ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)

21/04/2023 13:00 PM တွင် Aye Aye Aye Aye မှ ရေးသား

အပင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ နိုက်ထရိုဂျင်အတွက် အဓိကမြေဩဇာ ယူရီးယားကို ဘယ်လိုပုံစံနဲ့ထုတ်လုပ်သလဲ၊ ဘယ်လိုနေရာတွေမှာ အသုံးချသလဲဆိုတာတွေကို အပိုင်း(၁) မှာ ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။

အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/urea_fertilizer

အခု အပိုင်း(၂) မှာတော့ ယူရီးယားကို အပင်တွေက ဘယ်လိုပုံစံနဲ့စားသုံးကြတယ်၊ ဘယ်လိုပုံစံနဲ့သုံးပေးမယ်ဆိုရင် အကျိုးပိုရှိထိရောက်မလဲဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

မြေထဲရှိ ယူရီးယား

ယူရီးယားကို အချို့အပင်တွေက တိုက်ရိုက်အသုံးပြုနိုင်တယ်ဆိုပေမဲ့   သူ့ထဲမှာရှိတဲ့ နိုက်ထရိုဂျင်ဓာတ်ကို မြေသားထဲမှာ အမိုနီယမ်(NH4+) နဲ့ နိုက်ထရိတ်(NO3-) အဖြစ် ဖြိုခွဲပြီးနောက်မှာမှ အပင်တွေက ပိုပြီး အသုံးပြုရ လွယ်ကူစေပါတယ်။ စိုက်ခင်းထဲထည့်လိုက်တဲ့ယူရီးယားကို မြေသားထဲမှာ သဘာဝအတိုင်းရှိတဲ့ ယူရီ့စ်(Urease) အင်ဇိုင်းက ရက်အနည်းငယ်အတွင်း အမိုနီယမ်အဖြစ် ပြောင်းလဲပေးပါတယ်။ အဲ့ဒီဖြစ်စဉ်ကို Ammonification လို့ ခေါ်ပါတယ်။ ဒီ့နောက်မှာတော့ မြေသားထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း အမိုနီယမ်ကနေ နိုက်ထရိတ်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Nitrification လို့ခေါ်ပါတယ်။

မြေမှုန်၊ မြေသားတွေဟာ အမိုနီယမ်ပုံစံနိုက်ထရိုဂျင်ကို ကောင်းကောင်းစုပ်ယူထိန်းထားနိုင်ပါတယ်။ နိုက်ထရိတ်ပုံစံကိုတော့ အဲ့ဒီလောက်စုပ်ယူထိန်းထားနိုင်စွမ်းမရှိလို့ ရေတွေလျှံထွက်သွားအောင်သွင်းတာ၊ မိုး သည်းထန်စွာ ရွာသွန်းတာမျိုးတွေဖြစ်ရင် စိမ့်ထွက်သွားနိုင်ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေဟာ ဖွယ်တဲ့မြေတွေ၊ သဲမြေတွေမှာဆိုရင် ပိုဖြစ်နိုင်ပါတယ်။

