အပင်နှင့်ရေ (အပိုင်း-၂)

06/05/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (122)  Plant Water Relations (Part-2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၂၂) အပင်နှင့်ရေ (အပိုင်း-၂)

မိတ်ဆက် (Introduction)

ရေအကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၉)တွင် စတင်မိတ်ဆက်ခဲ့ဖူးပါသည်။ 

ရေ၏အရေးပါမှု (Importance of Water)

အသက်ရှိဆဲလ်များ၏ ၈၀-၉၀ ရာခိုင်နှုန်းသည် ရေ ဖြစ်ပါသည် (Nearly 80-90% of the living cell is water)။  ဇီဝဗေဒမော်လီကျူးများ (Biological Molecules) သည် သက်ရှိသတ္တဝါ၊ အပင်များ (Living Organisms e.g. Human, Animals, Plants) တွင် သဘာဝအတိုင်းတွေ့ရသော ဓာတုဓာတ်ပေါင်းဖြစ်သည်။ ထိုအထဲမှ ရေသည် အင်အော်ဂဲနစ်မော်လီကျူး (Inorganic Molecule) တစ်ခုဖြစ်ပြီး ကာဘိုဟိုက်ဒြိတ်၊ ပရိုတင်းစသည်တို့သည် အော်ဂဲနစ်မော်လီကျူး (Organic Molecules) များဖြစ်သည်။

ရေသည်

(က) စွမ်းရည်ပြည့်ဖျော်ရည် (Good Solvent) ဖြစ်ပြီး အားလုံးတွင်ပျော်ဝင်နိုင် သည် (Universal Solvent)၊ အရသာမရှိ (Tasteless) ဘဲ ရေကြည်နေပါက ထိုးဖေါက်နိုင် (Transparent) သည်။

(ခ) သက်ရှိများ၏ခန္တာကိုယ်အတွင်း သယ်ယူပို့ဆောင်မှုကိုပြုလုပ်ပေးသည် (Medium for Transport within the Body) သက်ရှိဆဲလ်အတွင်း အင်ဇိုင်းနှင့် ဓာတုဓာတ်ပြုမှု အမျိုးမျိုးအတွက် ကြားခံပစ္စည်းဖြစ်သည် (The medium for various enzymatic and chemical reactions in living cell)၊ 

(ဂ) ရေဖြင့်ပြိုကွဲမှုတွင် ဓာတုတုံ့ပြန်မှုအရ ပါဝင်သည် (Participate in Chemical Reaction of Hydrolysis)။ ရေတွင် မြင့်မားသော အပူဆ (High specific heat capacity) ရှိပါသည်။ ရေငွေ့ပြန်နိုင်သော အောင်းပူ (High heat of Vaporization) များစွာရှိသည်။  

(ဃ) ရေသည် အပင်အစာချက်လုပ်မှုဖြစ်စဉ်တွင် အဓိကအခန်းမှပါဝင်သည် (One of the major reactants in Photosynthesis)

(င) အပင်ဆဲလ်များအတွင်း ကန်အားဖြစ်ပေါ်ပြီး အပင်ရေဆုံးရှုံးမှုမှ ကာကွယ်ပေးသည် (Maintain Turgidity and provides mechanical strength)။

(လူခန္နာကိုယ်တွင် ပျှမ်းမျှ ရေ ၆၀-ရာခိုင်နှုန်းခန့်ပါဝင်ပါသည်၊ ၎င်းထက်နည်းသွားပါက ဆဲလ်များသေသွားပြီး လူသေသွားနိုင်သည် အထိဖြစ်ပေါ်နိုင်ပါသည်)

ပုံ - ၁ အပင်အတွင်းရေ၏ အရေးပါမှု

အပင်ကြီးထွားမှု ဘဝတလျှောက်လုံးအတွက် ရေ (Water – H2O) သည် မရှိမဖြစ် လိုအပ်သောအရာ/ အလွန်အရေးပါသောဓာတ်ပေါင်း ဖြစ်ပါသည်။ (Water plays crucial/vital Role in the life of the Plant) အပင်အခြောက်အလေးချိန် တစ်ဂရမ် ထုတ်လုပ်ရန် ရေ ၅၀၀-ဂရမ် အမြစ်ကစုတ်ယူရပြီး အပင်အတွင်း ရွေ့လျား၊ အစာချက်၊ နောက်ဆုံး ပင်ရည်အငွေ့ပြန်သည်အထိ အသုံးပြုပါသည်၊

