စွယ်စုံဝါး

23/01/2018 13:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
လူသားတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးလုံးကို သူတို့တွေက ဖြည့်ဆည်းပေးနိုင်ပါတယ်။ သူတို့ကို စားလို့ရတယ်။ သူတို့ကို ဝတ်လို့ရတယ်။ သူတို့ကို သုံးပြီး နေ၊လေ၊ မိုးဒဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့ ခိုင်ခံ့တဲ့ အဆောက်အအုံ တွေ ဆောက်လို့ရတယ်။ သူတို့က လေကို တုန်ခါမှုပြုပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ ဂီတသံတွေကို ထွက်ပေါ်စေနိုင်တယ်။ သူဟာ ဆေးဝါးအဖြစ်အနာတွေကို ကျက်စေတယ်။ နည်း မျိုးစုံနဲ့ လူသားတွေကို အကျိုးပြု ပေးနေတဲ့ သူတို့တွေကတော့ မြက်မျိုးရင်းတစ်ခုဖြစ်တဲ့ ဝါးတွေပဲ ဖြစ်ပါတယ်။
 
ကမ္ဘာပေါ်မှာရှိတဲ့ ကြီးထွားမှုအမြန်ဆုံး အပင်တွေ ထဲမှာ ဝါးပင်တွေကလည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ အချို့ဝါးမျိုးစိတ်တွေဆိုရင် ၂၄ နာရီအတွင်း ၁၀၀ စင်တီမီတာ (၃၉လက်မ) အထိတောင်ရှည်လျားနိုင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ကြီးထွားမှုနှုန်းကတော့ ပေါက်ရောက်ရာဒေသရဲ့ မြေအမျိုးအစား၊ ရာသီဥတုအခြေအနေနဲ့ ဝါးမျိုးစိတ်အများစုကတော့ ကြီးထွားချိန် ရာသီမှာ တစ်ရက်ကို ၁ လက်မကနေ ၄ လက်မထိရှည်လျားနိုင်ပါတယ်။
 
အခြားသော သစ်ပင်တွေနဲ့ ဝါးပင်တွေရဲ့ အဓိက ကွားခြားချက်ကတော့ ဝါးပင်တွေက မျှစ်စို့တွေအဖြစ်နဲ့ မြေကြီးထဲက စတင်ထွက်ပေါ်လာတဲ့အချိန်မှာ လုံးပတ်အပြည့်နဲ့ ထွက်လာခဲ့ပြီး ကြီးထွားချိန် ရာသီအတွင်းမှာ အမြင့်နိုင်ဆုံးသော အတိုင်းအတာကို ရောက်ရှိသွားခြင်းပဲ ဖြစ်တယ်။
 
ဝါးပင်တွေဟာ နေရာဒေသမရွေး ပေါက်နိုင်တဲ့အကြမ်းခံ၊နှစ်ရှည်ခံအမြဲစိမ်းပင်များ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေများစွာ နဲ့ လိုက်လျောညီထွေစွာ ပေါက်ရောက်နိုင်တဲ့ ဝါးပင်တွေမှာ မျိုးစိတ်ပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ သစ်ပွ (softwood) အများစုက ခုတ်လှဲ သုံးစွဲဖို့ ၁၀ နှစ်ကနေ ၂၀ ထိစောင့်ရပေမဲ့ ဝါးပင်တွေကိုတော့ ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ ခုတ်ယူအသုံးပြု လို့ရပါပြီ ။ ကြီးထွားမှုမြန်ဆန်ခြင်းတွေ၊ ခုတ်လှဲပြီးတဲ့အခါမှာ ပြန်လည်ကြီးထွားလာနိုင်ခြင်းတွေက ဝါးပင်တွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ 
 
ဝါးနှင့် သဘာဝပတ်ဝန်းကျင်
 
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဝါးပင်တွေဟာ အခြားသော သစ်ပင်တွေထက် ရေစုပ်ယူမှုနည်းတဲ့အပြင် ရေနဲ့ မြေဆီလွှာရဲ့ အရည်အသွေးကိုပိုမို ကောင်းမွန်စေပါတယ်။ ဝါးမြစ်တွေရဲ့ ကုပ်တွယ်မှု အားကောင်းခြင်းကြောင့်မြေဆီလွှာတိုက်စားမှုက လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဝါးပင်တွေက အရိပ်အဖြစ်နဲ့လည်းကောင်း၊ အသံတွေကို တားဆီးပေးတဲ့အဟန့်အတားအဖြစ်နဲ့လည်းကောင်း၊ လေကာ(wind-break)အဖြစ်နဲ့လည်းကောင်း အမျိုးမျိုးအသုံးဝင်ပြန်ပါတယ်။
 