စိုက်မြေတွေမှာ ရေဝပ်ပြီဆိုရင် နိုက်ထရိတ် နိုက်ထရိုဂျင်ဟာ Denitrification ( NO3 မှ NO2) ဖြစ်စဉ်ကနေတဆင့် လေထုထဲ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ မြေအောင်းအဏုဇီဝသက်ရှိငယ်လေးတွေဟာ ပုံမှန်ရရှိနေတဲ့ အောက်ဆီဂျင်ပြတ်လပ်သွားပြီဆိုရင် နိုက်ထရိတ်( NO3- ) ကို ဓာတ်ငွေ့ပုံစံ(နိုက်ထရက်အောက်ဆိုဒ်၊ မော်လီကျူလာနိုက်ထရိုဂျင်,N2)အဖြစ်  ဓာတ်လျော့ပြီး အငွေ့ပျံသွားစေပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေတွေမှာ ယူရီးယားကို မြေသားနဲ့ပေါင်းစပ်ခြင်းမရှိဘဲ မြေမျက်နှာပြင်ပေါ်မှာသာ ပက်ကြဲ ထားမယ်ဆိုရင်လည်း အမိုနီးယားဓာတ်ငွေ့တွေဟာ လေထဲကို အငွေ့ပျံဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် ယူရီးယားမြေသြဇာထည့်ပြီးပြီဆိုရင် ၃ စင်တီမီတာ (၁ လက်မကျော်ခန့်) အထူလောက် မြေဖုံးပေးခြင်း (သို့) မြေဩဇာထည့်ပြီး ချက်ချင်းရေသွင်းပေးခြင်းတို့ပြုလုပ်ပေးသင့်တာဖြစ်ပါတယ်။ ဒါမှသာ ဆုံးရှုံးမှုတွေကို ထိန်း ချုပ်နိုင်မှာပါ။

ရွှံ့စေးမြေများ၊ မြေဆွေးများမှာဆိုရင်တော့ အမိုနီယမ် အိုင်ရွန် (NH4+) တွေကို မြေမှုန်/သားမျက်နှာပြင်မှာ ဆွဲငင် တွယ်ကပ်ထားပါတယ်။ ဒါကြောင့် အမိုနီယမ်အချို့သာ ပျော်ရည်ထဲမှာ ကျန်ရှိခဲ့ပြီး အများစုကတော့ မြေမှုန်တွေ ကို တွယ်ကပ်သွားကြတာကြောင့် အမြစ်ဇုန်ကနေ အလွယ်တကူ မဆုံးရှုံးနိုင်တော့ပါဘူး။

ဒီလိုမျိုးစိမ့်ထွက်ခြင်းကြောင့်နဲ့ အငွေ့ပျံခြင်းကြောင့် နိုက်ထရိုဂျင်တွေ ဆုံးရှုံးတာတွေဟာ ယူရီးယား မြေဩဇာ တစ်မျိုးတည်းမှာတော့ မဟုတ်ပါဘူး။ အခြားနိုက်ထရိုဂျင်ဓာတ်ပါတဲ့ မြေဩဇာတွေ၊ စိုက်မြေမှာ သဘာဝအတိုင်း ရှိနေတဲ့ နိုက်ထရိုဂျင်တွေမှာလည်း  ဆုံးရှုံးမှုတွေ ရှိတတ်ပါတယ်။

ဓာတ်မြေသြဇာအနေနဲ့ အသုံးပြုမှု

ယူရီးယားကို တစ်ရာသီခံပင်တွေမှာ မျိုးစေ့များနဲ့ တိုက်ရိုက်ထိတွေ့ပြီး အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုတဲ့အခါ ၊ အပင်တစ်ရှူးတွေ မလောင်စေဘဲ ရွက်ဖျန်းအဖြစ်အသုံးပြုတဲ့အခါတွေမှာ အခြားနိုက်ထရိုဂျင်ဓာတ်ပါတဲ့ ဓာတ်မြေသြဇာတွေလိုပဲ ဘယ်လောက်ပမာဏသုံးရမယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။

