အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၉)
အခန်း(၅) စိုက်ပျိုးရေးနှင့် သက်ရှိအားလုံးအတွက်ရေ
(Water for Agriculture and Life)
ရေသည် စိုက်ပျိုးရေးအတွက်သာမက သက်ရှိအားလုံးအတွက် အခြေခံလိုအပ်ချက် (Essential Requirement) ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးတွင်သာမက ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သယ်ယူပို့ဆောင်ရေးအားလုံးအတွက် ဘက်ပေါင်းစုံမှ လိုအပ်လျက်ရှိပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ရေလေ့လာမှုဌာနအသစ် ဖွင့်လှစ်ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင် ၍ ဘွဲ့ကြိုသင်တန်း သိပ္ပံဘွဲ့ (ရေလေ့လာရေးပညာ) B.Sc. (Water Studies) ကို ဖွင့်လှစ်နေပါပြီ။ (It is opened now)
အခြားနိုင်ငံတက္ကသိုလ်များတွင် မြေအောက်ရေနှင့် ရေ၏အရည်အသွေး (Ground Water and Water Quality)၊ ရေနှင့်ပတ်သက်သော အင်ဂျင်နီယာ (Water Engineering)၊ ရေနှင့် ရာသီဥတု အန္တရာယ် (Water and Climate Risk)၊ ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု (Water Resources Management)၊ ရေနှင့်လူမှုဘဝ (Water and Humanity) စသည်ဖြင့် ရေကိုအကြောင်းပြု၍ လေ့လာမှု များစွာရှိပါသည်။
ရေနှင့် စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေးများတွင် တိရိစ္ဆာန်နှင့်သီးနှံ ရေလိုအပ်ချက် (Animal and Crop Water Requirement)၊ မြေဆီလွှာအတွင်းရှိရေနှင့် အစိုဓာတ်များ (Soil Water and Soil Moisture)၊ ရေသွင်း ရေထုတ်ခြင်းကို စီမံခန့်ခွဲခြင်း (Irrigation and Drainage Management)၊ ရေသွင်းရေထုတ်ခြင်း အင်ဂျင်နီယာပညာ (Irrigation and Drainage Engineering) စသည်ဖြင့် ဘာသာရပ်ပေါင်းစုံ လေ့လာစရာ မျာ:စွာရှိလှပါသည်။
ရေသွင်းနည်းအမျိုးမျိုးမှာ -
(က) ဆည်မြောင်းများမှရေဖုံးလွှမ်း၍ရေသွင်းခြင်း (Flood Irrigation)
ဥပမာ- စပါးသီးနှံကို စစိုက်သည်မှ ပန်းပွင့်ချိန်လောက်အထိ ရေလိုအပ်မှုကိုကြည့်၍ ရေသွင်း၊ ရေထုတ် ပြုလုပ်သည့် နည်းစနစ်ဖြစ်ပါသည်။ ရေအလွန်ကုန်ပြီး သီးနှံစိုက်ခင်း (အထူးသဖြင့် စပါးကလွဲ လျှင်) သီးနှံအခြောက်များအတွက် စီမံခန့်ခွဲရ အလွန်ခက်သော နည်းစနစ်ဖြစ်ပါသည်။
(ခ) မြောင်းများဖြင့် အပင်များကြားတွင်ရေသွင်းခြင်း (Furrow Irrigation)
ဥပမာ- ပြောင်းဖူး၊ ဝါသီးနှံများကို အတန်းလိုက် စိုက်ထား၍ ကြားမြောင်းများတူးကာ ရေသွင်း ပေးခြင်း ဖြစ်ပါသည်။ ဆည်မြောင်းများ၊ မြစ်၊ ချောင်း၊ ကန်များမှ ရေစုပ်စက်များဖြင့် စုပ်ယူတင်ပေးနိုင် သော နည်းစနစ်များ ဖြစ်ပါသည်။ ရေဖုံးလွှမ်းသော နည်းစနစ်ထက်စာလျှင် ရေအကုန် သက်သာပါသည်။
(ဂ) အလိုလျောက်ရေဖြန်းပေးသည့်စနစ်ဖြင့် ရေပေးခြင်း (Sprinkler Irrigation)
ဤနည်းစနစ်မှ ဥယျာဉ်ခြံသီးနှံများ၊ ပန်းမန်များ၊ အလှစိုက်မြက်ခင်းများတွင် လျှပ်စစ်ဓါတ်အား (သို့) အင်ဂျင်ပါဝါဖြင့် ရေဖြန်းပေးခြင်း နည်းစနစ်ဖြစ်ပါသည်။ ရေကိုချွေတာနိုင်သော နည်းစနစ် ဖြစ်သော်လည်း ကျွမ်းကျင်မှု၊ ကုန်ကျစရိတ်၊ လျှပ်စစ် (သို့) အင်ဂျင်စွမ်းအင် လိုအပ်သော နည်းစနစ် ဖြစ်ပါသည်။
(ဃ) အစက်ချ ရေပေးစနစ်ဖြင့် ရေပေးခြင်း (Drip Irrigation)
