အောင်မြင်သောစာသင်ကြားရေး၏ သော့ချက်များ (အပိုင်း - ၁)

03/04/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ကျွန်တော်သည် အခြေခံစိုက်ပျိုးရေးသိပ္ပံပညာအကြောင်းကို အစိမ်းရောင်လမ်း (Green Way App) ၌ အပတ်စဉ် ရေးသားနေရာကနေ စိုက်ပျိုးရေးကျောင်းဆရာတစ်ယောက်ဖြစ်သည့် အားလျော်စွာ ကမ္ဘာ့နာမည်ကြီးစာအုပ် ၉-ကြိမ်မြောက်အထိ တည်းဖြတ်ထားသော ဝေဘတ်ဂျေမက်ခီးချီ၏ ပုံမှန်သမားရိုးကျသင်ကြားနည်းစနစ် (Traditional Teaching Methods or Regular Teaching and Learning) တစ်ခုဖြစ်သော မျက်နှာချင်းဆိုင် စာသင်ခန်းထဲတွင် သင်ကြားသင်ယူနည်း (Classroom Face-to-Face Teaching and Learning) စာအုပ်၊ ‘အောင်မြင်သော စာသင်ကြားရေး၏ သော့ချက်များ (Wilbert J. McKeachie. 1994. Teaching Tips. 9th Edition. D.C.Heath & Co.)’  (ယခု ၁၂-ကြိမ်မြောက် တည်းဖြတ် ထုတ်ဝေမှု (12th Edition) ရှိပြီထင်ပါသည်) ဒေါ်နယ်အောလစ်နှင့်အဖွဲ့၏ သင်ကြားနည်း မဟာဗျူဟာများ - ကိုးကြိမ်မြောက် တည်းဖြတ်ထုတ်ဝေမှု  (Orlich, D.C. et al. 2009. Teaching Strategies: A Guide to Effective Instruction, 9th Edition. Wadworth Publishing) နှင့် ယခုကိုဗစ်-၁၉ နောက်ပိုင်းတွင်မှ တွင်ကျယ်အသုံးဝင်လာသော ‘အွန်လိုင်း အဝေးမှ သင်ကြား၊ သင်ယူနည်း (Online Teaching and Learning)’ နှင့်ဆက်စပ်သော အကြောင်းအရာများ၊ အခြားသင်ကြားရေးဆိုင်ရာ ခေတ်မီစာအုပ်များကို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တက္ကသိုလ်ဆရာ/ဆရာမများ၊ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ ဆရာ၊ ဆရာမများ/ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ စသဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်ကြားမည့်သူများအတွက်ရည်ရွယ်ပြီး အခြေခံစိုက်ပျိုးရေးသိပ္ပံပညာဆောင်းပါးများနှင့် တစ်ပတ်ခြား ဆွေးနွေးရေးသားလိုပါသည်။

(က) ပုံမှန်မျက်နှာချင်းဆိုင်သင်ကြားနည်း (Regular Teaching)

အားသာချက်များ (Advantages) 

ကျောင်းသားနှင့်ဆရာ တစ်ဦးနှင့်တစ်ဦး မကြာခဏတွေ့ခြင်းဖြင့် ရင်းနှီးမှု ပိုမိုရလာနိုင်ပါသည်။ ပုံမှန်တွေ့ဆုံဆွေးနွေးမှုလည်း ရသွားနိုင်ပါသည်။ လက်တွေ့လေ့ကျင့်ခန်းများ (Hand-on Exercises ) ကိုလည်း မကြာခဏလုပ်နိုင်ပါသည်။ လူမှုရေးကျွမ်းကျင်မှု (Social Skill) ကိုလည်း လက်တွေ့ လုပ်ဆောင်နိုင်ပါသည်။ ကျန်းမာရေးလေ့ကျင့်ခန်း (Physical Exercises) အတွက် လေကောင်းလေသန့်ရသလို သူငယ်ချင်းများနှင့်လည်း တွေ့ဆုံရင်းနှီးနိုင်ပါသည်။ အွန်လိုင်းသင်သကဲ့သို့ ကွန်ပျူတာ (Computer)၊ လပ်တော့ (Laptop) စသည်များ ဝယ်ယူရန် မလိုတော့ပါ။

