အဖူးကူးခြင်းနှင့် ကိုင်းဆက်ခြင်းကို အဟန့်အတားဖြစ်စေသော အချက်များ

01/10/2018 16:02 PM တွင် ရီဆွေအေး ရီဆွေအေး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီနည်းလမ်းကို စေ့ရွက်စုံပင်အုပ်စုများနဲ့ ဂမီဆောင်ပင်အုပ်စုများမှာ အများဆုံးပြုလုပ်နိုင်ပါတယ်။ အောင်မြင်တဲ့ ကိုင်းကူး/ ကိုင်းဆက်ပင်တစ်ခု ဖြစ်ဖို့အတွက်ဆိုရင် အောက်ခံပင်ရဲ့ အစာရေကြောစည်းများပါတဲ့ အသားတိုးလွှားနဲ့ အပေါ်ကိုင်းရဲ့ အစာရေကြောစည်းပါတဲ့ အသားတိုးလွှာ နှစ်ခုတို့ဟာ တစ်နေရာရာမှာ အောင်မြင်စွာ တွဲဆက်သွားဖို့ လိုအပ်ပါတယ်။ စေ့ရွက်ထီးပင်များမှာတော့ အစာရေကြောစည်းမပါတဲ့အတွက် ကိုင်းကူးကိုင်းဆက်ပြုလုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ။ ဥပမာ ပြောင်းပင်၊ အုန်းပင်။

အဖူးမြှုပ်ခြင်းနဲ့ ကိုင်းကူးကိုင်းဆက်ခြင်းအောင်မြင်စေဖို့ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။

(က) ကလုန်းပင် အချင်းချင်း ကိုင်းဆက်ခြင်း(Grafting within a Clone) ။   ။ အောက်ခံပင်ရော အပေါ်ကိုင်းရောဟာ မိခင်ပင်တစ်ခုတည်းကနေ ရယူကိုင်းဆက်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ နိုင်ငံခြားနှင်းဆီပင်များမှာ လှပဝေဆာတဲ့ အပင်အဝန်းအဝိုင်းပုံစံရအောင် ဒီနည်းကို သုံးတာတွေ့နိုင်ပါတယ်။

(ခ) ကလုန်းပင်တစ်ခုနဲ့ တစ်ခုကိုင်းဆက်ခြင်း (Grafting between Clones with a species) ။   ။ တူညီတဲ့ မျိုးစိတ်တစ်ခုကနေ ရယူထားတဲ့ ကလုန်းပင်များကနေ ထွက်လာတဲ့ ကိုင်းများကို ဆက်ပေးနိုင်ပါတယ်။ သစ်သီးပင်များနဲ့ အခွံမာအက်ကွဲသီးပင်များမှာ လုပ်နိုင်ပါတယ်။

(ဂ) မျိုးစိတ်တူ-မျိုးနွယ်တူ အပင်ချင်း ကိုင်းဆက်ခြင်း(Grafting between Species within a Genus) ။   ။ ဒီနည်းလမ်းမှာ အချို့အပင်များမှာတော့ အောင်မြင်တတ်ပြီး အချို့လည်း မအောင်မြင်တာကို တွေ့ရတတ်ပါတယ်။ ရှောက်သံပုရာအုပ်စု၊ မက်မွန်သီးအုပ်စု၊ ဗန်ဒါပင်အုပ်စု၊ ဇီးသီးအုပ်စုများမှာ တွေ့နိုင်ပါတယ်။ အမြစ်ထွက်သန်တဲ့ ရှောက်သံပုရာမျိုးရင်းကို အောက်ခံပင် အဖြစ် စိုက်ပျိုးထားပြီး အပေါ်ကိုင်းကိုတော့ တန်ဖိုးရှိပြီး လှပရှားပါးတဲ့ လိမ္မော်မျိုး၊ ကျွဲကောမျိုးများကို စိုက်ပျိုးကြတာ တွေ့နိုင်ပါတယ်။

(ဃ) မျိုးရင်းတူ-မျိုးနွယ်တူ အပင်ချင်း ကိုင်းဆက်ခြင်း (Grafting between Genera within Family)။   ။ မြေဆောင်ရောဂါများ၊ မြေအောင်းပိုးမွှားများကို ခံနိုင်ရည်ရှိစေဖို့နဲ့ အခြားသော ပြင်းထန်သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်း၊ အာလူးစတဲ့ အပင်များမှာ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။ ရှောက်သံပုရာပင်များမှာလည်း အမြစ်ထွက်သန်ဖို့ ရည်ရွယ်ချက်နဲ့ ဒေသမျိုးကို အောက်ခံပင်အဖြစ်ထားကာ အဖိုးတန်မျိုးကို အပေါ်ကိုင်းအနေနဲ့ ထားရှိကာ ကိုင်းဆက်အောင်မြင်တာ တွေ့ရပါတယ်။

ရီဆွေအေး (၂၀၀၈ BAg)

   


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်