ဘာကြောင့် ကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့ လိုအပ်တာလဲ?

25/11/2020 11:45 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    မင်္ဂလာပါ ။  စာဖတ်ပရိတ်သတ်တွေ အနေနဲ့ “ဖွံ့ဖြိုးတိုးတက်မှု” ဆိုတဲ့ စကားလုံးလေးတွေကိုတော့ တီးမိခေါက်မိရှိကြပြီလို့ ယူဆပါတယ်။ အကြောင်းကတော့ အပြောများလာတဲ့ဖွံ့ဖြိုးတိုးတက်မှု (၁) (၂) (၃) ဆိုပြီး ဆောင်းပါး(၃) ပုဒ်နဲ့ ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့်ပါ။

    ဒီတော့ ကျွန်မတို့တောင်သူတွေအနေနဲ့ ဒီလို စိုက်ပျိုးရေးအကြောင်းမဟုတ်တဲ့ အယူအဆတွေကို ဘာကြောင့် လေ့လာဖို့လိုသလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားချင်ပါတယ်။

၁။ ကျေးလက်ဖွံ့ဖြိုးရေးဆိုတာ တစ်နည်းအားဖြင့် တောင်သူတွေဖွံ့ဖြိုးရေး

     ကျေးလက်မှာနေထိုင်သူအများစုက စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူအများစုဖြစ်လို့ ဒီလိုအကြောင်းအရာတွေက တောင်သူတွေနဲ့ လုံးဝကို သက်ဆိုင်နေရတာပဲဖြစ်ပါတယ်။

၂။ ထုတ်ကုန်အခြေခံအရင်းအမြစ်တွေရဲ့ နေရပ်

    မြို့ပြမှာနေထိုင်သူပဲဖြစ်ဖြစ် ကျေးလက်မှာနေထိုင်သူပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ နေ့စဉ်အသက်ရှင်နေထိုင်မှုအတွက် အခြေခံလိုအပ်ချက်အစားအစာတွေကို ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ကျေးလက်ဒေသတွေစီကနေ ရရှိတာဖြစ်ပါတယ်။ စိုက်ကွင်းတွေဆိုတာကလည်း ကျေးလက်မှာရှိကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးတွေကလည်း ကျေးလက်မှာနေထိုင်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသတွေရဲ့ ဖွံ့ဖြိုးရေးက ကိုယ်တိုင်ကျေးလက်မှာ မနေရင်တောင်၊ စိုက်ပျိုးရေးမလုပ်ရင်တောင် သက်ဆိုင်နေမှာပဲဖြစ်ပါတယ်။

၃။ စီးပွားရေးလုပ်ငန်းပေါင်းစုံနဲ့ ဆက်စပ်ရာနေရာ

    နိုင်ငံရဲ့ နိုင်ငံခြားတင်ပို့ကုန်တွေကအစ ကျေးလက်စိုက်ပျိုးရေးတွေကနေ ထွက်ရှိတာဖြစ်ပါတယ်။ ဒီလို နိုင်ငံဘဏ္ဍာနဲ့ဆက်စပ်နေတဲ့ အခြေခံအကျဆုံးနေရာကလည်း ကျေးလက်ဒေသပါပဲ။ အရင်ဆောင်းပါးတွေမှာဖော်ပြခဲ့သလို ကျေးလက်ဒေသတွေဖွံ့ဖြိုးလာတဲ့ အခါမှ မြို့ပြရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ပိုမိုလည်ပတ်နိုင်လာမှာဖြစ်ပါတယ်။ 

    ကုန်သည်တွေပြောကြသလို “ဒီနှစ် လယ်သမားတွေစပါးမရတော့ စျေးရောင်းမကောင်းဘူး” ဆိုတဲ့ စကားတွေကြားဖူးကြမှာပါ။ ဒါက ကျေးလက်ဒေသရဲ့ အချက်အချာကျမှုကို ထောက်ပြနေတာပဲဖြစ်ပါတယ်။

    ဒါကြောင့် သင်က ဒီလိုမျိုး အရေးပါတဲ့အခန်းကဏ္ဍမှာ နေထိုင်နေသူ၊ အလုပ်လုပ်နေသူဖြစ်တယ်ဆိုရင်တော့ ဂုဏ်ယူသင့်ပါတယ်။ တောင်သူလုပ်တယ်၊ ကျေးလက်မှာနေတယ်ဆိုတာကို ရဲရဲပြောပြီး ကျေးလက်ဒေသဖွံ့ဖြိုးဖို့ ရဲရဲဝံ့ဝံ့ တောင်းဆိုရွေးချယ်ရမှာပဲဖြစ်ပါတယ်။

    ဒီလို တောင်းဆိုတတ်ဖို့ ရွေးချယ်တတ်ဖို့ သိထားသင့်တဲ့ ဗဟုသုတတွေကိုတော့ အရင်က ဆောင်းပါးတွေမှာ ဖော်ပြခဲ့ပြီးလည်းဖြစ်သလို နောက်ဆောင်းပါးတွေမှာလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်