“အလွယ်ကူဆုံး တစေးပြုလုပ်နည်း”

08/05/2019 15:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တစေးဆိုတာ ဘီယာချက်လုပ်ခြင်း လုပ်ငန်းတွေကနေ ပေါင်မုန့်ဖုတ်တဲ့ လုပ်ငန်းစဉ်ထိ သုံးလို့ရတဲ့ပစ္စည်းလို့ ကျွန်မတို့တွေသိကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို အိမ်မှာတင် ပြုလုပ်လို့ရတယ်ဆိုတာကိုတော့ ကျွန်မတို့မသိကြသေးပါဘူး။

ကဲ...လေ့လာကြည့်ကြရအောင်ပါ။ သစ်သီးတစ်မျိုးမျိုး၊ ဒါမှမဟုတ် ဟင်းရွက်တစ်ခုခုကို ရေစိမ်ပြီး အချဉ်ဖောက်တဲ့ ဖြစ်စဉ်ပါ။ တစေးဆိုတာ ဆဲလ်တစ်ခုတည်းပါတဲ့ မှိုတစ်မျိုးဖြစ်တဲ့အတွက်မွေးမြူရတဲ့ဖြစ်စဉ်ပါ။ 

၁။ ဖန်ပုလင်းရဲ့ လေးပုံတစ်ပုံလောက်ထိ ရေထည့်လိုက်ပါ။ ရေထည့်ပြီးပြီဆိုရင်တော့ အသီးတစ်ခု ဒါမှမဟုတ် ဟင်းရွက်ကိုလည်း သုံးလို့ရပါတယ်။ ကိုယ့်ဒေသမှာပေါတာကို သုံးလို့ရပါတယ်။ ကျမတို့တောင်သူတွေအနေနဲ့ နွေရာသီမှာ လှိုင်လှိုင်ပေါတဲ့ ဇီးသီးလိုမျိုး အသီးအနှံတွေသုံးလို့ရပါတယ်။ ဂေါ်ဖီထုပ်လို ဟင်းရွက်တွေလည်း အသုံးပြုလို့ရပေမယ့် အရည်စိမ်တဲ့အတွက် ထွက်လာတဲ့အနံ့က ဆိုးပါတယ်။ဒါကြောင့် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့အသီးတွေကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။

ဒါ့အပြင် အသုံးပြုတဲ့ဖန်ဘူးတွေကလည်း သန့်နေဖို့လိုပါတယ်။ ဒါကြောင့် အသုံးမပြုခင်မှာ ရေနွေးနဲ့ပြုတ်တာမျိုးတွေ လုပ်သင့်ပါတယ်။ လတ်ဆတ်ပြီး ရောဂါကင်းတဲ့အသီးအနှံတွေဖြစ်ဖို့လည်း လိုပါတယ်ရှင့်။

၂။ ဖန်ပုလင်းရဲ့လေးပုံတစ်ပုံထိ ရေထည့်ပြီးတဲ့အခါ အသီးတွေထည့်လိုက်ပါ။ အသီးထည့်ပြီးချိန်မှာ ရေမျက်နှာပြင် မြင့်တက်သွားပုံကိုကြည့်ပြီး ဖန်ပုလင်းရဲ့တစ်ဝက်လောက်ထိ အသီးတွေထပ်ထည့်ပါ။ ရေမျက်နှာပြင်ကိုတော့ ဖန်ပုလင်းရဲ့လေးပုံပုံတစ်ပုံလောက် ချန်ထားပါ။

၃။ ပြီးရင်တော့ အဖုံးကိုသေချာဖုံးပြီး အခန်းအပူချိန်မှာပဲ သိမ်းထားလိုက်ပါ။ နောက်တစ်နေ့ရောက်တဲ့အခါ ပုလင်းကို အနည်းငယ်လှုပ်ပေးပါ။ အဖုံးဖွင့်ကြည့်တဲ့အခါ လေပူဖောင်းလေးတွေ အပေါ်ကိုတက်လာနေတာ တွေ့ ရမှာဖြစ်ပါတယ်။ တစ်ချို့အသီးတွေက ရေမျက်နှာပြင်အပေါ်ကို တက်နေတာကိုလည်းတွေ့ရပါမယ်။

(၃)ရက်မြောက်နေ့မှာဆိုရင်တော့ အသီးတွေအကုန်လုံး အပေါ်မှာပေါလောပေါ် နေမှာဖြစ်ပါ တယ်။ အဖြူရောင် အလွှာလေးတစ်လွှာကိုလည်း မြင်နေရမှာဖြစ်ပါတယ်။ ဒီအလွှာလေး နေရာအနှံရောက်အောင် ပုလင်းကို လှုပ်ပေး ရအုံးမှာပါ။ အဖုံးဖွင့်လိုက်မယ်ဆိုရင်တော့ အရမ်းကြပ်နေပြီး ဂက်စ်ထွက်နေတဲ့အသံတွေ ကြားရမှာပါ။ ပူတဲ့ရာသီ မှာဆိုရင်တော့ (၃) ရက်နေရင်ရပါပြီ။ ရာသီဥတု အနည်းငယ်အေးမယ်ဆိုရင်တော့ (၇)ရက်ထိ ထားသင့်ပါတယ်။

၄။ ရရှိလာတဲ့အသီးစိမ်ရည်ကို အရည်တွေပဲ စစ်ယူပါ။ ရလာတဲ့အရည်ကို ဂျုံမှုန့်နဲ့ရောပြီးထားရမှာပါ။

၅။ ဖန်ပုလင်းသန့်သန့်ထဲမှာ အသီးစိမ်ရည်နဲ့ ဂျုံမှုန့်ကို ရောမွှေပါ။ အရောအနှောကို ပုလင်းရဲ့လေးပုံတစ်ပုံ လောက်ပဲထည့်ပါ။ နာရီပိုင်းအတွင်းမှာ ပွလာတာကို တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အသုံးပြုတဲ့ အသီးပေါ် မူတည်ပြီး ပွလာတဲ့နှုန်းက ကွာမှာဖြစ်ပါတယ်ရှင့်။ ပွလာတဲ့အသီးဖျော်ရည်နဲ့ ဂျုံမှုန့်အရောအနှောကိုတော့ တစေးအဖြစ် အသုံးပြုလို့ရပါပြီရှင့်။ တစေးထုတ်လုပ်တဲ့နည်း အမျိုးမျိုးရှိတဲ့အထဲကမှ ကုန်ကျစရိတ်သက်သာမယ့် နည်းလမ်းကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်။ တစေးကို ဂျုံမှုန့်တွေနဲ့ရောနယ်ပြီး ပေါင်မုန့်ဖုတ်စားလို့ရသလို ဝိုင်ချက်လုပ်တဲ့အခါ လိုအပ်တဲ့ ဓာတ်ကူပစ္စည်းအဖြစ်  အိမ်တွင်းမှာပဲ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း သတင်းပါးလိုက်ရပါတယ်ရှင့်။

ကဲ...ဒီလိုဆိုရင်တော့ အသီးအနှံပေါတဲ့အချိန်တွေမှာ တန်ဖိုးမြင့်ထုတ်ကုန်တွေလုပ်မယ်ဆို ဝယ်ရခက်တဲ့တစေးကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်ရှင့်။

သိမ့်ဇာ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်