ပိုးသတ်ဆေး အမျိုးအစားများနှင့် ခန္ဓာကိုယ် အတွင်း ဝင်ရောက်ရာ လမ်းကြောင်းများ အကြောင်းပါ

Photo - pesticide-clothing

ယင်းစကားရပ်တွင် အဏုဇီဝပိုးသတ်ဆေးများ၊ ဖျတ်ပိုးများကို ကြီးထွားစေရန်နှင့် ကြီးထွားမှုကိုထိန်းချုပ်ရန် အသုံးပြုသောဓာတုပစ္စည်းများ၊ စိုက်ပျိုးသီးနှံများ ကြီးထွားစေရန်နှင့် ကြီးထွားမှုကိုထိန်းချုပ်ရန် အသုံးပြုသောဓာတုပစ္စည်းများဟော်မုန်းဆေး၊ ရွက်ကြွေဆေး၊ ရွက်ခြောက်ဆေး၊ အသီးခြွေဆေး၊ အသီးများမရင့်မီကြွေကျခြင်းမှ ကာကွယ်ဆေးများကိုမရိတ်သိမ်းမီနှင့်ရိတ်သမ်းပြီးချိန်တွင် ဖြစ်စေ၊ သိုလှောင်ရာတွင်ဖြစ်စေ၊ သယ်ယူပို့ဆောင်ရာတွင်ဖြစ်စေ၊ သီးနှံများမပျက်ဆီးစေရန် ကာကွယ်သည့် ဓာတုဆေးများ၊ ပိုးသေစေရန် ပိုးသတ်ဆေးစွမ်းအားဖြင့် ဆောင်ရွက်နိုင်ရန် အသုံးပြုသော ဓာတုဆးများလည်း ပါဝင်သည်။

(က) အမျိုးအစားခွဲခြားခြင်း

ပိုးသတ်ဆေးများကို ၎င်းတို့ နှိမ်နင်း ကာကွယ်နိုင်သော ပိုးများအလိုက် ခွဲခြားလျှင်-

 (၁) အင်းဆက်ပိုးသတ်ဆေး (Insecticide)

(၂) မှိုသတ်ဆေး (Fungicide)

(၃) ဘက်တီးရီးယားသတ်ဆေး (Bactericide)

(၄) ကြွက်သတ်ဆေး (Rodenticide)

(၅) ပေါင်းသတ်ဆေး (Weedicide)

(၆) နီမတုတ်သတ်ဆေး (Nematicide)အစရှိသည်ဖြင့် ခွဲခြားနိုင်ပါသည်။

နှိမ်နင်း ကာကွယ်နိုင်သော ဖျတ်ပိုး အမျိုးအစားလိုက်၍လည်း ခွဲခြားလေ့လာ နိုင်သည်။ (Types of Pesticides)

၁။ အင်းဆက်ပိုးသတ်ဆေး (Insecticide)
 ဥပမာ - ဆိုင်ပါမီသရင်၊ ဖျူရာဒန်၊ ကလိုပိုင်ရီဖော့စ်

၂။ မှိုသတ်ဆေးများ (Fungicides)
 ဥပမာ - ရီဒိုမေးလ်၊ ဟိုမိုင်း၊ တော့ပ်ဆင်

၃။ ဘက်တီးရီးယားသတ်ဆေး (Bactericides)
 ဥပမာ - ကိုဆိုဒ်

၄။ ကြွက်သတ်ဆေးများ (Rodenticides)
 ဥပမာ - ဇင့်ဖေါ့စ်ဖိုဒါ၊ တိုမိုရင်၊ ဘရိုမာဒီလုန်း၊ ကူမာတတ်ထရာလိုင်း

၅။ ပေါင်းသတ်ဆေးများ (Weedicides or Herbicides)
 ဥပမာ - ဂလိုင်ဖိုဆိတ်၊ တူးဖိုးဒီ၊ ပါရာကွက်

၆။ နီမတုတ်သတ်ဆေးများ (Nematicides)
 ဥပမာ - ဖျူရာဒန်၊ ဒိုင်ယာဇီနွန်၊ မိုင်းရယ်၊ ပါဒန်

ရ။ ခရု၊ ပက်ကျိသတ်ဆေး (Molluscicide)
 ဥပမာ - Metaldehyde (feutin acetate), Bayluscide (inclosamide)

