ကမ္ဘာ့ဈေးကွက်အတွက် သီးနှံ

23/01/2018 13:43 PM တွင် U Maung Maung Htwe U Maung Maung Htwe မှ ရေးသား

ငရုတ်ကောင်းBlack Pepper သည် စီးပွားရေးအရ အလွန်အရေးပါသော အမွှေးအကြိုင်နှင့် ဆေးဖတ်ဝင်ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အများဆုံးစိုက်ပျိုးသော နိုင်ငံများမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ နှင့် ဘရာဇီး နိုင်ငံတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငရုတ်ကောင်းကို တနသာင်္ရီတိုင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အဓိကထား စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ငရုတ်ကောင်းစိုက်ပျိုးသော ဒေသများသည် တစ်နှစ်တွင် မိုးရေချိန် ၁၅၀-၂၀၀ လက်မခန့် ရရှိပြီး ခြောက်သွေ့သောကာလမှာ ၆ လမျှတာရှည်သည်။ ငရုတ်ကောင်းအများဆုံးစိုက်သော ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မိုးရေချိန်လက်မ ၁၀၀ မှ ၁၂၅ သာ ရှိသော်လည်း ခြောက်သွေ့သော ကာလမှာ ၂ လခန့်သာ ကြာရှည်သည်။ ထို့ကြောင့် ငရုတ်ကောင်းကို စီးပွားဖြစ်စိုက်ပျိုးလိုလျှင် တစ်နှစ်ပတ်လုံး အစိုဓာတ်ရရှိနိုင်သော စိမ့်စမ်းရှိသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ ငရုတ်ကောင်းပင်သည် တစ်နှစ်ပတ်လုံး အစိုဓာတ်ရရှိသော ဒေသများတွင် တစ်နှစ်နှစ်ကြိမ် အသီးသီးသည်။

ငရုတ်ကောင်းပင်၏ ရုက္ခဗေဒ

စီးပွားဖြစ်စိုက်ပျိုးသော ငရုတ်ကောင်းပင်၏ ရုက္ခဗေဒမှာPiper nigrum linn ဖြစ်ပြီး မျိုးရင်းမှာ Piperaceae မျိုးရင်းဝင်ဖြစ်သည်။ အပင်မှာ ရှည်လျားသော နွယ်ပင်၊ ကောက်ကွေ့သောပင်စည်ရှိပြီး၊ ဖောင်းနေသော အဆစ်များတွင် အမြစ်များရှိပြီး မှီတက်ရန် တိုင်များတွင် တွယ်ကပ်နိုင်သည်။ အရွက်မှာ ရွက်ပြားဖြစ်ပြီး ဘဲဥပုံအဝိုင်းပုံစံဖြစ်ကာ ထိပ်ချွန်ပြီး အလျားလိုက်ရွက်ကြောများ ထူထဲပြီးအစိမ်းရင့်ရောင်ရှိသည်။ သေးငယ်သော အဖြူရောင်အပွင့်များသည် ရိုးတံပေါ်တွင် အစီအရီရှိပြီး လိင်စုံပွင့်များဖြစ်သည်။ သေးငယ်သောအသီးများသည် အလုံးပုံရှိပြီး တိုပြီးတွဲလောင်းကျနေသော ရိုးတံပေါ်တွင် ရှိသည်။ အသီးခိုင်မှာ ၄ မှ ၁၂ စင်တီမီတာ ရှိသည်။ အသီးလုံးများမှာ ၃ မှ ၆ မီလီလီတာရှိပြီး ပြောင်ချောနေသည်။ ပထမတွင် အစိမ်းရောင်ရှိပြီး နောက်ပိုင်းရင့်သွား သောအခါ အနီရောင်ပြောင်းသွားသည်။ ရင့်မှည့်သော အသီးများကို အခြောက်ခံလိုက်လျှင် ရှုံ့ပြီး အနက်ရောင် ပြောင်းသွားသည်။ ၎င်းမှာ ကုန်သွယ်ရေးအရ ငရုတ်ကောင်းအနက်ဖြစ်ပြီး အခွံချွတ်ထားသော အသီးမှာ ကုန်သွယ်မှု ပြုလုပ်သော အဖြူရောင် ငရုတ်ကောင်းများဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် စိုက်နေသော ငရုပ်ကောင်းမျိုးများမှာ အိန္ဒိယနိုင်ငံမှ မျိုးများဖြစ်နိုင်သည်။ ၎င်းမှာ နှစ်ပေါင်းများစွာမှ စိုက်ပျိုးလာသော မျိုးဖြစ်၍ ဒေသမျိုးဟုပင် ခေါ်ဆိုနိုင်သည်။ မွန်ပြည်နယ်မှ ထွက်သော ငရုပ်ကောင်းမျိုးမှာ အစေ့သေးငယ်ပြီး ရခိုင်ပြည် ဘင်္ဂလားဒက်(ရှ်) မှ လာသော ငရုပ်ကောင်းမျိုးစေ့များသည် အလုံးအနည်းငယ်ကြီးသည်။

ကမ္ဘာ့စျေးကွက် စီးပွားရေး အဖြစ် စိုက်သောမျိုးများမှာ

၁။ အိန္ဒိယနိုင်ငံ မဒရပ်(စ်) မျိုးများမှာ ဘလမ်ကိုတာ (Balamcotta ) အရွက်အနားတွန့်မျိုးနှင့် အရွက်သေးမျိုးတို့ ဖြစ်သည်။