ဝါခင်း၊ အစေ့ရစိုက်ခင်းတွေမှာ မစိုက်ပျိုးခင် မြေလှပ်ကာလမှာ ယူရီးယားကို ထယ်ကြောင်းအလိုက် ထည့်ကြ ပါတယ်။ မြေသားစေးတဲ့ ရွှံ့စေးဆန်တဲ့ ကုန်းတွင်းပိုင်းစိုက်ပျိုးမြေတွေမှာဆိုရင်တော့ မြေသြဇာကို ထိန်းထားပေးနိုင်တာကြောင့် ဒါမျိုးကို အသုံးများကြပါတယ်။ ဒါပေမဲ့ မိုး‌ရေချိန်များတဲ့၊ သဲဆန်တဲ့မြေတွေ မှာဆိုရင်တော့ နိုက်ထရိုဂျင်တွေ အလွယ်တကူ စိမ့်ထွက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် မိုးရေချိန်များများ ရရှိတဲ့ မြေ၊ သဲဆန်တဲ့မြေ၊ စိုက်ပျိုးရာသီအတောအတွင်းမှာ မိုးရေချိန်ကောင်းကောင်းရရှိတဲ့ မြေတွေမှာဆိုရင် မျိုးစေ့/အပင်များစိုက်ပြီးတော့မှသာ အပေါ်ကနေ ပက်ကြဲအသုံးပြုကြပါတယ်။ ဒါမှ မြေသားထဲ၊ အမြစ်ဇုန်ထဲ တွေဆီ စိမ့်ဆင်းသွားပြီး အပင်က အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်နှင့် အခြားအသီးအနှံများမှာတော့ စိုက်ပျိုးရာသီအတောအတွင်း ယူရီးယားကို အပင်ဘေး ပတ်လည်ကနေ ထည့်ကျွေးကြပါတယ်။ ကြံပင်များမှာလည်း စိုက်ပြီး အပင်ဘေးကနေ ထည့်ပေးကြပြီး လမိုင်းပင်များကိုလည်း ထပ်ထည့်ပေးကြပါတယ်။ စားကျက်ခင်းများ၊ နွားစာပင်များတွင်လည်း စိုက်ပျိုးရာသီ အတွင်းမှာ လိုအပ်သလို အပေါ်ကနေ ပက်ကြဲကြပါတယ်။ ရေသွင်းစိုက်တဲ့ သီးနှံခင်းတွေမှာတော့ သွင်းရေထဲကို မြေသြဇာဖျော်ပြီး “နည်းနည်းနဲ့မကြာခဏ” ထည့်ပြီး ထိထိရောက်ရောက်ကျွေးပါတယ်။ အပင်လိုအပ်ချိန်နဲ့ ရယူနိုင်ချိန်ကို ကိုက်ညီစေဖို့ ချိန်ဆတွက်ချက်ပြီးတော့ ထည့်ကျွေးနိုင်ရင် ပိုကောင်းပါတယ်။

နိုက်ထရိုဂျင်ဆိုတာက အပင်က အများကြီးလိုအပ်တဲ့အာဟာရဓာတ်မျိုးဖြစ်လို့ အပင်လိုသလောက် ဖြည့်ပေးနိုင် ဖို့ဆိုရင် ရွက်ဖျန်းအနေနဲ့ချည်းအသုံးပြုပေးရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ မြေကြီးထဲကို တိုက်ရိုက်ထည့်ပေးတာက ပိုကောင်းပြီး ရွက်ဖျန်းအနေနဲ့ ဖြည့်စွက်ထည့်ပေးတဲ့ပုံစံနဲ့သာ သုံးပေးတာ ပိုကောင်းပါတယ်။

ဥယျာဉ်ခြံသီးနှံတွေမှာတော့ အပင်ရဲ့လိုအပ်ချက်အများဆုံးအချိန်၊ ချက်ချင်းထည့်ပေးဖို့ လိုအပ်တဲ့ အချိန်မျိုး တွေမှာဆိုရင် ရွက်ဖျန်းတွေကို အသုံးပြုပေးတာက နိုက်ထရိုဂျင်ချို့တဲ့မှုကို ပိုပြီးထိထိရောက်ရောက် ကုစားပေးနိုင်ပါတယ်။

ကဲ အခုဆိုရင် တောင်သူဦးကြီးတို့လည်း ယူရီးယားလို့ခေါ်တဲ့ ပုလဲမြေသြဇာအကြောင်း အတော်လေး သိသွား ကြပြီဆို‌တော့ ဆုံးရှုံးမှု နည်းအောင် အကျိုးရှိရှိ အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင့်...

Ref; https://bit.ly/3H0ME1L

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်