၈။ မွှားပင့်ကူသတ်ဆေး (Miticide)
 ဥပမာ - ဓနိတော၊ မိုနိုခရိုတိုဖေါ့စ်၊ မာလာသီယွန်

(၁)။ အင်းဆက် ပိုးသတ်ဆေးများကို ထပ်မံ၍ ယင်းတို့တွင် ပါဝင်သော ဓာတုပစ္စည်းကိုမူတည်၍ (Insecticides – Types of Chemical Groups)

(က) အော်ဂင်နိုကလိုရင်််း အုပ်စုဝင်များ၊ ဥပမာ - ဒီဒီတီ၊ အင်ဒရင်း၊ ဂမ္မဇင်း၊ ဒီအယ်ဒရင်း၊ အော်ဒရင်း။

(ခ) အော်ဂင်နိုဖော့စဖိတ် အုပ်စုဝင်များ၊ ဥပမာ - ဆူမီသိုင်ယွန်၊ ဒိုင်ယာဇီနွန်၊ အယ်လ်ဆန်၊ အီးပီအင်န်၊ ဒိုင်မီခရွန်၊ မာလာသီယွန်။

(ဂ) ကာဘာမိတ်အုပ်စုဝင်များ၊ ဥပမာ - ဆီဗင်၊ ပါဒန်၊ ဖျုရာဒန်။

(ဃ) ပိုင်ရီသရွိက်အုပ်စုဝင်များ၊ ဥပမာ - အင်းဘွတ်ရှ်၊ ဒီစစ်၊ စူမီဆီဒင်။

ထို့အပြင် ပိုးသတ်ဆေးများကို အပင်ပေါ် ပက်ဖျန်းလျှင် အရွက်၊ အသီး အစိတ်အပိုင်းများ ကိုက်ဖြတ်စားသောက်သော အင်းဆက်ပိုး များအတွက် ထိသေ၊ စားသေ (အစာအိမ်အဆိပ်)နှင့် သစ်ရည် စုပ်စားပိုးများ၊ ရွက်လိပ်၊ ရွက်ထွင်း၊ ရွက်ကပ်နှင့် ပင်စည်တွင်း စားသောက်သော အင်းဆက် ဖျတ်ပိုးများအတွက် ပင်လုံးဖြန့် ပိုးသတ်ဆေးများ ဟူ၍လည်း ခွဲခြားနိုင်သည်။

(၂) ပိုးသတ်ဆေးဖော်စပ်မှုအရ (Types of Formulations)

(က) ရေဖျော်ဆေးရည် (EC)

(ခ) ရေဖျော်ဆေးမှုန့် (WP)

(ဂ) အမှုန့် (DUST)

(ဃ) အခဲ (GRANULE) အစရှိသည်ဖြင့် ခွဲခြားနိုင်သည်။

(ခ) ပိုးသတ်ဆေး အဆိပ်သင့်စေမှု (စွမ်းအား)

ပိုးသတ်ဆေး အားလုံးမှာ အဆိပ်ရှိ ပစ္စည်းများဖြစ်သည်။ ပိုးသတ်ဆေးတွင် ပါဝင်သော အဆိပ်ပစ္စည်း၏ စွမ်းအားကိုဖော်ပြရာတွင် သေနှုန်း (၅၀) (သန-၅၀)ဖြင့် ဖော်ပြသည်။ သန-၅၀ (သေနှုန်း-၅၀)မှာ စမ်းသပ်သော သက်ရှိ (များသောအားဖြင့် ဓာတ်ခွဲခန်းတွင် အများအပြားမွေးမြူနိုင်သော ကြွက်သတ္တဝါ) အကောင် (များစွာ) ကိုဆေးနှုန်းအမျိုးမျိုးဖြင့် ပါးစပ်မှကြွေး၍သော် လည်းကောင်း၊ အရေပြား သုတ်လိမ်းပေးခြင်း ဖြင့်သော်လည်းကောင်း၊ အစာအိမ်၊ ခန္ဓာကိုယ် အတွင်းရောက်ရှိစေပြီး၊ စမ်းသပ်သော သက်ရှိ အကောင် (၁၀၀) အနက် (၅၀) သေစေသော ပိုးသတ်ဆေး ပမာဏပင် ဖြစ်သည်။

