ကျွဲ၊ နွားတွေက အရေးကြီးကုန်စည်လား (၂)
ကျွဲ၊ နွား တွေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် ပြည်ပတင်ပို့နိုင်ဖို့အသာထား၊ ကိုယ့် ကျွဲ နွားကို တစ်ရွာကနေတစ်ရွာ သယ်ဆောင်မောင်းနှင်ရုံမျှနှင့်ပင် ဖမ်းဆီးခံရမှုများ ရှိနေသည်။
ကျွဲ၊ နွားများကို ကုန်စည်အဖြစ် ကူးသန်းရောင်းဝယ်ရာတွင် ယင်းကဲ့သို့တားဆီးပိတ်ပင်မှုများက ကုန်သွယ်ရေးအတွက် အဓိကအတားအဆီးလည်းဖြစ်လာသည်။ ထို့ကြောင့် ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားခြင်းသည် ထိရောက်မှု ရှိပါရဲ့လား၊ လက်ရှိအခြေအနေနှင့် သင့်လျော်မှု ရှိပါရဲ့လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း အပိုင်း(၁) အောက်ပါလင့်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
https://greenwaymyanmar.com/posts/Cow_buffalo_essential_commodities
ယခု အပိုင်း(၂) တွင်တော့ ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ အဖြေရှာသင့်သည့်အကြောင်းများကို ဆက်လက်ဖော်ပြထားပါ သည်။

ပြောင်းလဲလာသော အခြေအနေများ
၁၉၉၀ ဝန်းကျင်မှစ၍ ဈေးကွက်စီးပွားရေးကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ကျွဲ၊ နွားများကို အသုံးပြုရသည့် လက်မှုလယ်ယာမှ စက်ယန္တရားများကို အသုံးပြုဆောင်ရွက်ရသည့် အနေအထားသို့ ပြောင်းလဲလာနေသည်။
အခြားတစ်ဖက်တွင်လည်း မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာမြင့်မားလာခြင်းကြောင့် ကျွဲ၊ နွားများကို ယခင်ကထက် ပိုမို၍ ထိရောက်စွာ ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါသည်။ ၁၉၇၀ မတိုင်မီ နှစ်များက ကျွဲ၊ နွား များကို မျိုးပွားရန်အတွက် ကျွဲသိုး၊ နွားသိုး များကိုသာ အသုံးပြုခဲ့ကြပါသည်။ ယခုအခါ မေထုန်မဲ့သားစပ်နည်းဖြင့် မျိုး ပွားခြင်းကြောင့် မျိုးကောင်းမျိုးသန့်များကို ကုန်ကျစရိတ်နည်းနည်းဖြင့်၊ ပမာဏ အမြောက်အများ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ခိုင်းကျွဲ၊ ခိုင်းနွားများမှ နွားနို့နှင့် အသားကို ထုတ်ယူစားသုံးမည့်အစား နို့စားနွားများမှ နွားနို့ကိုလည်းကောင်း၊ အသားတိုးနွားများမှ အသားကိုလည်းကောင်း စနစ်တကျ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါ သည်။
အထက်ပါ အခြေအနေမျိုးတွင် ကျွဲ၊ နွားများကို လယ်ယာလုပ်ငန်းခွင်တွင် အသုံးချနိုင်ရန် ဟူသည့် ရည် ရွယ်ချက်ဖြင့် ယင်းတို့ကို အရေးကြီးကုန်စည် အဖြစ် သတ်မှတ်ကာ ထိန်းချုပ်ထားခြင်းကို ပြန်လည်သုံးသပ်ရန် သေချာပေါက် လိုအပ်ပါလိမ့်မည်။
ရင်ဆိုင်နေရဆဲ အခက်အခဲများ