အားနည်းချက်များ (Disadvantages) 

အချိန် အတိအကျတွေ့ရမည် ဖြစ်ပါသည် (No flexible hours)။ သွားလာချိန်များ (Transportation Time) အချိန်ကုန်နိုင်ပါသည်။ ကျောင်းဝတ်စုံ၊ တူညီဝတ်စုံ (Uniforms)၊ မိန်းကလေးများ ပြင်ဆင်မှု (Dress, make-up, etc. ) ကုန်ကျစရိတ် များနိုင်ပါသည်။ ကျောင်းလခ (Tuition Fees)၊ ဓာတ်ခွဲခန်းစရိတ် (Laboratory Costs) များ ပိုမိုကုန်ကျနိုင်ပါသည်၊ 

 

ပုံ ၁- မူလတန်းအဆင့်ပုံမှန် စာသင်ကြားခြင်း

 

ပုံ ၂ - တက္ကသိုလ်များတွင်ပုံမှန်သင်ကြားခြင်း

(အခန်း - ၁)

စာသင်ခန်းအတွင်းသင်ကြားရန် ကြိုတင်ပြင်ဆင်ခြင်း (Classroom Preparation)

 (၁-က) စာမသင်မီသုံးလအလို

  • သင်ခန်းစာတစ်ခုချင်းအလိုက် သင်ကြားရခြင်းရည်ရွယ်ချက်များ (Course Objectives) ကို ရှာဖွေဖော်ထုတ်ထားပါ။ 
  • ဘာသာရပ်၏ သင်ရိုးမာတိကာ အကြမ်းရေးပါ။ (Draft a Syllabus for the Course) 

ဥပမာ ဇီဝစာရင်းအင်းပညာ (Biometrics/Bio-Statistics) ဆိုလျှင်

  •  ဗဟိုညွတ်ကိန်းကိုတိုင်းတာခြင်း (Measure of Central Tendency)
  •  ကွဲလွဲချက်ကိုစိစစ်ခြင်း (Measure of Dispersion)
  •  ဖြစ်နိုင်စွမ်း (Probability)

ပြဌာန်းစာအုပ် (Textbooks) ၊ သင်ခန်းစာ (Lecture Guide/Lecture Notes) များကို ကျောင်းသူ၊ ကျောင်းသားများရောက်သည်နှင့် အဆင်သင့်ဖြစ်နေရန် ကြိုတင်မှာယူပါ။ အဆင်သင့်ရိုက်နှိပ်ထားပါ။ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းစာကြည့်တိုက် (University/ College/School Library) တွင်ရှိနိုင်သော မှီငြမ်းစာအုပ်များ (References Books)များ ချရေးထားပါ။

(၁-ခ)  စာမသင်မီ နှစ်လအလို

  • ကျောင်းသားများအတွက် ပေးမည့် စာအုပ်၊ သင်ခန်းစာ၊ သင်ခန်းစာအလုပ်တာဝန် (Assignments) စာရင်းကိုကြည့်ပါ။ (ဤဘာသာရပ်၊ လုပ်ဆောင်ရန်များ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားများ မည်သို့မည်ပုံ အကျိုးရှိပုံကိုလည်း ရှင်းလင်းတင်ပြရန် ပြင်ဆင်ထားပါ)
  • သင်ကြားမည့်အချိန် စုစုပေါင်းကိုကြည့်ပါ (Total Lecture Hours)
  • စာမေးပွဲရက်နှင့် ကျောင်းပိတ်ရက်၊ နယ်ဝေးမှကျောင်းသားအများစု မိမိအိမ်သို့  ပြန်သည့်အချိန်ညှိယူပါ။ (ဥပမာ - အာဇာနည်နေ့ ဝါဆိုလပြည့်နှင့်ချိန်ပြီး တစ်ပတ်ပိတ်လျှင် အစားထိုးဘယ်လို သင်ကြားမည်လဲ) 