ပိုးသတ်ဆေး ပမာဏကို မီလီဂရမ်ဖြင့် ပြ၍ စမ်းသပ်သော သက်ရှိ၏ ခန္ဓာကိုယ် အလေးချိန်ကို ကီလိုဂရမ်ဖြင့် ပြသည်။ ထိုကြောင့် (သေနှုန်း-၅၀)၊ သန - ၅၀၏ ပိုးသတ်ဆေး ပမာဏကို မီလီဂရမ်/ကီလိုဂရမ်ဖြင့် ဖော်ပြ သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် (WHO)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)တို့ ၏ ညှိနှိုန်း သတ်မှတ်ချက်အရ ပိုးသတ်ဆေးများကို အဆိပ်သင့်စေမှု စွမ်းအား အမျိုးအစား ခွဲနိုင်ပါသည်။
(ေနာက္ဆက္တြဲ - ၁)

မြန်မာပြည်တွင် သုံးခဲ့ဘူးသော ပိုးသတ်ဆေးများနှင့် ယခုလက်ရှိ သုံးစွဲမှု များသော ပိုးသတ်ဆေး အလိုက် အဆိပ်သင့်မှု စွမ်းအားစာရင်းကိုနောက်ဆွဲတွဲ (၂)ဖြင့် ဖော်ပြထားပါသည်။ (နောက်ဆက်တွဲ - ၂)

မြန်မာပြည်တွင် ယခင်ကအော်ဂင်နိုကလိုရင်း အုပ်စုဝင် ဖြစ်သော ဒီဒီတီ၊ အော်ဒရင်း၊ ဒီအယ်ဒရင်း၊ ဂမ္မဇင်း၊ လင်ဒိန်း၊ အင်ဒရင်းအစရှိသော ပိုးသတ်ဆေးများကို သီးနှံဖျတ်ပိုး နှိမ်နင်းကာကွယ်ရာတွင် ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲခဲ့ပါသည်။ ဤအုပ်စုဝင် ပိုးသတ်ဆေးများသည် လူ၏ ခန္ဓာကိုယ် အဆီပြင်တွင် စုမိသည်။ အဆီပြင်တွင် စုမိသောအော်ဂင်နိုကလိုရင်း ပိုးသတ်ဆေးမှာ ဓာတ်ပြယ်ရန် ချေဖျတ်နိုင်စွမ်း မရှိချေ။

နို့တိုက်မိခင်နှင့် နွားများ၌ အငယ်များကို နို့မှတစ်ဆင့် ပါရှိသွားစေနိုင်သည်။ အဆီပြင်တွင် များစွာ စုမိလာသောအခါ အဆိပ်သင့်စေခြင်း ဖြစ်ပေါ်စေနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအားလုံး လိုမှာပင် အော်ဂင်နိုကလိုရင်း အုပ်စုဝင် အထက်ဖော်ပြပါ ပိုးသတ်ဆေးများကို သုံးစွဲခြင်းမှ ရပ်ဆိုင်းလိုက်ပြီး ဖြစ်ပါသည်။

ပိုးသတ်ဆေး ခန္ဓာကိုယ်အတွင်း ဝင်ရောက်ရာ လမ်းကြောင်းများ

ပိုးသတ်ဆေး မတော်တဆ ဖိတ်စင်ခြင်း၊ ဆေးဖျန်း ကိုင်တွယ် သုံးစွဲသူမှာ အန္တရာယ် ဂရုမစိုက်ခြင်းကြောင့် ခန္ဓာကိုယ် အရေပြားနှင့် အသက်ရှူရာ လမ်းကြောင်းများမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ပါသည်။

အမေရိကန်နိုင်ငံတွင် ကယ်လီဖိုးနီးယားဆေးတက္ကသိုလ်မှ ဒေါက်တာဟိုဝတ်မေဘက်က လူ၏ ခန္ဓာကိုယ် အတွင်း ပိုးသတ်ဆေး ပါရာသီယွန် ဝင်ရောက်မှုကို စမ်းသပ်ရာတွင် လက်ဖျံမှ တစ်မိနစ်အတွင်း (၂%)၊ ၁၅ မိနစ်အတွင်း (၅%) တစ်နာရီအတွင်း (၈%)နှင့် ၈ နာရီအတွင်း (၁၆%) ဝင်ရောက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိ ထားသည်။