အခြားသော သစ်ပင်တွေနဲ့ ယှဉ်ရင်ဝါးပင်တွေက အစာချက်  (photosynthesis) လုပ်ရာမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို ငါးဆ ပိုမိုစုပ်ယူသုံးပြီး အောက်ဆီးပြန်လည်ထုတ်လွှတ်ပေးပါတယ်။ ဒီအချက်က ကမ္ဘာကြီးပူနွေးလာခြင်းဆိုတဲ့ ပြဿနာကို တိုက်ဖျက်တဲ့နေရာမှာ အရေးပါလှတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။
 
ဝါးနဲ့အဆောက်အဦးများ
 
အဆောက်အဦးတွေ ဆောက်လုပ်တဲ့အခါမှာ ဝါးရဲ့ အားသာချက်ကတော့သူရဲ့ကွေးညွှတ်နိုင်မှုတွေ၊ ကြံ့ခံမှုတွေနဲ့ ပေါ့ပါးမှုတွေပဲ ဖြစ်ပါတယ်။ ဒီ့အပြင် ဝါးဟာ ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ အပင်အမျိုးအစားလည်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က ကိုစတာရီကာနုင်ငံ ပြင်းထန်စာလှုပ်ရှားခဲ့တဲ့ မြေငလျင်မှာ အမျိုးသား ဝါးစီမံကိန်း (National Bomon Prjece)  အရ ဝါးနဲံဆောက်လုပ်ထားတဲ့ အဆောက်အအုံ တွေသာအဆိုပါ ငလျင်ဒဏ်သင့်ဒေသမှာ မပြိုမလဲနဲ့ ကြံ့ကြံ့ခံစွာ ကျန်ရှိနေခဲ့ပါတယ်။
 
တစ်ဖန် ဝါးကို ငြမ်းအဖြစ် အသုံးပြုခဲ့ကြတာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ခြောက်ထပ်ထက်မြင့်တဲ့ အဆောက်အဦးတွေအတွက်ငြမ်းအသုံးပြုခွင့်ကို တားမြစ်ထားပေမဲ့ ဟောင်ကောင်မှာတော့ မိုးမျှော်တိုက်ကြီးတွေဆောက်လုပ်ရာမှာတောင် ဝါးနဲ့ ပြုလုပ်တဲ့ ငြမ်းများကို အသုံးပြုနေကြဆဲပါပဲ။
 
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာ ဝါးအထပ်သားတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ဆောက်လုပ်ရေးပညာရှင်တွေ၊ ဗိသုကာ ပညာရှင်တွေနဲ့ အသုံးပြုသူတွေကြားမှာ ထင်ရှားလာခဲ့ပါတယ်။ ဝါးအထပ်သားတွေနဲ့ ကြမ်းခင်းတွေ၊ အခန်းကန့်နံရံတွေ၊ ဗီရိုတွေ ၊ အခြားသော အိမ်အလှဆင် ပစ္စည်းတွေသာမက အခြားသောအိမ်အလှဆင် ပစ္စည်းများစွာကိုပါ ပြုလုပ်နိုင်ပါတယ်။ လှပခြင်း၊ လိုချင်တဲ့ပုံစံကို ဖန်တီးနိုင်ခြင်း၊ ကြာရှည်ခံခြင်းဆိုတဲ့ အချက်တွေက ဝါးအထပ်သားတွေရဲ့ ဆွဲဆောင်မှုတွေပဲ ဖြစ်ပါတယ်။
 
ဝါးနှင့် အစားအစာ
 
အာရှတိုက်သားတွေအတွက်တော့ဝါးပင်ပေါက် တစ်နည်းအားဖြင့် မျှစ်တွေနဲ့စွဲမက်ဖွယ် ဟင်းအမယ်ပေါင်းများစွာကို ဖန်တီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နေရာဒေသမရွေး၊အဆင့်အတန်းမရွေး မျှစ်ဆိုသော ဝါးပင်ပေါက်ကို သူ့ချည်းပဲ သက်သက်ဖြစ်စေ၊ အချဉ်ဖေါက်ပြီးဖြစ်စေ၊ အသားငါးနဲ့ ရောပြီးဖြစ်စေ ကြော်လှော်ချက်ပြုတ်စားသောက်ကြပါတယ်။ ဝါးရဲ့ အခေါက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်စေနိုင်တဲ့ဂုဏ်သတ္တိ(antioxidant property)က ဘတ်တီးရီးယားတွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အတွက်ကြောင့် ဂျပန်လူမျိုးတွေကတော့ အစားအသောက်တွေကို သဘာဝနည်းနဲ့ တာရှည်ခံအောင်ပြုလုပ်ရာမှာ ထမင်းချက်တာတွေ၊ ဝါးနဲ့ ကောက်ညှင်းပေါင်းတာတွေလည်း အာရှတိုက်ရဲ့ တမူထူးခြားတဲ့ ချက်ပြုတ်နည်းတွေပဲ ဖြစ်ပါတယ်။
 