အပင်ဆဲလ် (Plant Cell) နှင့် လူ၊ တိရစ္ဆာန်ဆဲလ် (Human and Animal Cell) ကွာခြားချက်က အပင်တွင် ရှိဆဲလ်အကာ (Cell wall) ကအတွင်းဖိအား (Internal Hydrostatic Pressure or Turgor Pressure) ရှိပြီး ရေဆုံးရှုံးမှုကို ကာကွယ်ပေးသည်။ ထိုဖိအား သည် ဆဲလ်ကြီးထွားမှု ၊ အရွက်အတွင်းဓာတ်ငွေ့များလှည့်လှည်မှု၊ အစာကြော အတွင်းပို့ဆောင်မှု စသည့် အပင်ဇီဝကမ္မဖြစ်စဉ် ကို အဓိက ဆောင်ရွက်ပါသည်။ (Turger Pressure is essential for many physiological processes including cell enlargement, gas exchange in the leaves, transport in the phloem, and various transport processes across membranes)

ပုံ - ၂ ရေမော်လီကျူးများ

ရေမော်လီကျူး ကို ဟိုက်ဒြိုဂျင် အက်တန် နှစ်လုံး နှင့် အောက်ဆီဂျင် အက်တန် တစ်လုံးဖြင့် ဖွဲ့စည်းထားပါသည်၊ 

မြေကြီးအတွင်းရှိ ရေကို အမြစ်မှတစ်ဆင့် အပင်အတွင်းကို စုပ်ယူ ပို့ဆောင်သည်၊ 

ဤဖြစ်စဉ်တွင်

(က) စုပ်ယူခြင်း (Imbibition) အရည်မပျော်သေးသည့် အစိုင်အခဲများက ရေကို စိမ့်ဝင်စုတ်ယူပေးခြင်း၊ ထိုမှ ထုထည်ကြီးလာ (Change in Volume)၊ အပူထွက် (Production of Heat)၊ ဖိအား (Pressure) ဖြစ်ပေါ်သွားပါသည်၊ အပင်တွင် အရေးပါမှုက ဥပမာ - မျိုးစေ့အညောက်ပေါက်မှုဖြစ်စဉ် (Seed Germination) တွင် ရေကိုစုပ်ယူ၍ ကြီး မား ပွယောင်း (Imbibe water and Swell) လာကာ မျိုးစေ့ အညောက်ပေါက်ခြင်း ဖြစ်ပါ သည်။ မျိုးစေ့စုတ်ယူပြီး ( After soaking) မျိုးစေ့အခွံကွဲအက်လာ (Seed coat rapture) ပါသည်၊ ထို့အတူ အပင်အတွင်း ဆဲလ်တစ်ခုမှတစ်ခုသို့ ရေရွေ့လျှားမှုကို ကူညီပေးပါသည် (Assists in the movement of water from cell to cell in the plant body)၊ အပင် အတွင်းလုပ်ငန်းဆောင်ရွက်မှုများအတွက် စုပ်ယူခြင်းသည် အလွန်အရေးပါသည် (Imbibition plays an important role in the activities of a plant)။

(ခ) ပျံ့နှံ့ခြင်း (Diffusion) ၎င်းက အပင်အတွင်း ပြင်းအားများသောနေရာမှ ပြင်းအားနဲသောနေရာသို့ ပျံ့နှံ့သွားခြင်းဖြစ်ပါသည်။ အောက်ဆီဂျင်နှင့်ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များလဲလှယ်ရာတွင်လည်း ရေ (H2O) က ပါဝင်ဓာတ်ပြုပေးပါသည်။ မော်လီကြူးများ (Molecules) ရွေ့လျှားခြင်းဖြစ်သည်။ ဓာတ်ပြုပစ္စည်း ၏ အလွတ်စွမ်းအင် (The free energy of a substance) သည် အပူချိန် (Temperature)၊ ဖိအား (Pressure) နှင့် အပင်တွင်းရှိ မော်လီကြူးအရေအတွက် (Number of molecules present per unit Volume) အပေါ်တွင်မူတည်သည်။ 