သင်ကြားရမည့် အချိန် (Course outline) တွေထဲမှာ 

  • စာမေးပွဲကြီး (Exams)
  • စာမေးပွဲငယ် (Tests or Quizzes)
  • ဓာတ်ခွဲခန်းလုပ်ငန်းများ (Laboratory Exercises)
  • လေ့လာရေးအစီအစဉ်များ (Study Tour)

(၁-ဂ) စာမသင်မီ နှစ်ပတ်(သို့) တစ်ပတ်အလို

  •  အခန်းအနေအထား၊ ကျောင်းသားအရေအတွက်နှင့် အခန်းဆံ့မဆံ့၊ အသံမိုက်ခရိုဖုန်း/ စကားပြောကိရိယာ (Microphone / Speaker) သုံးမည်ဆိုပါက ကောင်း/ မကောင်း) စစ်ဆေးပါ။

(အခန်း - ၂)

ကျောင်းသူ၊ ကျောင်းသားများနှင့် ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်း

  • ပထမဦးဆုံး ကျောင်းသား/ သူများနှင့်တွေ့ရသော အချိန်သည် အရေးကြီးပါသည်။ 
  • အတန်းချိန်မစတင်မီ စကားမပြောသေးဘဲ ခုံနေရာချထားမှုစီစဉ်ခြင်း (Seating arrangement)၊ မိမိကရောက်နေပြီး စောရောက်လာသော ကျောင်းသား/ သူများနှင့် စကားစမည် ပြောကြားခြင်း (Informal Talking) စသည်တို့ပြုလုပ်နိုင်ပါသည်။

(က) သင်ခန်းစာ စတင်ခြင်း (Breaking the Ice)

  • ကျောင်းသား/ သူများ အချင်းချင်း မိတ်ဆက်ပေးသည့်အစီအစဉ် (Introduction) ပြုလုပ်နိုင်ပါသည်။
  • ပထမဆုံး စတင်တက်ရောက်စဉ် ရင်တွင်းခံစားမှု (Their feeling on the first day of the class) ချရေးခိုင်းနိုင်ပါသည်။ 
  • သင်ခန်းစာမစမီ ကျောင်းသားများ၏ အကြံပြုချက် (Student opinions) ကို ချရေးခိုင်းပါ။ နိုင်ငံခြားရှိ တချို့ဘာသာရပ်များတွင် ကျောင်းသားများ ဘာသိလိုသလဲ ဘာမေးခွန်းတွေရှိသလဲ စသည်ဖြင့်  ပြောဆိုကြပါသည်။  သင်ခန်းစာမတိုင်မီ ကြိုတင်စစ်ဆေးမှု (Pre-test) ကိုလည်း ပြုလုပ်နိုင်ပါသည်။ 
  • ကျောင်းသား/သူများ၏ အခက်အခဲများကိုလည်း မေးမြန်းနိုင်ပါသည် (Asking for student problems)
  • ဤဘာသာရပ်နှင့် ပတ်သက်၍ ဘယ်လိုကြားသိထားသလဲ (How do you know this course/subject) စသည်လည်း အချက်အလက်ယူ (Survey) လုပ်နိုင်ပါသည်။

(ခ) ဆရာနှင့် မိတ်ဆက်ပေးခြင်း (Introduce the teachers/Instructors)

  • ဆရာအမည်၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလိပ်စာ (e-mail address) 
  • ဆရာ (မိမိ) နှင့်တွေ့ဆုံဆွေးနွေးနိုင်သောအချိန် (Available Time) ဥပမာ - ညနေ ၃-နာရီနောက်ပိုင်း – After 3 p.m. (သို့မဟုတ်) နေ့လည်စာစားချိန် (Lunch Time 12-2 p.m.) ကိုပြောကြားပေးခြင်း

(ဂ) စာအုပ်ကို မိတ်ဆက်ပေးခြင်း (Introduce the Book/Lecture Guide)

