ကြံမြှုပ်ချေးအခြေခံမြေဆွေး အသုံးပြုပုံနှင့် အကျိုးကျေးဇူးများ

21/01/2022 13:30 PM တွင် ငွေရွက်ရှိန် ငွေရွက်ရှိန် မှ ရေးသား

   သကြားစက်ရုံမှ စွန့်ပစ်စုပုံထားသော ကြံမြှုပ်ချေးတွင် နိုက်ထရိုဂျင် ၁.၄% ဖော့စဖောရပ်စ် ၂.၃%, ပိုတက်စီယမ် ၀.၇၇% ကယ်လဆီယမ် ၃.၅၇% ဆာလဖာ ၀.၃% ဩဂဲနစ်ပစ္စည်း ၀.၄၈% ခြောက်သွေ့ပြီး နောက်ဆုံးလက်ကျန် ရေဓတ် ၁၂.၂၁ နှင့် အခြား သံဓတ်၊ ကော့ပါး၊ ဇင့်၊ မန်းဂနိစ့် များအနည်းငယ်ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ (Source: Myint Than – Sugar Tech)

    သကြားကြိတ်ဝါး ချက်လုပ်ရာတွင် ကြံတန် ၁၀၀ ကြိတ်ဝါးချက်လုပ်တိုင်း ကြံမြှုပ်ချေး ၃ တန်ခန့်ထွက်ရှိပါသည်။ နှစ်စဉ်ကြံမြှုပ်ချေး တန်ချိန်ထောင်ပေါင်းများစွာ ပြည်တွင်သကြားစက်ရုံများမှထုတ်လုပ်လျှက်ရှိပါသည်။ သကြားစက်ရုံများနှင့် ချိတ်ဆက်ရယူပြီး တိုင်းနှင့် ပြည်နယ်ရှိ ဌာနဆိုင်ရာများ အကူအညီဖြင့် အီးအမ်ဘိုကာချီ စနစ်တကျ ပြုလုပ်သုံးစွဲကြပါရန် တိုက်တွန်းအပ်ပါသည်။

   ကြံမြှုပ်ချေးကို အဏုဇီဝနည်း (Bio-processing of Pressmud for organic manure) ဖြင့်ဆွေးမြေ့စေပြီး မြေဆီလွှာအာဟာရအဖြစ် အသုံးပြုနိုင်ပါသည်။ ဤနည်းဆောင်ရွက်ရာတွင် ကြံမြှုပ်ချေးပုံအား စနစ်တကျ အတန်းလိုက်ဘောင်ပုံ (Windows) ပြုလုပ်ပြီး အပူချိန်၊ ရေငွေ့ပါဝင်မှု၊ အောက်ဆီဂျင် လုံလောက်စွာရရှိမှု (လေဝင်လေထွက် ကောင်းခြင်း) တို့ကိုထိန်းညှိပြီး  (Activated EM 1 Solution) ထည့်သွင်း အသုံးပြုခြင်းဖြစ်ပါသည်။ အလားတူ သကြားစက်ရုံစွန့်ပစ်ရည် waste water အသုံးပြု၍လည်းကောင်း ၊တီကောင် (Red worm) အသုံးပြု၍ Vermicomposting နည်းဖြင့်လည်းကောင်း သုံးစွဲနိုင်ပါသည်။

ကြံမြှုပ်ချေး မြေဆွေးသုံးစွဲခြင်းဖြင့် ပြန်လည်ရရှိနိုင်သော အကျိုးကျေးဇူးများအနေဖြင့် 

(၁) သီးနှံပင်အတွက် အဓိကအပင်အဟာရဖြစ်သော N, P, K နှင့် မန်ဂနီဆီယမ်, ကယ်လစီယမ် အနည်းလိုအဟာရ ဇင့်၊ မန်းဂနိစ့်၊ ကော့ပါး၊ အိုင်းရွန်း (Zn, Mn, Cu, Fe) 30–50% ပါရှိသောကြောင့် ဓါတ်မြေဩဇာ အသုံးစရိတ် 15.20% ထိလျှော့ချနိုင်ပါသည်။

(၂) မြေဆွေး (Compost) တွင် ပါဝင်သော (Fibrous Matter) အမျှင်ဓတ်များကြောင့် မြေဆီလွှာ အတွင်း ရေကိုကြာရှည်စွာ စုပ်ယူထိန်းသိမ်းထားနိုင်ပါသည်။

(၃) မြေဆီလွှာ အစိုင်အခဲ ပိုမိုတိုးတက်ကောင်းမွန်လာခြင်း၊ ထွန်ယက်စိုက်ပျိုးရာတွင် လွယ်ကူခြင်း၊ မြေဆီလွှာလေဝင်လေထွက်ကောင်းပြီး အဏုဇီဝသက်ရှိများ တိုးတက်ပွားများစေခြင်း

(၄) အကျိုးပြုအဏုဇီဝ သက်ရှိများကြောင့် မြေဆီလွှာတွင် ထည့်သွင်းပေးသော အဟာရဓါတ်များ ပျော်ဝင်စေပြီး အမြစ်များမှ လွယ်ကူစွာ စုပ်ယူစားသုံးနိုင်ခြင်း

(၅) အဏုဇီဝသက်ရှိ အချို့မှထုတ်လုပ်သည့် အင်ဇိုင်းဟော်မုန်း၊ အမိုင်နိုအက်ဆစ်နှင့် ဩဂဲနစ်အက်ဆစ်များသည် ရေသောက်အမြစ်၊ ဘေးအမြစ်မွှေးများ လျှင်မြန်စွာ တိုးတက်ကြီးထွားစေပါသည်။

(၆) မြေဆွေး (Compost) တွင်ပါဝင်သော ဓါတုပစ္စည်းများအနက် အချို့သည် ပေါင်းမျိုးစေ့ အညှောင့်ပေါက်ခြင်းနှင့်ပေါင်းပင်များကိုပျက်စီးစေသည်။ သီးနှံမစိုက်ပျိုးမီ စောစီးစွာထည့်သွင်းပါက ပိုမိုထိရောက်ပါသည်။

(၇) မြေဆီလွှာတိုးတက်ကောင်းမွန်စေရန် တစ်ဧကအတွက် နောက်ချေးမြေဆွေး ၁-၁၅ တန်လိုအပ်ချိန် ကြံမြှုပ်ချေးမြေဆွေး ၁-၂ တန်သာလိုအပ်သဖြင့် များစွာသက်သာစေပါသည်။

References: U Ban Shein( Sugarcane Technician)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်