ကျွဲ၊ နွား များအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ကြုံတွေ့ရသည့် အခက်အ ခဲများမှာ များစွာရှိနေသည်။ အထင်ရှားဆုံး အခက်အခဲများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- (က) ကျွဲ၊ နွား များအား ကူးသန်းရောင်းဝယ်ရာတွင် စီမံခန့်ခွဲမှုပြဿနာများ ရင်ဆိုင်ရခြင်း (ကျွဲ၊ နွားများ၊ မွေးမြူသူများ၊ ကုန်သွယ်သူများ မကြာခဏ အဖမ်းဆီးခံရသည့် ပြဿနာများ ပေါ် ပေါက်ခဲ့ပါသည်။)
- (ခ) အချိန်ကြန့်ကြာမှုနှင့် ငွေကြေးကုန်ကျစရိတ် မြင့်မားစေခြင်း၊
- (ဂ) ကုန်သွယ်ရေး မချောမွေ့မှုကြောင့် တိုးမြင့်လာသည့် ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် မွေးမြူသူများထံတွင် ဈေးလျှော့ဝယ်ယူမှုများ ဖြစ်ပေါ်နိုင်ခြင်း၊
- (ဂ) မွေးမြူသူနှင့် ကုန်သွယ်သူများအတွက် လုပ်သာကိုင်သာရှိသော အခြေအနေမရရှိသည့် အခါမျိုးတွင် မွေးမြူရန် သို့မဟုတ် ကုန်သွယ်ရန်အတွက် တွန်းအားလျော့နည်းစေခြင်း၊
- (ဃ) တရားဝင်ကုန်သွယ်ရေးထက် မှောင်ခိုကုန်ကူးခြင်းများကို ပိုမိုဖြစ်ပေါ်စေခြင်း၊
- (င) မှောင်ခိုကုန်ကူးသည့် လမ်းကြောင်းများ ရှိနေခြင်းကြောင့် ကူးစက်ရောဂါများ (ဥပမာ ခွာနာ လျှာနာရောဂါ) ကျရောက်ချိန်တွင် ကျွဲ၊ နွား ကူးသန်းသွားလာမှုကို ထိန်းချုပ်ရန် အမှန်တကယ် လိုအပ်လာသည့်အခါ ထိန်းချုပ်နိုင်မှု မရှိတော့ခြင်း။
ရှာဖွေရမည့်အဖြေ
ကျွဲ၊ နွား များသည် သဘာဝသယံဇာတ မဟုတ်ပါ။ စနစ်တကျ ပြန်လည်ထုတ်လုပ်ယူ၍ရသည့် ထုတ်ကုန်များသာ ဖြစ်ပါသည်။ ထိုအချက်ကို မမေ့သင့်ပါ။ ကျွဲ၊ နွားများကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲရောင်းချခြင်းအဖြစ် ရှုမြင်နေမည့်အစား၊ မိမိတို့နိုင်ငံက ထုတ်လုပ်သည့် ထုတ်ကုန်တစ်မျိုးအဖြစ်သာ ရှုမြင်သင့်ပါသည်။
ထုတ်ကုန်ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဈေးကွက်ကတောင်းဆိုသည့် အရည်အသွေးကို ပြည့်မီသည့် ထုတ်ကုန်များကို များများထုတ်လုပ်နိုင်အောင် ကြိုးစားအားထုတ်ရန်သာ အဓိက ကျပါသည်။
ထုတ်ကုန်တစ်မျိုးအတွက် ဈေးကွက်တစ်ခု အခိုင်အမာ ရရှိရန်မှာ မလွယ်ကူလှပါ။ ကံကောင်းထောက်မစွာ ဈေးကွက်က ကိုယ့်အိမ်ဘေးရောက်လာခြင်း ဖြစ်ပါသည်။ ထိုအခွင့်အရေးကို ထိထိမိမိ အသုံးချရန် လိုအပ်နေပါသည်။
အရေးကြီးသည့်အရာများကို အထူးသတိကြပ်ကာ စောင့်ရှောက်ရန် လိုအပ်သလို၊ အရေးမကြီး သည့်အရာကို အရေးကြီးသကဲ့သို့ မှားယွင်းသုံးသပ်ကာ မလိုအပ်ဘဲ စောင့်ရှောက်နေခြင်းကလည်း ဝန်ပို၍ အကျိုးမဲ့လှပါသည်။
ကျွဲ၊ နွားများသည် အရေးကြီးကုန်စည် ဟုတ်၊ မဟုတ် မှန်ကန်စွာ အဖြေရှာရန် လိုအပ်နေပါသေးသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 0 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025