ပျံ့နှံ့ခြင်း၏ အရေးပါမှုက အရွက်များ အစာချက်လုပ်ရာအတွက် ဓာတ်ငွေ့များ လဲလှယ်ရာတွင် အရွက်အပေါ်ရှိ စတိုမာများ (Stomata) အဖွင့်အပိတ်ကို စိမ့်ဝင်ခြင်းဖြစ်စဉ် (Osmosis) နှင့်အတူ ကူညီဆောင်ရွက်ပေးသည်။ ပင်ရည်ငွေ့ပျံ (Transpiration) ပြီး ရေများ မဆုံးရှုံးရအောင်လည်း ကာကွယ်ပေးသောဖြစ်စဉ် (Protection mechanism for water loss) ပြုလုပ်ပေးသည်။ ပန်းပွင့်များမှ အင်းဆက်ပိုးများ လာရောက် ဝတ်မှုံကူးရန် အနံ့များလေထဲသို့ပျံ့နှံ့စေသည့် ဖြစ်စဉ်ကိုလည်း ပြုလုပ်ပေးသည်။ 

ပုံ - ၃  အရွက်စတိုမာအဖွင့်အပိတ်ပြုလုပ်ပုံဖြစ်စဉ်

(ဂ) စိမ့်ဝင်ခြင်း (Osmosis) အပင်အတွင်းရှိ အချို့စိမ့်ဝင်နိုင်သော အမြေးပါးများ (Semi-permeable membranes) မှ ပြုလုပ်ပေးသည်၊ 

အမြစ်မွေးများ (Root hairs) မှရေကို စုတ်ယူပေးရန်ကူညီသည်၊ ဆလ်တစ်ခုမှ နောက်ဆဲလ် တစ်ခု (Cell-to-cell movement of water) သို့ စိမ့်ဝင်ခြင်းဖြင့် ရေ၊ အစာအဟာရဓါတ်များ (water and nutrients) ပို့ဆောင်ပေးသည်။ စတိုမာတာများ (Stomata) ဖွင့်ခြင်း၊ ပိတ်ခြင်းကိုလည်း ထိန်းချုပ်ပေးခြင်း စသည် အချက် ၃-ချက်တို့ပါဝင်ပါသည်။ 

ရေ၏စွမ်းအင် (Water Potential) နှင့် ပတ်သက်သောဖိအားများမှာ အော့စမိုတစ်ဖိအား (Osmotic Pressure)၊ တာဂါဖိအား (Turgor Pressure) တို့ဖြစ်ပါသည်။

ရေက အပင်ဆဲလ် ပရိုတိုပလာစမ် (Protoplasm) ထဲတွင် အများဆုံးပါဝင်ပြီး ရေပါဝင်ပမာဏ၏ ၇၅-ရာခိုင်နှုန်းက ဆိုက်တိုပလာဇမ် (Cytoplasm) ထဲတွင်တွေ့ရ သည်။ ရေပမာဏသည် သာမာန်အားဖြင့် အရွက်ထဲ ၇၅% နှင့် ပင်စည်တွင် ၆၀%  ခန့်ပါဝင်သည်၊ ရေညှိ (Algae) စသည့် ရေနေအပင် (Hydrophytes) များတွင် ၉၈% အထိရေပါဝင်ပြီး သဲကန္နာရ အပင်များ (Xerophytes) တွင် တောင်မှ အပင်တွင်း ၆၀-ရာခိုင်နှုန်းသည် ရေဖြစ်သည်၊

