ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းကြောင့် ငါးများတွင် ဆေးယဉ်ပါးရောဂါဖြစ်ပွားနိုင်၍ ယင်းမွေးမြူရေးစနစ်ကို ပြန်လည်သုံးသပ်ရန် အစိုးရထံတင်ပြမည်

21/05/2019 15:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းကြောင့် ငါးများတွင် ဆေးယဉ်ပါးရောဂါဖြစ်ပွားနိုင်သလို စားသုံးသူများအားလည်း ယင်းရောဂါကူးစက်နိုင်သဖြင့် ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်သည့် ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးစနစ်ကို ပြန်လည်သုံးသပ်ပေးရန် အစိုးရသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငါးမွေးမြူရေးကန်များတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးစနစ်သည် ပြည်တွင်းငါးလုပ်ငန်းကဏ္ဍကို ထိခိုက်လာနိုင်သည့်အပြင် ပြည်ပ ရေထွက်ပို့ကုန်လုပ်ငန်းများတွင်လည်း ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်သည့်အတွက် ဖျက်သိမ်းပေးရန် အစိုးရသို့ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

"ကျွန်မတို့ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို တကယ်ပဲ ထိခိုက်လာနိုင်တယ်။ ကြက်နဲ့ ဝက်မွေးမြူတာကို နိုင်ငံတော်တော်များများက လက်မခံပါဘူး။ ကျွန်မသိရသလောက် ဒီလိုမွေးမြူတဲ့သူ ၈၀ ရာခိုင် နှုန်းကျော်က နိုင်ငံခြားသားတွေဖြစ်တယ်။ ဒါဆိုရင် ကျွန်မတို့ MIC ကို စာတင်ရတော့မယ်။ ဒါကို ဘယ်သူရဲ့ ဆုံးဖြတ်ချက်၊ ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ လုပ်သလဲ။ MIC ခွင့်ပြုချက်ယူသလား။ ဒါမှမဟုတ် တရားမဝင် ဒီအတိုင်းပဲ လုပ်သလား။ ကျွန်မတို့ သိရသလောက် ငါးမွေးမယ်ဆိုရင် ငါးမွေးကန်လိုင်စင်ပဲရတယ်။ ကြက်မွေးမြူရေးလိုင်စင် ထုတ်မပေးဘူးလို့ သဘောပေါက်တယ်။ အဲ့ဒါကြောင့် သူတို့ဆီမှာ ကန့်သတ်ပြီးတော့ ကျွန်မတို့ဆီမှာ ဘာရည်ရွယ်ချက်တွေနဲ့ လာလုပ်နေသလဲ။ ကျွန်မတို့ကို ထိခိုက်နစ်နာအောင် လုပ်နေတာလားဆိုတဲ့အချက်ကို ပြန်သုံးသပ်ရမှာပါ။ အဲ့ဒါကို ဒုသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံပွဲမှာ တင်ပြမှာပါ။ ရေလုပ်ငန်းအတွက် အရမ်းအဟန့်အတားဖြစ်တာကြောင့် ဘယ်သူနဲ့တိုက်ရတိုက်ရ တိုက်ပြီးဖျက်မယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင် က ပြောသည်။ 

တရုတ်နိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ကြက်နှင့်ငါး တွဲဖက်မွေးမြူခြင်းကို လုံးဝမမွေးသင့်ဟုဆိုကာ ဥပဒေထုတ်၍ ကန့်သတ်ထားမှုများရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း၌ ကြက်နှင့်ငါးတွဲဖက်မွေးမြူခြင်းကို ငါးကန်များပေါ်တွင် ကြက်ခြံများ အခိုင်အမာတည်ဆောက်၍ လုပ်ကိုင်လာကြောင်း သိရသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (MPEA) အနေဖြင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဓါတုဓါတ်ကြွင်းရှိမရှိကို ဓါတ်ခွဲစစ်ဆေးရန်အတွက် ပြည်တွင်းဓါတ်ခွဲခန်းဖြင့် လုံလာက်မှုမရှိသဖြင့် ပြည်ပဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရခြင်းကြောင့် တစ်နှစ်လျှင် သိန်းပေါင်း ၂၄၀၀ အကုန်အကျခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

"ကြက်မစင်ကို စားသောက်မီတဲ့ငါးက ဆေးယဉ်ပါးရောဂါ ဖြစ်နိုင်သလို အဲ့ဒီငါးကို စားသုံးမိတဲ့လူတွေကလည်း ဆေးယဉ်ပါးရောဂါဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောတယ်။" ဟု ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။ 

မြန်မာ့ရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာတွင် အခက်အခဲ မရှိစေရေးအတွက် ပြည် တွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (GAqP) စနစ်ကို ကျင့်သုံးမွေးမြူထုတ်လုပ်ရန် လိုအပ်သလို ကြက်နှင့် ငါးတွဲဖက်မွေးမြူရေးစနစ်မှာ GAqP စနစ်နှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။ 

ယင်းမွေးမြူရေးစနစ်ဖြင့် မွေးမြူသော ငါးများသည် အနံ့၊ အရသာနှင့် ပြည့်စုံမှုမရှိခြင်း၊ အသားမကောင်းသည့်အပြင် ရောဂါပိုးများ ကပ်ငြိပါရှိလာနိုင်သောကြောင့် ဈေးကွက်အတွင်း ရောင်းချရာ၌ အခက်အခဲဖြစ်စေနိုင်ကြောင်း သိရသည်။ 

"ကြက်နဲ့ငါး တွဲဖက်မွေးမြူတာက ဘယ်လိုရောဂါဖြစ်နိုင်လဲဆိုရင် ပညာရှင်တွေရဲ့ ဟောပြောဆွေးနွေးမှုတွေအရ သိရတာက ကြက်ရဲ့ အူလမ်းကြောင်းမှာ ဆေးယဉ်ပါးတဲ့ရောဂါပိုး ဖြစ်သွားနိုင်တယ်။ အူလမ်းကြောင်းကနေ စွန့်ပစ်တဲ့ ကြက်မစင်မှာ ဒီရောဂါပိုးပါသွားနိုင်ပြီး အဲ့မစင်ကို ကြက်ခြံအောက်မှာရှိတဲ့ ငါးကန်ထဲကငါးတွေ စားရင် အဲ့ငါးကလည်း ဆေးယဉ်ပါးနိုင်တဲ့အတွက် ဒီငါးကို လူစားမိရင် လူကိုပါ ကူးနိုင်ပါတယ်။" ဟု ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးနေစိုးက ပြောသည်။ 

ယင်းကြက်နှင့်ငါး တွဲဖက်မွေးမြူခြင်းစနစ်ကို ဖျက်သိမ်းရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အမိန့်ညွှန်ကြားချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ 

"ဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ်တွေက ဆုံးဖြတ်လို့မရဘူး။ ပြည်ထောင်စုကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆုံးဖြတ်ပေးသွားမှာပါ။ တစ်နိုင်ငံလုံးမှာ တစ်အားပျံ့ပြီးတော့ များသွားပါပြီ။ ဒါကို သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ဆောင်ရွက်ရပါမယ်။ ပြည်ထောင်စုက အမိန့်ညွှန်ကြားချက်ပေါ်မူတည်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်သွားပါမယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှဝင်းက ပြော သည်။ 

ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းအတွက် အရေးကြီးသော GAqP စနစ်ကို ငါးမွေးမြူရေးကန်များတွင် ကျင့်သုံးဆောင်ရွက်နိုင်ရန် GIZ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်