နှမ်းရိုးကို မြေသြဇာအဖြစ်အသုံးပြုခြင်း

21/01/2021 15:00 PM တွင် U Aye Naing U Aye Naing မှ ရေးသား

    မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအနက် နှမ်းသီးနှံစိုက်ပျိုးမှုသည် ဧကအများဆုံးဖြစ်ပါသည်။ ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်စားသုံးသည်မက မြန်မာ့ရိုးရာမုန့်များ၊ လက်ဖက်သုပ်စုံများတွင် ထည့်သွင်းအသုံးပြုခြင်း၊ နှမ်းထမနဲ၊ နှမ်းပျစ်၊ နှမ်းယို၊ နှမ်းမုန့်ကြော်၊ နှမ်းပဆုပ်၊ နှမ်းထောင်း၊ နှမ်းဖတ်ချဉ်များအဖြစ်လည်း စားသုံးကြပါသည်။ ယခုအခါ ဆီအဖြစ်စားသုံးမှုနည်းသွားပြီး ဓာတုဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများ၊ အလှကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုလာကြပြီဖြစ်သည်။ ထို့ကြောင့် နှမ်းသီးနှံသည် အရေးပါလာသော သီးနှံတစ်မျိုးဖြစ်လာပါသည်။ 

    သီးနှံများစိုက်ပျိုးထုတ်လုပ်ရာ၌ ရိတ်သိမ်းခြွေလှေ့သည့် လုပ်ငန်းစဉ်တွင် သီးနှံများ၏အပင်အကြွင်းအကျန်များ၊ ရိုးပြတ်များ၊ အဖျင်းအမှော်များ၊ သီးတောင့်/အစေ့များ၏အခွံများ ထွက်ရှိပါသည်။ ၎င်းတို့ကို စိုက်ပျိုးရေးကဏ္ဍတွင်ပြန်လည်ပြုပြင်အကျိုးရှိအောင် အသုံးပြုမှုမှာမူ အလွန်နည်းနေပါသည်။ စပါးသီးနှံတွင် ကောက်ရိုးကို နွားစာအဖြစ် အဓိကအသုံးပြုနေပြီး ပဲမျိုးစုံတွင် ပဲမှော် ပဲပင်ရိုးပြတ်များကို တိရစ္ဆာန်အစားအစာအဖြစ်အသုံးပြုကြပါသည်။ စပါးခွံကိုမြေပြုပြင်ရာတွင်လည်းကောင်း၊ သဘာဝမြေဆွေးပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုသူအရေအတွက်မှာ လွန်စွာနည်းပါသည်။

    နှမ်းသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း (မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း) နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ နှမ်းသီးနှံကို ရိတ်သိမ်းခြွေလှေ့ပြီးသောအခါ ကျန်ရှိသည့် နှမ်းရိုးများကို ထိုဒေသရှိတောင်သူများသည် ထင်းမီးအဖြစ် အသုံးပြုခြင်းရှိခဲ့ပါသည်။ မည်သို့မှအသုံးမပြုဘဲ ပစ်ထားသည်လည်းရှိပါသည်။ တစ်ချို့ဒေသများတွင် နှမ်းရိုးတွင် အာဟာရဓာတ်များစွာပါဝင်သည်ကို သိကြသဖြင့် နှမ်းရိုးကိုမီးရှို့ပြီး ရလာသောပြာများကို စိုက်ခင်းထဲသို့ ဖြန့်ချသည်ကိုလည်း တွေ့ရပါသည်။ ထိုသို့ မီးရှို့၍ရလာသောပြာများကို အသုံးပြုခြင်းမှာ အာဟာရဓာတ်များဆုံးရှုံးသွားစေသောကြောင့် အသုံးပြုမှုမှားယွင်းပါသည်။

