ကျွေးစာအရည်အသွေး- အစာကြေလွယ်၍ ပုပ်သိုးမှုမရှိ၊ သန့်ရှင်းသည့် မွေးမြူရေးကျွေးစာကို တတ်နိုင်သမျှ ရွေးချယ်ပါ။
ကျွေးစာတွဲဖက်ကျွေးခြင်း- ကျွေးစာကြမ်းအတွက် အလုံပိတ် အချဉ်ဖောက်ထားသော ပြောင်းရိုး၊ ပဲပုပ်ပင်ရိုး၊ မြေပဲပင် နှင့် မြက်ခြောက်များကို သိပ္ပံနည်းကျ ရောနှော ကျွေးနိုင်ပါသည်။ ကျွေးစာနုအတွက် ပြောင်းဖူး ၆၀%၊ ပဲဖတ် ၂၀%၊ ဂျုံမှရရှိ သော ဖွဲနု ၄%၊ ဆား၁%၊ baking soda ၁% စသည့် အချိုးများဖြင့်ရောနှောအစာကျွေးနိုင်သည်။ ဆိတ် မဆူဖြိုးမီကာလတွင် ကျွေးစာကြမ်းနှင့် ကျွေးစာနုတို့၏အချိုးမှာ ၇:၃ ဖြစ်၍ နောက်ပိုင်းကာလတွင် ၅:၅ သို့တစ်ဖြည်းဖြည်း ပြောင်းလဲပေးရမည်ဖြစ်ကြောင်း သိရပါသည်။
ကျွေးစာပမာဏ- ဆိတ်၏ နေ့စဉ်စားသောက်သော အစာခြောက်များသည် ခန္ဓာကိုယ်အလေးချိန်၏ ၂.၅%မှ ၃% အထိ နေရာယူထားသည်။ ဥပမာ- (၅၀)ကီလိုဂရမ်လေးသောဆိတ်သည် နေ့စဉ် (၁.၂၅-၁.၅) အလေးချိန်ရှိသော ကျွေးစာကို စားပေးရပါမည်။ ကုန်ခြောက်အရည်အသွေးအရ လက်ရှိကာလတွင် နံနက်(၇)နာရီနှင့် ညနေ(၅)နာရီတွင် နှစ်ကြိမ်ကျွေးပြီး ည(၁၀)နာရီမှ (၁၁)နာရီတွင် တစ်ကြိမ် ထပ်ကျွေးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
ရေသောက်သုံးခြင်း- လုံလောက်သော သန့်စင်သည့်ရေကို တိုက်ကျွေးပေးရမည်။ ဖြစ်နိုင်လျှင် ပိန်နေသောဆိတ်အား ရေနွေးနွေးလေးကို တိုက်ပေးရမည်ဖြစ်သည်။
အထက်ပါ အချက်အလက်များ သာမက ဆိတ် မွေးမြူသူများသည် ပုံမှန်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ကောင်းစွာလုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။ သာမန်အားဖြင့် ရက်(၂၀-၃၀)အကြာခန့်တွင် ပိန်နေသောဆိတ်များမှာ စတင်ဆူဖြိုးလာမည်ဖြစ်သည်။
ကိုးကား- www.agri.cn မှကောက်နှုတ်ဖော်ပြပါသည်။