ဤနည်းစနစ်မှာ အစ္စရေးနိုင်ငံကဲ့သို့ ရေအလွန်ရှားပါးလှသောနိုင်ငံများ၊ သဲကန္တာရများတွင် တွင်ကျယ်စွာ အသုံးပြုနေသော နည်းစနစ်ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့ အပူပိုင်းဒေသများ၌ စနစ်တကျ အသုံးပြုနိုင်ပါသည်။ တချို့သီးနှံများတွင်လည်း လက်တွေ့အသုံးချနေပါပြီ။ သူ၏အားသာချက်မှာ ရေကို အလွန်ချွေတာနိုင်ပြီး မြေဆီဩဇာပါ ပူးတွဲထည့်သုံးနိုင်ခြင်း (Fertigation) နည်းစနစ်ကိုလည်း ပြုလုပ်နိုင် ပါသည်။ စိန်ခေါ်မှုများအဖြစ် ကျွမ်းကျင်ပညာရှင်များ လိုအပ်ခြင်း၊ ပစ္စည်းတန်ဖိုး ကြီးမြင့်ခြင်း၊ ပိုက်ကဲ့သို့သော အပိုပစ္စည်းများကို နိုင်ငံခြားမှ မှာယူရ၍ ဈေးကြီးနိုင်ပါသည်။
ရေသိပ္ပံပညာ (Water Science) နှင့် ပတ်သက်လာလျှင် နယ်သာလန်နိုင်ငံ တွင်တီးတက္ကသိုလ် (University of Twente) ရှိဘူမိသုတသိပ္ပံနှင့် မြေဆီလွှာလေ့လာခြင်းမဟာဌာန (ICT - Faculty of Geo-Information Science and Earth Observation) ကပေးသော ဘွဲ့ကြို၊ ဘွဲ့လွန် ပညာရပ်များသည် ကမ္ဘာ့အသိအမှတ်ပြုဖြစ်ပါသည်။ နယ်သာလန်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့၏ ပညာတော်သင်ဆု (Scholarships) များစွာလည်းရှိပါသည်။ အမေရိကန်နိုင်ငံ ဝစ်ကွန်ဆင်တက္ကသိုလ် (University of Wisconsin, Madism)မှ Water Resources Engineering (ရေအရင်းအမြစ် အင်ဂျင်နီယာပညာ)၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California Davis) မှ ရေစီမံ ခန့်ခွဲမှုနှင့် ရေသွင်းနည်းပညာအင်ဂျင်နီယာ (Water management and Irrigation Engineering) တို့သည် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များဖြစ်ပါသည်။ စိုက်ပျိုးရေးမွေးမြူရေးတွင် နာမည်ကြီး တက္ကသိုလ်များကို အောက်ပါအတိုင်း စီထားပါသည်၊
ကမ္ဘာ့အကောင်းဆုံး နာမည်ကြီး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ၁၀-ခု၊ ၂၀၂၁
(Source – QS World University Ranking 2021)
Number University Country
1 Wageningen University and Research Netherlands
2 University of California, Davis USA
3 Swedish University of Agricultural Sciences Sweden
4 AgroParisTech France
5 Cornell University USA
6 ETH Zurich-Swiss Federal Institute of Technology Switzerland
7 China Agricultural University China
8 University of Wisconsin-Madison USA
9 University of California, Berkeley USA
10 Michigan State University USA
ထိုတက္ကသိုလ်များသို့ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ သုတေသနသိပ္ပံများက ပညာရှင်များစွာ စေလွှတ်၍ ရေ၊ မြေ၊ ဘာသာရပ်ပေါင်းစုံကို လေ့လာစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 2 ခု
အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီဖြန်းပြီးတာ/တစ်ခြားဘာလိုအပ်သေးလဲဖြေပေးကြပါဦးဆရာကြီးများ
Zaw Than Oo • ဖြေကြားချက် 2 ခု
ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢
Nyi Nyi Aung • ဖြေကြားချက် 3 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
khunloonkyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....