(ဃ) မေးခွန်းမေးခြင်း/ ပြန်ဖြေခြင်း (Questioning and Answering) စသည်တို့ပြုလုပ်ပါ။

ပထမဆုံး စာသင် (First lecture)  ပြီးသည်နှင့် အတွေ့အကြုံကို စာတစ်ပိုဒ်ခန့် (One paragraph) ရေးခိုင်းပါ။ (သို့မဟုတ်) ၂ - မိနစ်စာ ပြန်ပြောခိုင်းပါ။ ဤသည်မှသာ ကျောင်းသား ဗဟိုပြုသင်ကြားနည်း (Student-Centered Teaching and Learning) ဖြစ်ပါမည်။  ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာ၊ ဆရာမ အများစုမှာ မိမိကသာ ရှင်းပြ၊ ဟောပြောပြချင်ကြပါသည် (Teacher-Centered Approach)။ ကျောင်းသား၊ ကျောင်းသူများ၏ အတွေးအမြင်ကို နားထောင်လေ့မရှိကြပါ။ ကျောင်းသား၊ ကျောင်းသူ အများစုကလည်း နားလည်လားဟုမေးရာ နားလည်ပါသည်ဟုသာ လွယ်လွယ်ဖြေတတ်ကြပါသည်။ "မေးခွန်းမေးပါ" ဟုဆိုလျှင် အများစုမှာ မရှိပါဟူ၍ ပြောတတ်ကြပါသည်။

(အခန်း - ၃)

ကျောင်းသူ၊ ကျောင်းသားများနှင့် အကျိုးရှိစွာဆွေးနွေးခြင်း (Organizing Effective Discussions)

ဆွေးနွေးခြင်းသည် အကောင်းဆုံးစာသင်ကြားနည်းစနစ်ဖြစ်ပါသည်။

  • ကျောင်းသား/ သူများ သင်ခန်းစာအပေါ်တွင် တွေးခေါ်တတ်စေရန် 
  • ကျောင်းသား/ သူမှ အကြံပြုချက်များ ရယူရန်
  • သင်ခန်းစာအပေါ်မှာ တုံ့ပြန်ချက်၊ အပြန်အလှန် ဆွေးနွေးချက် (Feedback Review) ပြန်လုပ်ရန် ဆောင်ရွက်သင့်ပါသည်။

(၃-က) တွေ့ကြုံရသောအခက်အခဲများ

အချင်းချင်းဆွေးနွေးခြင်းဖြင့် အတွေ့အကြုံများစွာဖလှယ်နိုင်၊ ကျောင်းသားထဲမှလည်း အတွေးအခေါ်ကောင်းများ ရရှိနိုင်ပါသည်။

(၃-ခ) ပြဿနာအကြီးကြီးမှ ပြဿနာအငယ်များခွဲထုတ်ပစ်ခြင်း - မည်သို့မည်ပုံ ဖြေရှင်းမည်နည်း။ လက်ခံနိုင်သော ဖြေရှင်းနည်းများရှိပြီလား စသည်ဖြင့်ဖြစ်ပါသည်။ 

ကျောင်းသား/သူများ၏ လက်ခံနိုင်စွမ်းထက်ပို၍ အတင်းမတိုက်တွန်းပါနှင့်။

(၃-ဂ) ဆွေးနွေးခြင်း ဘယ်လိုစမလဲ?

နောက်တစ်နည်းသည် ဖော်ပြချက်တစ်ခုကို သဘောမတူဟန်ရှိပါက ဘယ်လိုဆွေးနွေးမလဲ (For or Against) ဆိုတာနှင့် စတင်နိုင်ပါသည်။

ဥပမာ- “တောင်သူများအတွက် ပညာပေးဝန်ထမ်း (Agricultural Extension Workers) လုပ်ငန်းကို  အမျိုးသား(သို့) အမျိုးသမီးက ပိုလုပ်နိုင်တယ်” စသည့်ငြင်းခုံမှုများကို ပြုလုပ်နိုင်ပါသည်။

(၃-ဃ) မေးခွန်းမေးနည်းစနစ်များ (Questioning Techniques)