ဝါးနှင့်ဆေးဝါး
 
အာယုဗေဒ ဆေးပညာအရရော တရုတ်ဆေးပညာ အရပါ ဝါးကို ဆေးဝါးအဖြစ်သုံးစွဲခဲ့တာ ရာစုနှစ်များစွာ ရှိခဲ့ပါပြီး။ တရုတ်ဆေးပညာ နဲ့ ဝါးကို ချောင်းဆိုးပျောက်ဆေး၊ ရင်ကျပ် ပျောက်ဆေး၊ အဖျားကျဆေးများအဖြစ် ဖော်စပ်အသုံးပြုကြပါတယ်။ ဆက်လက်ပြီးတော့လည်း ဝါးပင်ကပေးတဲ့ ကျန်းမာရေးအသီးအပွင့်တွေကို ဆက်လက်သုတေသနပြု ဖော်ထုတ်နေကြဆဲဖြစ်ပါသည်။
 
ဝါးနှင့် အဝတ်အထည်
 
ယခုအခါ အထည်အလိပ်လုပ်ငန်းတွေမှာ ဝါးကို အသုံးပြုနေကြပါပြီ။ ဝါးမျှင် တွေနဲ့ မျက်နှာသုတ်ပုဝါကစလို့အနွေးထည်တွေထိပါချုပ်လုပ်ဝတ်ဆင်နိုင်ပါတယ်။ ဝါးနဲ့ အဝတ်အထည်ချုပ်လုပ်ရာမှာ အားသာချက်တွေကတော့ လေဝင်လေထွက်ကောင်းခြင်း၊ နူးညံ့ခြင်းနဲ့ ဆန့်ကျုံ့နိုင်ခြင်း(elasticity) တို့တွေပဲဖြစ်ပါတယ်။ အားနည်းချက်တစ်ခုကတော့ ဝါးမျှင်တွေဟာ အလွန်တိုလွန်းတာကြောင့် (အရှည်ဆုံးမှာ ၃ မီလီမီတာသာရှိ) ချည်ခင်အဖြစ် ရက်လုပ်ရာမှာ သဘာဝနည်းစနစ်တွေနဲ့ ပြုလုပ်လို့မရဘဲ ဓာတုပစ္စည်းများစွာကို အသုံးပြုရခြင်းပဲဖြစ်ပါတယ်။
 
ဝါးနှင့် စက္ကူ
 
ဝါးရဲ့ အသုံးဝင်ပုံတွေက ဒီမျှတင်မကသေးပါဘူး။ လူသားတွေရဲ့နေ့စဉ်ဘဝမှာ အမြဲထိတွေ့အသုံးပြုနေရတဲ့ အသုံးပြုနေရတဲ့ စက္ကူဆိုတာ ဝါးပင်ကို အဆင့်ဆင့်ကြိတ်ပြီး ရရှိလာတဲ့ ဝါးပျော့ဖတ်တွေနဲ့ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဝါးပျော့ဖတ်တွေကိုတော့ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ အများဆုံး ထုတ်လုပ်ကြပါတယ်။
 
ဝါးနှင့်ဂီတ တူရိယာ 
 
ဝါးဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့ညင်သာမှု၊ ရွှင်လန်းအေးချမ်းမှုတွေကို လည်းပေးစွမ်းနိုင်ပါတယ်။ ဝါးရဲ့ ခေါင်းပွသဘာဝကြောင့် သူ့ကို အသုံးပြုလေမှုတ်တူရိယာနဲ့ စည်းချက်တူရိယာ (percussion)များကိုပြုလုပ်ကြပါတယ်။ ကမ္ဘာတစ်လွှားမှာ ဝါးနဲ့ပြုလုပ်တဲ့ တူရိယာပစ္စည်းအမျိုးအစားများစွာ ပြုလုပ်ကြပါတယ်။ မြန်မာနိုင်ငံ မှာတင် ဝါးပလွေ၊ ဝါးပတ္တလား၊ဝါးလက်ခုတ်စသည်ဖြင့်ဝါးနဲ့ တူရိယာများစွာ ပြုလုပ်ကြပါတယ်။ အခြားသော တူရိယာပစ္စည်းတွေဖြစ်တဲ့ စန္ဒရား၊ ဂီတာ ၊ တယောတွေနဲ့ နှိုင်းယှဉ်ရင်ပေါများစွာရရှိတဲ့  ဝါးပြုလုပ်ထားတဲ့ တူရိယာပစ္စည်းတွေဟာ ဈေးနှုန်းချိုသာခြင်းကြောင့် လူတန်းစားတိုင်း လက်လှမ်းမီနိုင်တဲ့ စိတ်အပန်းဖြေစရာဖျော်ဖြေရေးပစ္စည်းတွေဖြစ်နေပါတော့တယ်။
 
