ဘာကြောင့် ကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့ လိုအပ်တာလဲ?
မင်္ဂလာပါ ။ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ “ဖွံ့ဖြိုးတိုးတက်မှု” ဆိုတဲ့ စကားလုံးလေးတွေကိုတော့ တီးမိခေါက်မိရှိကြပြီလို့ ယူဆပါတယ်။ အကြောင်းကတော့ အပြောများလာတဲ့ဖွံ့ဖြိုးတိုးတက်မှု (၁) (၂) (၃) ဆိုပြီး ဆောင်းပါး(၃) ပုဒ်နဲ့ ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့်ပါ။
ဒီတော့ ကျွန်မတို့တောင်သူတွေအနေနဲ့ ဒီလို စိုက်ပျိုးရေးအကြောင်းမဟုတ်တဲ့ အယူအဆတွေကို ဘာကြောင့် လေ့လာဖို့လိုသလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားချင်ပါတယ်။
၁။ ကျေးလက်ဖွံ့ဖြိုးရေးဆိုတာ တစ်နည်းအားဖြင့် တောင်သူတွေဖွံ့ဖြိုးရေး
ကျေးလက်မှာနေထိုင်သူအများစုက စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူအများစုဖြစ်လို့ ဒီလိုအကြောင်းအရာတွေက တောင်သူတွေနဲ့ လုံးဝကို သက်ဆိုင်နေရတာပဲဖြစ်ပါတယ်။
၂။ ထုတ်ကုန်အခြေခံအရင်းအမြစ်တွေရဲ့ နေရပ်
မြို့ပြမှာနေထိုင်သူပဲဖြစ်ဖြစ် ကျေးလက်မှာနေထိုင်သူပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ နေ့စဉ်အသက်ရှင်နေထိုင်မှုအတွက် အခြေခံလိုအပ်ချက်အစားအစာတွေကို ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ကျေးလက်ဒေသတွေစီကနေ ရရှိတာဖြစ်ပါတယ်။ စိုက်ကွင်းတွေဆိုတာကလည်း ကျေးလက်မှာရှိကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးတွေကလည်း ကျေးလက်မှာနေထိုင်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသတွေရဲ့ ဖွံ့ဖြိုးရေးက ကိုယ်တိုင်ကျေးလက်မှာ မနေရင်တောင်၊ စိုက်ပျိုးရေးမလုပ်ရင်တောင် သက်ဆိုင်နေမှာပဲဖြစ်ပါတယ်။
၃။ စီးပွားရေးလုပ်ငန်းပေါင်းစုံနဲ့ ဆက်စပ်ရာနေရာ
နိုင်ငံရဲ့ နိုင်ငံခြားတင်ပို့ကုန်တွေကအစ ကျေးလက်စိုက်ပျိုးရေးတွေကနေ ထွက်ရှိတာဖြစ်ပါတယ်။ ဒီလို နိုင်ငံဘဏ္ဍာနဲ့ဆက်စပ်နေတဲ့ အခြေခံအကျဆုံးနေရာကလည်း ကျေးလက်ဒေသပါပဲ။ အရင်ဆောင်းပါးတွေမှာဖော်ပြခဲ့သလို ကျေးလက်ဒေသတွေဖွံ့ဖြိုးလာတဲ့ အခါမှ မြို့ပြရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ပိုမိုလည်ပတ်နိုင်လာမှာဖြစ်ပါတယ်။
ကုန်သည်တွေပြောကြသလို “ဒီနှစ် လယ်သမားတွေစပါးမရတော့ စျေးရောင်းမကောင်းဘူး” ဆိုတဲ့ စကားတွေကြားဖူးကြမှာပါ။ ဒါက ကျေးလက်ဒေသရဲ့ အချက်အချာကျမှုကို ထောက်ပြနေတာပဲဖြစ်ပါတယ်။
ဒါကြောင့် သင်က ဒီလိုမျိုး အရေးပါတဲ့အခန်းကဏ္ဍမှာ နေထိုင်နေသူ၊ အလုပ်လုပ်နေသူဖြစ်တယ်ဆိုရင်တော့ ဂုဏ်ယူသင့်ပါတယ်။ တောင်သူလုပ်တယ်၊ ကျေးလက်မှာနေတယ်ဆိုတာကို ရဲရဲပြောပြီး ကျေးလက်ဒေသဖွံ့ဖြိုးဖို့ ရဲရဲဝံ့ဝံ့ တောင်းဆိုရွေးချယ်ရမှာပဲဖြစ်ပါတယ်။
ဒီလို တောင်းဆိုတတ်ဖို့ ရွေးချယ်တတ်ဖို့ သိထားသင့်တဲ့ ဗဟုသုတတွေကိုတော့ အရင်က ဆောင်းပါးတွေမှာ ဖော်ပြခဲ့ပြီးလည်းဖြစ်သလို နောက်ဆောင်းပါးတွေမှာလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးကျော်သောင်း
လွန်ခဲ့သော ၅ နှစ် ကရေရခင်လို
ဦးကျော်သောင်း
လွန်ခဲ့သော ၅ နှစ် ကတိုရွှာမဆင်ပြေးလိုး
ဦးစိုးသန်းစံ
လွန်ခဲ့သော ၅ နှစ် ကကျေးလက်နေတောင်သူဖြစ်လိုဂုဏ်ယူပါတယ်
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....