  • ဆွေးနွေးပွဲကို မေးခွန်းမေးပြီးစနိုင်ပါသည်။ (Starting with a Question)
  • ကျောင်းသားများကို မေးခွန်းဖြေနိုင်ရန် အချိန်ပေးပါ။ နောက်ဆုံးနှုတ်ဖြင့် ဖြေရခက်မည်ဆိုပါက လက်နှင့်ချရေးခိုင်းပါ။
  • ကျောင်းသား/သူဆီက အကြံဉာဏ်တောင်းပါ။
  • ကျောင်းသား/သူ မဖြေနိုင်လည်း ဘာမှမဖြစ်ဘူးဆိုပြီး အားပေးပါ။
  • အချက်အလက်များမေးမည်ဆိုပါက မဖြေနိုင်လျှင် အချက်အလက် (Facts/Figures) ရှိနိုင်သော နေရာ (ဥပမာ- စာကြည့်တိုက်) သို့ ညွှန်းပါ။
  • အာရှတိုက်၏ ဓလေ့ထုံးစံအရ ဆရာပြောသမျှကို ဝေဖန်မှုမပြုဘဲ အမြဲခေါင်းငြိမ့်နေတာ၊ ငြိမ်ပြီးနားထောင်နေတာ၊ မေးခွန်းမေးစရာရှိပါလားဆိုရင် ဘာမှ မမေးတော့ဘဲ ငြိမ်ပြီး နားထောင်နေတာ (အဲဒီယူဆချက် အတွေးအခေါ်မှားပါသည်)
  • မေးခွန်းသည် အတွေးအခေါ်ကို လှုံ့ဆော်သည့်မေးခွန်းမျိုးဖြစ်ပါက ဖြေတာမှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ လက်ခံပေးပါ။

(၃-င) မေးခွန်းအမျိုးအစားများ (Types of Questions)

  • အချက်အလက်ပါသော မေးခွန်းမေးသော ကျောင်းသား/ကျောင်းသူ၊ သင်တန်းသား/ သင်တန်းသူ ၏ နောက်ခံအကြောင်းတရားသိအောင် ဆောင်ရွက်ပါ။
  • အတွေးအခေါ်ပါသော အဓိပ္ပာယ်ဖော်ပြနိုင်သော မေးခွန်း (Interpretation) များကိုထည့်ပြီးမေးပါ၊ 
  • အဓိပ္ပာယ် (Definition) ကို အလွတ်ကျက်ခိုင်းပြီး မေးမဲ့အစား ဘယ်လိုဘယ်ပုံနည်းဖြစ်လာသလဲ စသည်တို့ကို ဦးတည်မေးပါ။
  • ပြဿနာကို အခြေခံသောမေးခွန်း (Problem-based Questions) ဆိုလျှင်လည်း ကောင်းပါသည်။ 

မသိပါဘူးဆိုတဲ့အဖြေမျိုးမရစေချင်လျှင် (Hints) နိမိတ်ပြအဖြေလေးတစ်ချက်မေးပြီး ကျောင်းသား/သူ ဦးနှောက်၊ မှတ်ဉာဏ်မှ တစ်ခုခု အဖြေထွက်လာနိုင်အောင် လုပ်ရမည် ဖြစ်ပါသည်။ 

  • ဒီမေးခွန်း/ အဖြေများအပေါ်မှာ နောက်ပိုင်းဘယ်လိုဖြစ်နိုင်သလဲ။
  • နှိုင်းယှဉ်ဖော်ပြနိုင်သောမေးခွန်းနှင့် အဖြေမျိုး (Comparative Questions, Answers)
  • အကဲဖြတ်ပေးနိုင်သော မေးခွန်းနှင့် အဖြေမျိုး (Evaluative Questions)
  • စဉ်းစားတွေးခေါ်နိုင်သောမေးခွန်းနှင့်အဖြေမျိုး (Critical Questions) ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။ 

(စ) ဆရာ/ ဆရာမ အချင်းချင်းလည်းကောင်း ကျောင်းသားကျောင်းသူများနှင့်လည်းကောင်း ပုံမှန်ဆွေးနွေးပွဲ (Regular Discussion)