အစေ့ငုတ်နေသောမျိုးစေ့ (Dormant Seeds) များတွင်တော့ ရေပါဝင်မှု ၁၀-ရာခိုင် နှုန်းထက်နဲနေပြီး လိုအပ်သောရေပမာဏ မျိုးစေ့ထဲရောက်မှသာ အညှောက်ပေါက်ပါ မည်။ 

ရေသွင်းနိုင်မှုစွမ်းရည် (Irrigation Efficiency) သည် အပင်ကရေအသုံးပြုမှုနှင့် စုစုပေါင်းကုန်သွားသော ရေအချိုး (The ration of water consumed relative to the quantity of water applied (or) the quantity of water withdrawn; Jensen, 2007) တို့ဖြစ်သည်။

လယ်ယာသီးနှံပညာရှင် (Agronomist) နှင့် သီးနှံဇီဝကမ္မဗေဒပညာရှင် (Crop Physiologist) တို့က အသုံးပြုသော အဓိပ္ပါယ်တွင် ရေအသုံးပြုနိုင်စွမ်းရည် (WUE – Water Use Efficiency) ဆိုသည်မှာ အပင်အခြောက်အလေးချိန်နှင့် ကုန်ဆုံးသွားသော ရေအချိုး (The ratio of plant Biomass or Yield produced relative to transpiration (or) water consumed (or) water applied; Hsiao et al., 2007) ဖြစ်သည်။

အရွက်တွင်ရေပါဝင်မှု ပမာဏ (Leaf Water Potential) ကိုတိုင်းထွာရာတွင် ဖိအားပေးစက် (Pressure Bomb/Chamber) ကို အသုံးပြုပြီး ယူနစ် (Unit) မှာ ယခင်က ဘား (Bar) အစား မက်ဂါ ပတ်စကယ် (MegaPascal - MPa) ကိုသုံးလာပါသည်။ (1 Bar = 105 Pa or 0.1 MPa)

ပုံ - ၄  အရွက်တွင်းရေပါဝင်မှု တိုင်းထွာသောကရိယာ

မြေဆီလွှာ အတွင်းရှိ ရေ (Soil Water) ကို တိုင်းထွာရာတွင် ကောင်းမွန်သော အစိုဓာတ် အခြေအနေသို့ အပင်ကရာနှုန်းပြည့် ရနိုင်သော အစိုဓာတ်အခြေအနေ (Field Capacity) နီးပါးရှိပါက တင်းဆီယိုမီတာ (Tensiometer) ဖြင့်၎င်း၊ မြေဆီလွှာအစိုဓာတ် (Soil Moisture) နှင့် ဂရပ်မျဉ်းကွေး (Curve)  ဖြင့်၎င်း တိုင်းထွာ ပြီး သုတေသနပြု ကောက်ချက်ချကြပါသည်။

ပုံ - ၅ မြေဆီလွှာရေတိုင်းထွာသော ကိရိယာ

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်များ (Reference Books)

Hopkins, W.G. and Huner, N.P.A. (2009) Introduction to Plant Physiology. 4th Ed. John Wileys & Sons. 523p.

Kirkham, M.B. (2016) Principles of Soil and Plant Water Relations. Academic Press. 2nd Ed. 579p.

Kramer, Paul J. (1983) Water Relations of Plants. Academic Press. 489p.

Sheierling, S.N. (2014) How to access Agricultural water Productivity. Policy Research Working Paper 6982. World Bank. 44p.

Taiz, L. and Zeiger, E. (2006) Plant Physiology. 4th Ed. Sinauer Associates, Inc. 764p.

မှီငြမ်းစာတမ်းများ (Reference Papers)

Hsiao, T.C., P. Steduto, and E. Fereres. 2007. “A systematic and quantitative approach to improve water use efficiency in agriculture.” Irrigation Science 25 (3): 209-231.

Jensen, M.E. 2007. “Beyond irrigation efficiency.” Irrigation Science 25 (3): 233-245

(ဒေါက်တာ ယင်းမာစိုး၊ တွဲဖက်ပါမောက္ခ၊ မြေဆီလွှာနှင့်ရေသိပ္ပံဌာန  (ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)  မှ ရေအကြောင်း အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင် ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်