"မြေအောင်းအဏုဇီဝသက်ရှိတွေက ဘယ်လိုလုပ်ဆောင်ပေးလဲ"
ဦကြီးတို့ရေ စိုက်ပျိုးရေးမှာ သီးနှံအရည်အသွေးနဲ့ အထွက်နှုန်းကို ထိခိုက်စေတဲ့ ဖျက်ပိုးတွေ အမျာကြီးရှိပြီး ၎င်းတို့ကိုကာကွယ်ဟန့်တားပေးမယ့် အကျိုးပြုပိုးတွေလည်း ရှိပါတယ်နော်။ ကျွန်တော်မျှဝေလိုတဲ့ အကြောင်းအရာလေးကတော့ မြေအောက်မှာရှိတဲ့ အကျိုးပြုသက်ရှိတွေအကြောင်း ဖြစ်ပါတယ်။ အပင်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တဲ့ အမြစ်အဖွဲ့အစည်း ကောင်းမွန်စွာရှင်သန်နိုင်ဖို့ ဒီသက်ရှိလေးတွေကနေ များစွာ အထောက်အကူရရှိစေပါတယ်။
မြေကြီးရဲ့ အပေါ်ယံမျက်နှာပြင် လက်ဖက်စားဇွန်းတစ်ဇွန်းမှာပင် သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှား ဆဲလ်ပေါင်း ၁ ဘီလီယံခန့်ရှိပြီး မတူညီတဲ့မျိုးစိတ်ပေါင်း တစ်သောင်းနီးပါးခန့် ရှိပါတယ်။
ဒီသက်ရှိလေးတွေက အပင်တွေအတွက် လိုအပ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ သီးနှံတွေ ကောင်းမွန်စွာကြီးထွားနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့နည်းစေခြင်း၊ သီးနှံအတွင်းကာဗွန်သိုလှောင်မှုကို ထိန်းသိမ်းပေးခြင်း၊ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များဖြစ်သော မီသိန်းနှင့် နိုက်ထရိုပ်ဓာတ်ငွေ့များကို အသုံးပြုနိုင်ခြင်း တို့ကိုလုပ်ဆောင်ပေးပါတယ်။
အပင်တွေကြီးထွားဖို့ မြေသြဇာအသုံးပြုရာမှာ အသုံးပြုတဲ့မြေသြဇာရဲ့ ၄၀ရာခိုင်နှုန်း ၅၀ရာခိုင်နှုန်းကိုသာ အပင်ကရရှိပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ရေသွင်းရေထုတ် လုပ်ခြင်းကြောင့် မြေသြဇာများ ရေနဲ့မျောပါသွားခြင်း၊ အပူချိန်ကြောင့် ရေငွေ့ပြန်သွားခြင်း တို့ကြောင့် ဖြစ်ပါတယ်။ မြေကြီးထဲမှာရှိတဲ့ သဘာဝမြေသြဇာနဲ့ မြေအောင်းသက်ရှိတွေဟာ အပင်တွေအတွက် လိုအပ်တဲ့ အာဟာရတွေရရှိစေရန် အတူတကွ လုပ်ဆောင်ပေးပါတယ်။ ဒီသက်ရှိလေးတွေဟာ အပင်တွေရဲ့ အမြစ်ကြီးထွားစေရန်လိုအပ်တဲ့ အစာအာဟာရကို ၃၀ရာခိုင်နှုန်းနှင့် အထက် အပင်တွေအသုံးပြုနိုင်ရန် ထောက်ပံ့ပေးနိုင်ပါတယ်။
မတူညီတဲ့မြေအောင်းအဏုဇီဝသက်ရှိ(၅)မျိုးရှိပါတယ်။
(၁) ဘက်တီးရီးယား (၂) အက်တီနိုမိုင်းစီ့ (၃)ပရိုတိုဇိုးဝါး (၄) နီမတုတ် တို့ပဲဖြစ်ပါတယ်။ ဒီသက်ရှိလေးတွေဟာ မြေဆီလွှာကောင်းမွန်စေရန်နှင့် အပင်များ ကောင်းမွန်စွာ ရှင်သန်နိုင်ရန် လုပ်ဆောင်ပေးနိုင်ကြပါတယ်။
ဘက်တီးရီးယား
ဘက်တီးရီးယားတွေဟာ မြေကြီးအတွက် အလွန်အရေးပါတဲ့ လုပ်သားတွေပဲဖြစ်ပါတယ်။ ၎င်းတို့ဟာ အပင်တွေအတွက် လိုအပ်တဲ့ အစာအာဟာရတွေကို ရရှိစေရန်နဲ့ အမြစ်များအတွင်းသို့ အစာအာဟာရတွေရရှိစေရန် ထောက်ပံ့ပေးနိုင်ပါတယ်။ Food and Agriculture Organization အဆိုအရ “ မြေကြီးအတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ တန်ဖိုးရှိတဲ့ သက်ရှိအဖွဲ့အစည်းဖြစ်ပါတယ်”
အက်တီနိုမိုင်းစီ့
