ဘူး၊ ဖရုံ၊ သခွား၊ ဖရဲ မျိုးနွယ်တွေမှာကျရောက်တဲ့ ဖားဥမှိုရောဂါ (Powdery Mildew)

12/07/2021 13:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ဖားဥမှိုရောဂါက ဘူး၊ ဖရုံမျိုးနွယ်ဝင်လို့ခေါ်တဲ့ ဘူး၊ ဖရုံ၊ သခွား ၊ သခွားမွှေး၊ ဖရဲ၊ ခဝဲ တို့မှာအဓိကကျရောက်တတ်ပြီး ခရမ်းမျိုးနွယ်ဝင်၊ ပဲမျိုးနွယ်ဝင်တွေမှာလည်း ကျရောက်တတ်ပါသေးတယ်။ ဖားဥမှိုရောဂါကျရောက်ရင် အရွက်တွေမှာ ပေါင်ဒါမှုန့်ဖြူးထားသလိုဖြစ်စေပြီး အရွက်တွေသေသွားကာ အသီးအရည်အသွေးညံ့၍ အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

ဖားဥမှိုရောဂါလက္ခာဏာများ

- ရောဂါဖြစ်ခါစမှာဆိုရင် အရွက်တွေမှာ အဝါဖျော့ရောင် အစက်ပြောက်လေးတွေ ပေါ်လာပါမယ်။

- တဖြည်းဖြည်းနဲ့ အရွက်တွေရဲ့ အပေါ်နဲ့အောက်မျက်နှာပြင်နှစ်ခုစလုံးမှာ အဖြူရောင်အစက်ပြောက်ကလေးတွေပေါ်လာမယ်။ ရောဂါရင့်လာတဲ့အခါမှာတော့ အရွက်တစ်ခုလုံးအဖြူရောင်အကွက်ကြီးဖြစ်သွားပြီး ရွက်ညှာ၊ ရိုးတံတွေပါ အဖြူရောင်ဖြစ်သွားစေပါတယ်။

- တချို့အရွက်တွေက အဝါရောင်ပြောင်းကာ တွန့်လိမ်ခြောက်သွေ့နေတတ်ပါတယ်။

- ဖားဥမှိုရောဂါက အရွက်တွေကို အဓိကတိုက်ခိုက်တာဖြစ်လို့ အပင်ကအားနည်းလာပြီး အသီးတွေ အရွယ်မရောက်ခင် ရင့်မှည့်နေစေပါတယ်။ 

ရောဂါဖြစ်စေတတ်သော အခြေအနေများ

- ဖားဥမှိုရောဂါက ပူအိုက်စိုစွတ်တဲ့အခြေအနေကို ကြိုက်နှစ်သက်ပြီး ရောဂါစတင်ဖြစ်ပွားကာ ခြောက်သွေ့သွားတဲ့အချိန်မှာတော့ မှိုမျှင်တွေဖွဲ့စည်းသွားပြီး ရောဂါပျံ့နှံစေပါတယ်။

- ရောဂါလက္ခဏာက နွေအလယ်ပိုင်းနဲ့ မိုးဦးပိုင်းတွေမှာ စတင်ပေါ်လာပြီး ရင့်တဲ့အရွက်တွေမှာ အရင်ဖြစ်စေပါတယ်။ မှိုစပိုးတွေက လေဖြင့်ပျံ့လွင့်နိုင်တဲ့ မှိုရောဂါတစ်မျိုးပါ။

- ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်အခြေနေမှာဆိုရင် ရောဂါလျှင်မြန်စွာပျံ့နှံစေပြီး အရွက်အားလုံးကို ကူးစက်သွားစေပါတယ်။

- ဘူး၊ ဖရုံမျိုးနွယ်ဝင်တွေမှာ ပေါင်းပင်တွေထူထပ်နေရင်၊ အရိပ်ကျနေရင်၊ မြေဩဇာကျွေးတာများရင် ဒီဖားဥမှိုရောဂါ ကျရောက်စေတတ်ပါတယ်။

    ဖားဥမှိုရောဂါကျရောက်ပြီဆိုရင် အရွက်ပေါ်မှာ အဖြူကွက်ကြီးဖြစ်ပြီးခြောက်သွားမယ်၊ အသီးတွေ အရွယ်မရောက်ခင်မှည့်စေပြီး အရည်သွေးညံ့ကာ အထွက်နှုန်းကို များစွာထိခိုက်စေပါတယ်။

ကာကွယ်နှမ်နင်းနည်းလမ်းများ

- ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးစိုက်ပေးသင့်ပါတယ်။

- နိုက်ထရိုဂျင်ပါတဲ့ မြေဩဇာ အလွန်အကျွံခြင်းကို ရှောင်ကျဉ်ရပါမယ်။

- အဓိကကတော့ ပေါင်းမြက်တွေကို ပုံမှန်ရှင်းပေးပြီး အပင်တွေကို လေဝင်လေထွက်ကောင်းအောင်၊ နေရောင်ရအောင် လုပ်ပေးရပါမယ်။

- အရွက်တွေပေါ်မှာ အစက်ပြောက်ကလေးတွေ စတွေ့ပြီဆိုရင် ဆာလ်ဖာပါတဲ့မှိုသတ်ဆေးတွေကို အရွက်ရဲ့အပေါ်နဲ့ အောက်မျက်နှာပြင်တွေကို ဖြန်းပေးသင့်ပါတယ်။

- ဆာလ်ဖာ( Sulphur)၊ ကလိုရိုသာလိုနေး(Chlorothalonil)၊ သိုင်အိုဖနိတ်မီသိုင်း(Thiophanate)၊ ကာဗန်ဒိုင်ဇင်(Carbendazim) စသောဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်းဖြန်းပေးသင့်ပါတယ်။

Ref; https://extension.umn.edu/diseases/powdery-mildew-cucurbits

https://www.gardeningknowhow.com/plant-problems/disease/treating-powdery-mildew-on-cucurbits.htm


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်