    နှမ်းရိုးပြတ်များတွင် သုတေသနပြုချက်များအရ နိုက်ထရိုဂျင် ၁.၅ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၀.၂၄ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၂.၄၀ ရာခိုင်နှုန်းနှင့် သစ်ဆွေးဓာတ်၏ရာခိုင်နှုန်းပါရှိပါသည်။ နှမ်းရိုးသည် အခေါင်းပွဖြစ်ပြီး ဖော့သားကဲ့သို့ဖြစ်သောကြောင့် ဆွေးလွယ်ပါသည်။ ထို့ကြောင့် ဆွေးမြေ့နေသောနှမ်းရိုး (၁) တန်မှ ယူရီးယား ၂၅ပေါင်၊ တီစူပါ ၅ ပေါင်နှင့် ပိုတက်ရှ် ၃၅ ပေါင်နှင့်ညီမျှသော အပင်အာဟာရဓာတ်များရရှိနိုင်ပါသည်။ ပုံမှန်နှမ်းအထွက်နှုန်းရရှိသော နှမ်းစိုက်ခင်း (၁) ဧကမှ နှမ်းပင်များကို နှမ်းပုံ၊ နှမ်းထောင်၊ နှမ်းခါပြီးနောက်ပိုင်း နှမ်းရိုး (၁) တန်မှ (၁ တန်ခွဲ) အထိရရှိနိုင်ပါသည်။ ထိုရရှိလာသောနှမ်းရိုးများကို သဘာဝမြေသြဇာအဖြစ် အသုံးပြုပါက စပါး (၁) ဧကစာအတွက် လိုအပ်သောပိုတက်ရှ်မြေသြဇာထည့်ပေးခြင်းနှင့် ညီမျှပါသည်။

    ရေရှိသော စပါးစိုက်တန်းများကြားတွင် နှမ်းရိုးများကို လက်တစ်ဆုပ်အရွယ်စည်းနှောင်ပြီး ခြေဖြင့်နင်း၍မြှုပ်ထားပါ။ ရေထဲမြှုပ်နေသော နှမ်းရိုးတွင်ရှိသော ပိုတက်ဆီယမ်ဓာတ်သည် စပါးခင်းထဲသို့ရောက်ရှိသွားပါသည်။ (၃) ရက်ခန့်ကြာလျှင်ရေမြှုပ်နေသောနှမ်းရိုးများမှ ပိုတက်ဆီယမ်အားလုံး၏ (၄၀) ရာခိုင်နှုန်းကို စပါးပင်ကရရှိနိုင်သည့်အပြင် နိုက်ထရိုဂျင်နှင့် ဖော့စဖိတ်ဓာတ်များကိုပါ ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သစ်ဆွေးများဖြစ်သောကြောင့် မြေကိုကောင်းမွန်စေပါသည်။ နှမ်းရိုးကို စပါးခင်းထဲသို့ထည့်ပြီးသဘာဝမြေသြဇာအဖြစ် အသုံးပြုပါက စပါးအထွက် (၁၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ အထွက်တိုးကြောင်းသိရှိရပါသည်။

    စပါးကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးသော တစ်ချို့မြေများသည် စိမ့်ကိုင်မြေ၊ ဒုံပေါက်မြေဖြစ်တတ်ပါသည်။ အဆိုပါမြေများကိုပြုပြင်ရာတွင် စပါးသီးနှံစိုက်ပျိုးခြင်းကို တစ်ရာသီလှပ်ထားပြီး နှမ်းရိုးများကို စိုက်ခင်းထဲသို့ ညီညီညာညာဖြန့်ချထားရပါမည်။ အနည်းဆုံး (၂) နှစ်ဆက်တိုက် နှမ်းရိုးများကို လယ်ကွက်ထဲသို့ ထည့်ပေးပါက မြေပြန်ကောင်းလာသည်ကို တွေ့ရှိရပါသည်။

