အချိုပွဲတိုင်းမှာပါဝင်လေ့ရှိတဲ့ သာကူစေ့တွေ ဘယ်ကနေရသလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံတွင် သာကူစေ့ကို သာကူကြို၊ သာကူမုန့်ဖတ်ထုပ်၊ သာကူလုံး၊ အုန်းနို့သာကူပြင်၊ ရွှေရင်အေး အစရှိသောအချိုပွဲများပြုလုပ်၍ စားသုံးလေ့ရှိကြပါသည်။ သာကူတွင် ကစီဓာတ်ပါဝင်ပြီး အချို့သောအာဖရိကနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဓိက အစားအစာအဖြစ်စားသုံးလေ့ရှိကြပါသည်။ ထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံဖြစ်ပါသည်။
သာကူစေ့ကို ဆာဂိုပင်(Sago)၏ ပင်စည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ဆာကူပင်သည် ဆီအုန်းပင်နှင့်ပုံသဏ္ဌာန်တူပြီး အတွင်းသားပျော့သောကြောင့် ပင်စည်ကို ကြိတ်ချေပြီး သာကူစေ့ထုတ်လုပ်ပါသည်။ ဆာဂိုပင်(Sago)ကို အိမ်တွင်းအလှဆင်ပင်အဖြစ်လည်း အသုံးပြုကြပါသည်။ ဆာဂိုပင်ကို အပူပိုင်းဒေသရှိသစ်တောများတွင် တွေ့ရလေ့ရှိပါသည်။ ဆာဂိုပင်သည် အဆိပ်ရှိသောကြောင့် သာကူစေ့ထုတ်လုပ်ရာတွင် စနစ်တကျပြုလုပ်၍ ထုတ်လုပ်ရပါသည်။
သာကူစေ့ကို ဆာဂိုပင်အပြင် ပိလောပီနံဥမှလည်း ထုတ်လုပ်လေ့ရှိပါသည်။ လက်ရှိဈေးကွက်တွင်ရှိသော သာကူစေ့အများစုကို ပိလောပီနံဥမှ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ပိလောပီနံဥတွင်လည်း ကစီဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ဆာဂိုပင်မှထုတ်သော သာကူစေ့နှင့် ပိလောပီနံဥမှထုတ်သော သာကူစေ့သည် ကွာခြားမှုမရှိပေ။ သာကူစေ့နှင့်တူသော Bubble Tea တွင် အသုံးပြုသော ပုလဲ(Bubble) ကိုပိလောပီနံဥမှ ပြုလုပ်ထားခြင်းဖြစ်ပါသည်။
ဖြိုးသဥ္ဇာကျော်
ကိုးကား
https://en.wikipedia.org/wiki/Sago
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်