အက်တီနိုမိုင်းစီ့ ဆိုတာကတော့ မှိုမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ တစ်ခြားသက်ရှိတွေလိုပဲလုပ်ဆောင်ချက်ချင်းကတော့ တူပါတယ်။ ဒီသက်ရှိတွေရဲ့ထူးခြားချက်က အပင်တွေအတွက် အကျိုးပြုတဲ့သက်ရှိတွေရှိသလို တစ်ချို့သောသက်ရှိတွေကတော့ အပင်ရဲ့ကြီးထွားမှု (သို့မဟုတ်) အစာရေကြောအဖွဲ့အစည်းကိုထိခိုက်စေနိုင်ပါတယ်။
မှို
ဘက်တီးရီးယားတွေနဲ့ လုပ်ဆောင်ချက်ချင်းတူညီပါတယ်။ မှိုတွေကတော့ အမြစ်ရဲ့ အစိတ်အပိုင်းတွေထဲမှာနေကြပါတယ်။ ဒါပြင် အပင်တွေအတွက်လိုအပ်တဲ့ အာဟာရတွေကိုလဲ လုပ်ဆောင်ပေးပါတယ်။ ဥပမာ မိုက်ကိုရိုက်ဇေးမှိုဟာ အမြစ်အတွက်လိုအပ်တဲ့ ရေနဲ့ အာဟာရတွေကို ရရှိရန်ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပြင် အပင်တွေအတွက် လိုအပ်တဲ့ သကြားဓာတ်၊ အမိုင်နိုအက်ဆစ် နှင့် တစ်ခြားသောအာဟာရတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါသေးတယ်။
နီမတုတ်
နီမတုတ်ဆိုတာကတော့ သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့ သံကောင်(သို့မဟုတ်)တုတ်ကောင် ပုံစံဖြစ်ပြီးတော့ အပင်ရဲ့အမြစ်အတွင်းနဲ့ ဘေးပတ်ပတ်လည်မှာ ရှင်သန်နေထိုင်ကြပါတယ်။ အပင်တွေကို ထိခိုက်စေတဲ့ နီမတုတ်တွေရှိသလို အကျိုးပြုတဲ့နီမတုတ်တွေလဲ ရှိပါတယ်။ အကျိုးပြုနီမတုတ်တွေဟာ ရောဂါဖြစ်စေတဲ့ နီမတုတ်တွေစားသုံးခြင်းနှင့် အပင်တွေရဲ့ အာဟာရရရှိမှုကို ထောက်ပံ့ပေးနိုင်တဲ့ သားရဲနီမတုတ်တွေ ဖြစ်ပါတယ်။
အထက်ပါသက်ရှိလေးတွေဟာ ဦးကြီးတို့စိုက်ကွင်းလေးတွေမှာ ရှိနေတာမို့ အပင်တွေ ကောင်းမွန်စွာကြီးထွားနိုင်ဖို့ အထောက်ကူပေးနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ လျော့သုံးခြင်း၊ ရေသွင်းရေထုတ်ကောင်းမွန်စွာ ပြုလုပ်ပေးခြင်း၊ မြေကြီးရဲ့လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းဖြင့် ဒီမြေအောင်းအဏုဇီဝသက်ရှိတွေကို ထိန်းသိမ်းခြင်းဖြင့် သီးနှံများအရည်အသွေးပြည့်ဝပြီး အထွက်နှုန်းကောင်းစေမှာပဲဖြစ်ပါတယ်။ တောင်သူဦးကြီးတွေအတွက် အကျိုးရှိစေရန် ရည်ရွယ်လျက်...
လင်းလင်းထွန်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
မြေပဲရက်၄၀သါးမှာ ဂျစ်ပဆန် မြေသြဇာမှုန့်ပက်ချင်လို့ ပက်တဲ့အခါရွက်ပေါ်တင်ရင် လောင်နိုင်လားခင်ဗျ တဧက ဘယ်နှစ်kgသုံးပေးရမလဲ။
Messi • ဖြေကြားချက် 1 ခု
ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက် ရောင်းပါတယ်။ အသုံးပြုသူ customers တွေ ပိုပြိးထိထိရောက်ရောက်တစ်ခါတည်းအသုံးပြုလို့ရအောင်နွားချေးမြေဩဇာကို အဆွေးခံပြီး စီးပွားရေးဖြစ်ရောင်းလိုသောကြောင့် ဘယ်လိုပုံစံမျိုး အဆွေးခံပြီး ရောင်းချပါက အသုံးပြုသူတွေအတွက်အဆင်ပြေမည်းနည်း။ နွားချေးဆွေးကိုဘယ်လို ကြာရှည်ခံအောင်ပြုလုပ်ရမည်နည်း။ကျေးဇူးပြု၍အသေးစိတ်လေးဖြေကြားပေးပါဗျ။ ကျေးဇူးတသ်ပါတယ် ခဗျ။
จูเนียร์ ร์ร์ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from လင်းလင်းထွန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....