    နှမ်းရိုးများကို မြေသြဇာအဖြစ်အသုံးပြုရန်အတွက် စိုက်ခင်းထဲသို့ထည့်ရာတွင် နှမ်းရိုးအပိုင်းအစများဖြစ်အောင် ခုတ်စဉ်းခြင်း၊ ခြွေလှေ့စက်ဖြင့် ခြွေလှေ့ပိုင်းဖြတ်ခြင်းများပြုလုပ်၍ စိုက်ခင်းထဲသို့ ညီညာစွာဖြန့်ထည့်ပေးနိုင်ပါသည်။ ဤနည်းမှာ ဆွေးမြေ့မှုကြာနိုင်ပြီး မိုးရွာလျှင်သော်လည်ကောင်း အစိုဓာတ်ရှိနေလျှင်လည်းကောင်း ဆွေးမြေ့လွယ်ပါသည်။ ထို့အပြင် ကုန်ကျစရိတ် (ခုတ်စဉ်းခ၊ ခြွေလှေ့ခ) များနိုင်ပါသည်။

    ဒုတိယနည်းမှာ နှမ်းရိုးကို မြေဆွေးပုံပြုလုပ်ပြီးမှ စိုက်ခင်းထဲသို့ထည့်ပေးသော နည်းဖြစ်ပါသည်။ နှမ်းရိုးနှင့်အတူ နွားချေးဆွေးအမှုန့်၊ မီးဖိုပြာ၊ ဖွဲနု၊ သကာရည်၊ ပဲဖတ်၊ နှမ်းဖတ်၊ စပါးခွံ၊ ဇကွဲ၊ အီးအမ်များနှင့်ရောနှော၍ မြေဆွေးပုံပြုလုပ်ခြင်းဖြစ်သည်။ နှမ်းရိုးကို မြေဆွေးပုံပြုလုပ်ပြီးမှ စိုက်ခင်းထဲသို့ ဖြန့်၍ထည့်ခြင်းကို ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာ အနီးအနားရွာများတွင် အသုံးပြုနေသည်ကိုတွေ့ရှိခဲ့ပါသည်။ နှမ်းရိုးမြေသြဇာအကျိုးရှိကြောင်း သိရှိကြသောကြောင့် ထိုနယ်တစ်ဝိုက်တွင် နှစ်စဉ် နှမ်းရိုးမြေဆွေးပုံ ၁၅၀-၂၀၀ ခန့် တောင်သူများကိုယ်တိုင် ပြုလုပ်အသုံးပြုနေကြပြီဖြစ်သည်။ ထိုဒေသတွင် နှမ်းရိုးကိုခြွေလှေ့စက်ဖြင့်ခုတ်စဉ်းပါက ခြွေလှေ့ခအတွက် ကုန်ကျစရိတ်များသဖြင့် ကုန်ကျစရိတ်သက်သာသောနည်းကို အသုံးပြုကြပါသည်။ ထိုနည်းမှာ နှမ်းရိုးများအပေါ်  ဂွန်ဒေါင်းစက်ဖြင့် ၃-၄ ကြိမ်ခန့် တက်မောင်းလိုက်သောအခါ နှမ်းရိုးအပိုင်းအစများ ဖြစ်ကုန်ပါသည်။ ရရှိလာသော နှမ်းရိုးအပိုင်းအစများကို အထက်ပါပစ္စည်များဖြင့် ရောနှော၍ မြေဆွေးပုံပြုလုပ်ပါသည်။ (၂) လခန့်ကြာသောအခါ မြေဆွေးအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။

    နှမ်းရိုးများကို မြေသြဇာအဖြစ်အသုံးပြုပါက အာဟာရဓာတ်များ လုံလောက်စွာရရှိခြင်း၊ ဓာတ်မြေသြဇာကုန်ကျစရိတ် လျှော့ချနိုင်ခြင်းနှင့် မြေဆီလွှာဖွဲ့စည်းပုံ ကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။ ထိုကြောင့် တောင်သူများအနေဖြင့် နှမ်းရိုးများကို စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများမပြုလုပ်ပဲ အာဟာရဓာတ်များစွာပါရှိသော နှမ်းရိုးများကို သဘာဝမြေသြဇာအဖြစ် အကျိုးရှိအောင် မိမိစိုက်ခင်းတွင် ပြန်လည်အသုံးချသင့်ကြောင်းအကြံပြုလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်