နိုင်ငံတကာမှာ အချိုပွဲအဖြစ် စားသုံးလေ့ရှိတဲ့ စနိုးပူတင်းပြုလုပ်နည်းကို ရေးသားလိုက်ပါတယ်။ တကယ်တမ်းကတော့ အုန်းသီးမှုန့်လေးတွေက နှင်းပွင့်လေးတွေ ကပ်နေသလိုဖြစ်တဲ့အတွက် စနိုးပူတင်းလို့ ခေါ်ခြင်းဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ
နွားနို့ ၅၀၀ မီလီလီတာ ( ၂၅၀ မီလီလီတာစီနှစ်ခွက်ခွဲရန်)
သကြား ၅၀ သို့ ၇၅ မီလီလီတာ
ပြောင်းဖူးကော်မှုန့် ၅၀ သို့ ၇၅ မီလီလီတာ
အုန်းသီး
ဆား
မှတ်ချက်။ ။ ပြောင်းဖူးကော်မှုန့်သာသုံးရန်။ တခြားကော်မှုန့်များမသုံးရ။
ပါဝင်ပစ္စည်းများ၏ အချိုးအစားကို (၅ ဆ ၁ ဆ) သို့ (၅ ဆ ၁.၅) ဆ ဖြင့် အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
ပြုလုပ်ပုံ
အဆင့် ၁
နွားနို့ကို ၂၅၀ မီလီလီတာစီ အညီအမျှခွဲ၍ ခွက်တစ်ခုစီတွင် ထည့်ပါ။
ပထမခွက်ထဲတွင် သကြားထည့်၍ မွှေပါ။
ဒုတိယခွက်ထဲတွင် ပြောင်းဖူးကော်မှုန့် ထည့်၍ ပျော်သွားအောင် မွှေပါ။
အုန်းသီးကို အမှုန့်ကြိတ်ပြီး အရည်ညစ်ထားပါ။
အဆင့် ၂
အိုးတစ်လုံးကို ယူ၍ ပထမခွက်ထဲရှိ နွားနို့နှင့်သကြားကိုထည့်ကာ ဆူပွက်လာအောင် ကြိုပါ။
ဆူပွက်လာပါက ဆားအနည်းငယ် ထည့်ပါ။
ထို့နောက် ပြောင်းဖူးကော်မှုန့်ထည့်ထားသော နွားနို့ကို ထည့်၍ နာရီလက်တံအတိုင်း အဆက်မပြတ်မွှေပေးပါ။
နွားနို့များ တဖြည်းဖြည်းပစ်လာပြီး ဆူပွက်လာပါက ဗန်းထဲထည့်၍ အအေးခံပါ။
အဆင့် ၃

ပူတင်း တုံတုံအိအိလေး ရလာပါက အတုံးလေးလှီးပြီး အုန်းသီးမှုန့်များကပ်ကာ သုံးဆောင်နိုင်ပါပြီ။
ဖြိုးသဉ္ဇာကျော်
ကိုးကား
https://www.youtube.com/watch?v=r9MaE838O_0
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more