။

- ရောဂါလက္ခဏာက နွေအလယ်ပိုင်းနဲ့ မိုးဦးပိုင်းတွေမှာ စတင်ပေါ်လာပြီး ရင့်တဲ့အရွက်တွေမှာ အရင်ဖြစ်စေပါတယ်။ မှိုစပိုးတွေက လေဖြင့်ပျံ့လွင့်နိုင်တဲ့ မှိုရောဂါတစ်မျိုးပါ။

- ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်အခြေနေမှာဆိုရင် ရောဂါလျှင်မြန်စွာပျံ့နှံစေပြီး အရွက်အားလုံးကို ကူးစက်သွားစေပါတယ်။

- ဘူး၊ ဖရုံမျိုးနွယ်ဝင်တွေမှာ ပေါင်းပင်တွေထူထပ်နေရင်၊ အရိပ်ကျနေရင်၊ မြေဩဇာကျွေးတာများရင် ဒီဖားဥမှိုရောဂါ ကျရောက်စေတတ်ပါတယ်။

    ဖားဥမှိုရောဂါကျရောက်ပြီဆိုရင် အရွက်ပေါ်မှာ အဖြူကွက်ကြီးဖြစ်ပြီးခြောက်သွားမယ်၊ အသီးတွေ အရွယ်မရောက်ခင်မှည့်စေပြီး အရည်သွေးညံ့ကာ အထွက်နှုန်းကို များစွာထိခိုက်စေပါတယ်။

ကာကွယ်နှမ်နင်းနည်းလမ်းများ

- ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးစိုက်ပေးသင့်ပါတယ်။

- နိုက်ထရိုဂျင်ပါတဲ့ မြေဩဇာ အလွန်အကျွံခြင်းကို ရှောင်ကျဉ်ရပါမယ်။

- အဓိကကတော့ ပေါင်းမြက်တွေကို ပုံမှန်ရှင်းပေးပြီး အပင်တွေကို လေဝင်လေထွက်ကောင်းအောင်၊ နေရောင်ရအောင် လုပ်ပေးရပါမယ်။

- အရွက်တွေပေါ်မှာ အစက်ပြောက်ကလေးတွေ စတွေ့ပြီဆိုရင် ဆာလ်ဖာပါတဲ့မှိုသတ်ဆေးတွေကို အရွက်ရဲ့အပေါ်နဲ့ အောက်မျက်နှာပြင်တွေကို ဖြန်းပေးသင့်ပါတယ်။

- ဆာလ်ဖာ( Sulphur)၊ ကလိုရိုသာလိုနေး(Chlorothalonil)၊ သိုင်အိုဖနိတ်မီသိုင်း(Thiophanate)၊ ကာဗန်ဒိုင်ဇင်(Carbendazim) စသောဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်းဖြန်းပေးသင့်ပါတယ်။

Ref; https://extension.umn.edu/diseases/powdery-mildew-cucurbits

https://www.gardeningknowhow.com/plant-problems/disease/treating-powdery-mildew-on-cucurbits.htm


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်