ဝါးမီးသွေး
 
     ဝါးမီးသွေးကို ဝါးပင်ရဲ့ ပင်စည်၊ အကိုင်းအခက် အလက်၊ အမြစ်တွေနဲ့ပြုလုပ်နိုင်သလို၊ ဝါးနဲ့ အခြားသော အသုံးအဆောင်ပစ္စည်းတွေကို ပြုလုပ်ရာမှာ ကြွင်းကျန်ရစ်တဲ့ ဝါးမှုန် ၊ဝါးဖတ်တွေနဲ့ လည်းပြုလုပ်ကြပါတယ်။ ကမ္ဘာတစ်လွှားမှာ လောင်စာထင်းအတွက် သစ်ပင်တွေ အလွန်အကျွံခုတ်လှဲမှုတွေ တားဆီးမှုကင်းမဲ့စွာဖြစ်ပေါ်နေတဲ့ အချိန်မှာ သစ်အစားထိုးလောင်စာအဖြစ် ဝါးမီးသွေး ထုတ်လုပ်မှုတွေကို များစွာ အားပေးသင့်ပါတယ်။ အခြားသော သစ်ပင်တွေနဲ့ ယှဉ်ရင် ဝါးပင်တွေက ကြီးထွားမှုမြန်ဆန်သလို ပန်းမပွင့်ခင်အချိန် (အနည်းဆုံး ၆၅ နှစ်မှ ၁၂၀) နှစ်အတွင်း အမြစ်ကို မတူးထုတ်သရွေ့ ခုတ်လှဲပြီးတိုင်း ပြန်လည်ကြီးထွားလာနိုင်တာကြောင့် ဝါးဟာ နောင်တစ်ချိန်မှာ အားကိုးစရာ ဇီဝလောင်စာတစ်ခု ဖြစ်လာမှာ မလွဲပါဘူး
 
 ဝါးမီးသွေးမှာ ရေမှာပျော်ဝင်နေတဲ့ အန္တရာယ်ရှိသော ဓာတုပစ္စည်းတွေကို စုပ်ယူပေးနိုင်ပြီး သတ္တုဓာတ်တွေကို ထုတ်လွှတ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိ တာကြောင့် ရေသန့် စင်တဲ့ ပစ္စည်း (purification agent) အဖြစ်လည်းသုံးစွဲလို့ရပါတယ်။ ဒီ့အပြင်ဝါးမီးသွေးဟာ လေထုထဲက အနံ့ဆိုးတွေနဲ့ အချို့ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ တွေကို စုပ်ယူပြီးလေထုကို သန့်စင်ပေးနိုင်တယ်။ စိုထိုင်းမှုကို ထိန်းညှိပေးတယ်။ မှိုဒဏ်ကနေလည်းကာကွယ်ပေးနိုင်တယ် စတဲ့ ဂုဏ်သတ္တိတွေကိုလည်း ပိုင်ဆိုင်ထားပြန်ပါတယ်။
 
 ဝါးရဲ့ စွယ်စုံအသုံးဝင်မှုတွေကတော့ တင်ပြလို့မကုန် ဖော်ထုတ်လို့မကုန်နိုင်ပါဘူး။ လူသားနဲ့ ဝါးပင်အကြားခွဲခြားထားလို့မရတဲ့ အချိတ်အဆက်တွေနဲ့ အတူတကွ တည်ရှိနေခဲ့တာနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ကြီးထွားလွယ်တယ်၊ ကြီးထွားမြန်တယ်၊ ပေါများတယ်ဆိုပြီး အလွန်အကျွံ သုံးစွဲမှုမျိုးကိုတော့ ဆင်ခြင်ဖို့လိုအပ်ပါလိမ့်မယ်။ သဘာဝကို အကျိုးပြုတဲ့ဝါး၊ လူသားတွေကို အကျိုးပြုတဲ့ ဝါးတွေကို များများစိုက်ပျိုးရမယ်၊ ရှိတဲ့ ဝါးတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်မယ်၊ ဝါးကပေးတဲ့ အကျိုးရလဒ်တွေကို တန်ဖိုးထားသုံးစွဲမယ်ဆိုရင် ဝါးနဲ့ လူသားကြားက အတူတကွ ရှင်သန်နေထိုင်မှုတွေက ကမ္ဘာတည်သရွေ့ တည်မြဲနေမှာ မလွဲဧကန်ပါပဲ။
 
ကိုးကား- ဝါး သို့မဟုတ် အစိမ်းရောင်ဝါး

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်