မုန့်လက်ဆောင်းဖတ် ပြုလုပ်နည်း

26/01/2021 17:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

      မုန့်လက်ဆောင်းက နေ့လယ်ခင်း သရေစာတစ်မျိုးဖြစ်သလို ကလေး လူကြီးမရွေးကြိုက်ကြတဲ့ ဗမာမုန့်တစ်မျိုးလည်းဖြစ်ပါတယ်။ လွယ်လွယ်ကူကူလုပ်စားလို့ရတာကြောင့်လဲ စတုဒီသာပွဲတော်တိုင်းမှာ ပါဝင်တတ်တဲ့ မုန့်တစ်မျိုးဆိုလည်း ဟုတ်နေပြန်ပါတယ်။

      ချိုချိုအေးအေး မွှေးမွှေးအရည်လေးထဲမှာ အဖတ်လေးကလည်း မုန့်လက်ဆောင်းရဲ့ အသက်ပါ။

      မုန့်လက်ဆောင်းကို လူတိုင်းလုပ်တတ်ကြပေမယ့် မုန့်လက်ဆောင်းထဲက အဖတ်ကိုတော့ အပြင်ကဝယ်လိုက်ကြတာများပါတယ်

       အစအဆုံးကိုယ်တိုင်လုပ်စားချင်တဲ့သူတွေအတွက် မုန့်လက်ဆောင်းဖတ်လုပ်နည်းလေးမျှဝေပေးလိုက်ရပါတယ်။

      ရှေးလူကြီးတွေစီက မေးမြန်းထားတဲ့ နည်းဖြစ်တာကြောင့်  ရှေးရိုးနည်းလေးတစ်ခုဖြစ်ကြောင်းလည်း စကားခံပါရစေနော်..

လိုအပ်သော ပစ္စည်းများ

ဆန်ကြမ်း

ရေ

နို့ဆီခွက်

ရေနွေးဆူဆူ

ပြုလုပ်နည်း

 ၁။ နို့်ဆီခွက်ရဲ့ အောက်ခြေမှာ  ကိုယ်လိုချင်တဲ့ မုန့်လက်ဆောင်းဖတ် အရွယ် အပေါက်လေးတွေဖောက်ထားပါ။

 ၂။ အိုးတစ်လုံးနဲ့ ရေနွေးတည်ထားပါ။ 

 ၃။ ဆန်ကြမ်းမှုန့် ( ဆန်မှုန့်)ကို ရေနဲ့ဖျော်ပါ။ ဒီနေရာမှာ အပျစ်အကျဲက အသက်ပါ။ ပျစ်ခဲလွန်းတာကြီးလည်းမဟုတ်ဘဲ နို့ဆီခွက်ရဲ့ အပေါက်ကနေ ထွက်ကျနိုင်လောက်တဲ့ အနေအထားကို ဖျော်ပါ။

 ၄။ ရေနွေးလည်းဆူပြီ ၊ ဆန်မှုန့်လည်း ဖျော်ပြီးပြီဆိုရင် မုန့်လက်ဆောင်းဖက် စလုပ်လို့ရပါပြီ။

 ၅။ နို့ဆီခွက်ထဲကိုဖျော်ထားတဲ့ ဆန်မှုန့်ရည်တွေထည့်ပါ။ ချက်ချင်းထွက်မကျအောင် အရည်အနေအထားရဲ့အပျစ်အကျဲကို ပြုလုပ်ပါ။ 

 ၆။ဆူနေတဲ့ရေနွေးအိုးပေါ်ရောက်ခါမှ မုန့်နှစ်ရည်ထည့်ထား သောခွက်ကို မုန့်နှစ်ရည်များထွက်ကျလာအောင် အနည်းငယ်လှုပ်ပေး၊ မွှေပေးပါ။

 ၇။ ရေနွေးအိုးထဲမှ အဖတ်များ အပေါ်တက်လာပြီဆိုပါက ဆယ်လို့ရပါပြီ။ 

ရေအေးထဲမှာ စိမ်ထားလိုက်ရင်မုန့်လက်ဆောင်းဖက်များရပါပြီ။ အဖြူရောင်လေးလိုချင်ရင်တော့ ရပါပြီ။

 ၈။ အရောင်လိုချင်ပါက ဆွမ်းမွှေးရွက်ကို အရည်ညစ်ပြီးမုန့်ဖက်များအအေးခံထားသော ရေထဲသို့ထည့်ပါ။ အစိမ်းရောင် မုန့်လက်ဆောင်းဖတ်များကို ရရှိမည်ဖြစ်ပါသည်။

      ချိုချိုအေးအေး မုန့်လက်ဆောင်း၊ ရွှေရင်အေးအဓိကပါဝင်တဲ့ မုန့်လက်ဆောင်းဖတ်လေးများ ကိုယ်တိုင် ပြုလုပ်နိုင်ပါပြီ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်