၂။ ယိုးဒယားမျိုးများမှာ ထရန်း(Treng) မျိုးဖြစ်ပြီး အသီးသေးပြီး အလျားရှည်သော ပန်းခိုင်ရှိသည်။ စျေးမှာ အကောင်းဆုံးဖြစ်ပြီး ကြိတ်ခွဲခံသော မျိုးများဖြစ်သည်။

၃။ ဆူမားထရား မျိုးများမှာ လာဒါကဝါ(Lada Kawar)၊ လာဒါမာနာ (Lada mana)၊ လာဒါဂျန်ဘီ (Lada Jambi) တို့ဖြစ်သည်။ ၎င်းအပြင် အပင်ပုမျိုးများလည်း ပါဝင်သည်။ အပင်ပုမျိုးများသည် အထွက်နှုန်းကောင်းသော်လည်း တစ်ဧက အထွက်နှုန်းမှာ ပင်ထောင်မျိုးထက် အထွက်နှုန်းနည်းသည်။

မြန်မာနိုင်ငံတွင် ငရုပ်ကောင်းစိုက်ပျိုသော ဒေသများမှာ တနသာင်္ရီတိုင်း ၊ ရခိုင်ပြည်နယ၊် တောင်ငူ၊ သံတောင်ကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်သည်။ ငရုပ်ကောင်းကို သီးသန့်စိုက်ခြင်း မရှိဘဲ အသီးပင်ကြီးများ ကွမ်းသီးပင်၊ အုန်းပင် စသည် အပင်များတွင် တင်၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ငရုပ်ကောင်းစိုက်ပျိုးသော ဒေသများသည် မိုးများသော ဒေသများဖြစ်ပြီး အေးမြသော တောင်ပေါ်ဒေသများတွင် အနည်းအကျင်း စိုက်ပျိုး ကြသည်။ ပင်ထောင်မျိုးများကို အများအားဖြင့် စိုက်ပျိုးကြသည်။ ပင်ပုမျိုးများသည် ဆွတ်ခူးရလွယ်ကူပြီး အထွက်နှုန်း ကောင်းသည်။ သို့သော် ပင်ထောင်မျိုးများလောက် အထွက်နှုန်းမကောင်းပါ။

ရာသီဥတု

ငရုပ်ကောင်း စီးပွားဖြစ်စိုက်ရန် အကောင်းဆုံးရာသီဥတုမှာ တစ်နှစ်ပတ်လုံး မိုးရွာသွန်းသော ကာလနှင့်ခြောက်သွေ့ သော ရာသီမရှိသော ဒေသတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်မှာ တစ်နှစ်ပတ်လုံး ၂ မှ ၂.၅ မီတာ ရရှိပြီး  လစဉ်မှန်မှန် ရွာသွန်းသော ရာသီးမျိုးကို နှစ်သက်သည်။ အရိပ်လည်း လိုအပ်သဖြင့် ငရုပ်ကောင်းခင်းကို တောရှင်းပြီး အခင်းတွင် စိုက်ပျိုးသင့်သည်။ ပူနွေးစိုစွတ်သော ရာသီဥတုကို နှစ်သက်သည်။ အရိပ်အာဝါသမရှိသော နေရာတွင် ငရုပ်ကောင်းပင်သည် ခြောက်သွေ့သော ကာလနှင့် လေပြင်းဒဏ်ကို ခံနိုင်သည်။

ငရုပ်ကောင်းကို စီးပွားဖြစ်စိုက်ရန်တောခုတ် ရှင်းထားသော နေရာသည်ကောင်းမွန်သည်။ ခြောက်သွေ့ကာလတွင် ပဲမျိုးရင်းဝင်ပင်မှအပ အခြားတွယ်တက်ရန် အပင်များကို ချိုင်ပေးပြီး အကိုင်းအခက်များကို မြေပေါ်တွင် ပြတ်တောက်ပြီး မြေကြီးကို အကာကွယ်ရအောင် ၎င်းနေရာတွင်ပင်ထားပြီး အခြောက်ခံပါ။ ပဲမျိုးရင်းပင် အပင်ကြီးများကိုလည်း ချိုင်ပြီး ငရုပ်ကောင်းပင်တက်ရန် အဖြစ် ထပ်မံစိုက်ပျိုးနိုင်သည်။ ငရုပ်ကောင်းပင်တွယ် တတ်ရန် သင့်တော်သော အပင်မျိုးများမှာ ဘောစကိုင်းပင်နှင့် ဂလာရီ ဆီးရီးယားခေါ် ကိုကိုးအရိပ်ပင် မြန်မာအခေါ် မြေပြန့်ချယ်ရီပင် တို့သည် စိုက်ပျိုးရလွယ်ကူပြီး ပဲမျိုးရင်းပင်များ ဖြစ်သောကြောင့် နိုက်ထရိုဂျင်ကိုပါ ပေးနိုင်သည်။ ၎င်းအပင်များသည် ခိုင်မာပြီး လျှင်မြန်စွာ ကြီးထွားသော အပင်များဖြစ်သည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်