ယင်း၏ စမ်းသပ်ချက်အရ နဖူးပြင်မှ ဝင်ရောက်မှုမှာ လက်ဖျံမှ ဝင်ရောက်မှု၏ (၇) ဆနှင့် ဦးခေါင်းခွံမှ ဝင်ရောက်မှုမှာ လက်ဖျံမှ ဝင်ရောက်မှု၏ (၄)ဆ မြန်ကြောင်းတွေ့ရှိရသည်။ ထိုကြောင့် ပိုးသတ်ဆေး ပက်ဖျန်းသူမှာ ခန္ဓာကိုယ်အပြင် ဦးခေါင်းကို ကာကွယ်ပေးသည့် အနားကျယ် ဦးထုပ်ဆောင်းရန် အထူး လိုအပ်သည်။

             

(ဂ) ပိုးသတ်ဆေး သက်တမ်း (Shelf Life)

ပိုးသတ်ဆေး သက်တမ်းမှာ ထုတ်လုပ်သည်မှ စတင်၍ (၂) နှစ်အတွင်း အသုံးပြုမှသာ အာနိသင် ပြည့်ဝမှုရရှိမည်။ သတ်မှတ် ကာလထက်ကျော်လွန် (ရက်လွန်) သောပိုးသတ်ဆေး များအတွက် မူလ ထုတ်လုပ်ဆေး အစစ်ပြည့်ဝစွာ ပါရှိမှု ရှိမရှိ သိနိုင်ရန် (ဥပမာ ၅၀% အီးစီအတွက် (a.i) အစွမ်းရှိ ပစ္စည်း အနေဖြင့် ၅၀% ပါရှိမှု ရှိမရှိ သိရှိနိုင်ရန်) ပိုးသတ်ဆေး ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ စစ်ဆေးမှသာလျှင် သိရှိနိုင်ပါမည်။ အလားတူ အခြားဂုဏ်သတ္တိများလည်း ပျက်ယွင်းနေနိုင်သည်။

သို့ဖြစ်ရာ ပိုးသတ်ဆေး ရောင်းဝယ်ဖောက်ကားသူ အနေဖြင့်လည်းကောင်း၊ သုံးစွဲသူအနေဖြင့် လည်းကောင်း၊ ကနဦးရောက်ရှိသော ပိုးသတ်ဆေးကို ကနဦး ဖြန့်ဖြူးသုံးစွဲရမည်။ (First in First out) ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသင့်သည်။

(ဃ) ပိုးသတ်ဆေး အာနိသင် တာရှည်မှု (Stability)

ပိုးသတ်ဆေးများမှာဖော်စပ်ထုတ်လုပ်မှုအရ (Formualation) အချို့ ပိုးသတ်ဆေးအရည် ဥပမာ- အီးစီများမှာ (၆)လ မှ တစ်နှစ်ခန့် ကြာလာလျှင် အနယ်ထိုင်၍ နှစ်လွှာ ကွဲလာသည်ကိုတွေ့ရှိရပါသည်။ အချို့ ပိုးသတ်ဆေး မှာ နှစ်မည်မျှပင် ကြာသော်လည်း မူလပုံစံအတိုင်း တည်ရှိနေပြီး၊ အလွှာကွဲခြင်း၊ အနယ်ထိုင်ခြင်း မတွေ့ရပေ။ အလွှာကွဲ အနယ်ထိုင်လာသော ပိုးသတ်ဆေးသည်ရေနှင့် သမမျှတစွာရောစပ်နိုင်ခြင်း မရှိတော့ပေ။ ဖော်ပြပါ အလွှာ (၂)လွှာ ကွဲသောအရည် (အီးစီ) ဖော်ပြမှု ဖြစ်ပါက ပုလင်းကို လှုပ်၍ ပိုးသတ်ဆေး (၁၀)စီစီ (မီလီမီတာ) ခန့်ကိုရေ (၁) ဂါလံတွင် ရောစပ်၍ စမ်းသပ်ပြီး အဖြူရောင် (နို့ရောင်) ဖြစ်ပေါ်လာကာ အဆီလွှာ ကွဲပြားမှု မတွေ့ရပါက အီးစီဖော်စပ်မှုအရ ဆက်လက် ပတ်ဖျန်း သုံးစွဲနိုင်ပါသည်။

ကိုးကား- ပိုးသတ်ဆေးများကို ထိရောက်စွာနှင့် အန္တရယ်ကင်းစွာ ကိုင်တွယ် သုံးစွဲနည်း



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောတစ်နှိုက် အုန်းတစ်မိုက်"