(စ-၁) သိပြီးသားအကြောင်းအရာကို ဆွေးနွေးခြင်း

ဥပမာ ဆရာ/မအသစ်၊ စာစဉ်နည်းပြများကို ဘယ်အချိန်မှာ ကျောင်းသားစာမေးပွဲခိုးချမှု၊ လိမ်လည်မှုဖြစ်နိုင်သလဲ? စသည်တို့ဖြင့်လက်တွဲခေါ်ပါ။

(Can you describe a situation in which cheating occurred?)

(စ-၂) ဘာကြောင့် ဖြစ်တာလဲ?

ဥပမာ - Why did the cheating occur?

(စ-၃) တခြားအကြောင်းအချက်များစဉ်းစားရန် - အမှတ်ကောင်းရရန် ကျောင်းသား၊ ကျောင်းသူမှာ စိတ်ပူပန်မှုရှိနိုင်ပါသည်၊

Students feel a lot of pressure to get good grades. 

So why did the pressure for grades result in cheating in this situation?

(ဆ) ဆွေးနွေးပွဲတွင်မပါဝင်ဘဲ ဆိတ်ငြိမ်နေသူ၊ စကားမပြောသူ ကျောင်းသား/သူများအား ကိုင်တွယ်ဖြေရှင်းခြင်း (Dealing with silent students/participants)

  • အတန်းထဲတွင် ကျောင်းသားတစ်ချို့က စကားအလွန်ပြောလွန်းပြီး တစ်ချို့ကလုံးဝစကား မပြော/ပါဝင်မဆွေးနွေးတာတွေ့နိုင်ပါသည်။
  •  ဆွေးနွေးမှု မပြုလုပ်ခြင်းအကြောင်းအရင်းများ (Reasons for not participating)
  • ဘာသာရပ် သင်ပြမှုအပေါ်ငြီးငွေ့ခြင်း (boring)
  • ဗဟုသုတနည်းပါးခြင်း (Leak of Knowledge)
  • နဂိုမူလသဘာဝကပင် စကားနည်းခြင်း (General habits of passivity) ကျောင်းသား/ သူအားလုံး ကိုယ့်အကြောင်း၊ ဘာသာရပ်အပေါ် စိတ်ဝင်စားမှုနှင့် အတွေ့အကြုံ ဟောပြောဆွေးနွေးစေခြင်းနှင့်
  • မေးခွန်းတစ်ခု အတန်းချိန်မှာမေးလိုက်ပြီး (သို့) ကျောင်းသား/သူ တစ်ယောက် မေးခွန်းတစ်ခုရေးလာခဲ့၊ နောက်တစ်ချိန်မှာ ဆွေးနွေးမယ် စသည်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ 

အုပ်စု (၂) ခုခွဲ၊ အုပ်စု(၃-၄) ခုခွဲ ဆွေးနွေးပေးခြင်း (Grouping)

  • အုပ်စုတစ်စု ဆွေးနွေးသည်ကို ကျန်အုပ်စုက လေ့လာသူအနေနှင့် နားထောင်ပေးခြင်း
  • တခြားတစ်နည်းက အတန်းချိန်ပြင်ပမှာ ကျောင်းသား/သူ တစ်ဦးချင်းနှင့် ဆရာမှ ဆွေးနွေးခြင်း
  • အုပ်စုတစ်ခု စုပေါင်းလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ချက် Assignments (၃-၄) ခုပေးပြီး ကျောင်းသား/သူများ အလှည့်ကျ ဆွေးနွေးစေခြင်း စသည်တို့ဖြစ်ပါသည်။

(ဆက်ပါဦးမည်)

နောက်တစ်ပတ်တွင် အဝေးမှသင်ကြားပို့ချနည်း၊ သင်ယူလေ့လာနည်း (Online Teaching and Learning) တို့ကို ဆက်လက်ဆွေးနွေးပါမည်။

(ဒေါက်တာမျိုးကြွယ်)

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်