ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၃)

30/09/2024 15:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (142)  Flower Science/Floriculture (Part-3) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၂) ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၃)

  • မြန်မာအမည် - နှင်းဆီပန်း၊ အင်္ဂလိပ်အမည် -  Rose
  • ရုက္ခဗေဒအမည် - Rosa spp. (မျိုးရင်း Family – Rosaceae)
  • သမပိုင်း၊ အပူပိုင်းမှာ စိုက်ပျိုးနိုင်သောမျိုးများစွာရှိပါသည်၊ 

နှင်းဆီက ဂရိဘာသာ ဘုရားကိုချစ်မြတ်နိုးခြင်း (Greek words – Love-God) ဟူ၍ အဓိပ္ပာယ်ရပြီး ကမ္ဘာ့သဘာဝ အလှဖန်တီးမှု (Natures Beautiful Creation) တစ်ခု နှင့် ပန်းများ၏ဘုရင်မ (Queen of Flowers) ဟူ၍ အမည်ရသောပန်းပါ။ အောက်ဖော်ပြပါ အချက်များကို သရုပ်ဖော်ရာတွင် ဘယ်ပန်းမှနှင်းဆီပန်းကို မကျော်လွှား နိုင်ပါ၊

(၁) ချစ်ခင်မှု (Love)

(၂) ကြင်နာမြတ်နိုးမှု (Adoration)

(၃) အပြစ်ကင်းစင်မှု (Innocence)

(၄) သာယာအေးချမ်းမှု (Peace)

(၅) ခင်မင်ရင်းနှီးမှု (Friendship) 

(၆) ချစ်ခြင်းမေတ္တာ (Affection)

(၇) စိတ်အားထက်သန်မှု (Passion) နှင့် အခြားအကြောင်းပြချက် (Other Virtues) များကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက နှင်းဆီပန်းကို အသုံးပြု ပုံဖော်ခဲ့ပါသည်။ 

နှင်းဆီပန်းကို အင်္ဂလန်နိုင်ငံ၏ အမျိုးသားပန်း (National Flower of England) အဖြစ် အသုံးပြုသည်။ ပန်းမျိုးကတော့ (English Rose, Tudor Rose) သမပိုင်း စိုက် ပျိုး သော နှင်းဆီမျိုးဖြစ်မည် ထင်ပါသည်။ ယူကေ (UK – United Kingdom) နိုင်ငံရှိကျန် ပြည်နယ်များက သီးခြား အမျိုးသားပန်းရှိပါသည်၊

နှင်းဆီဖြတ်ပန်း (Roe Cut Flower) အနေနဲ့ ကမ္ဘာ့ဈေးကွက် ကြီးမှာ အရောင်းအဝယ်များစွာ လုပ်ကြပါသည်။ ဂျာမနီသည် ကမ္ဘာ့အများဆုံး နှင်းဆီပန်းတင်သွင်းသောနိုင်ငံဖြစ်ပြီး (၂၀၂၃-ခုနှစ် နှင်းဆီပန်းပွင့်‌ပေါင်း ၁.၂ ဘီလီယမ် - တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃.၂ မီလီယမ်) နိုင်ငံအတွင်း နှင်းဆီ တစ်ကီလို ၇-၁၃ ယူရို တန်ဖိုးရှိပါသည်။ နောက်အမေရိကန်၊ နယ်သာလင် (ဖွံ့ဖြိုးဆဲနိုင်ငံများမှဝယ်ပြီးပြန်ရောင်း)၊ ပြင်သစ်၊ ဆွစ်ဇာလန် နှင့် ယူကေနိုင်ငံတို့ရှိပါသည်။

ပုံ - ၁ နှင်းဆီပန်း

ကျွန်တော့်အနေဖြင့် မြန်မာဘာသာဖြင့် စိုက်ပျိုးရေးဆောင်းပါးများ ရေးသားရင်း လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံတစ်ခုခြင်းအလိုက် စိုက်ပျိုး ထုတ်လုပ်မှုကို ရေးသားထားသော စာအုပ်များကို ကျမ်းကိုးစာရင်း (Reference List) ပြုစုချင်ပါသည်၊ 

ဥပမာ - ယခု နှင်းဆီပန်း အကြောင်းချည်းသီးသန့် ဆိုလျှင် ပါမောက္ခ ဆရာမကြီးဒေါက်တာဒေါ်ညိုညို၏ နှင်းဆီစိုက်ပျိုးရေးနှင့် မြန်မာ စိုက်ပျိုးရေးလုပ်ငန်းမှ နှင်းဆီဆိုသော စာအုပ်များကိုတွေ့ရှိရပြီး ကွယ်လွန်သွားသော ဆရာကြီး ဦးအောင်သိန်း၏ နှင်းဆီစိုက်ပျိုးခြင်းပညာ ကိုတော့ မဖတ်ရသေးပါ၊ တစ်ခြားပန်းမန် တစ်မျိုးခြင်းအလိုက် စိုက်ပျိုးပုံ ရေးသားထားသော စာအုပ်များ စာရင်းကိုလည်း ပြုစုပါမည်။ နောင်တစ်ခုက စာရေးရုံတွင်မကဘဲ ဥပမာ - သစ်ခွပန်း၊ နှင်းဆီပန်း၊ ဂန္ဓမာပန်းတစ်မျိုးတည်းကိုပဲ တစ်စိုက်မတ်မတ် စိုက်ပျိုးသုတေသနပြုလုပ်သူ စာရင်းကိုလည်းပြုစုခြင်းအားဖြင့် နောင်တစ်ချိန် သီးနှံကျွမ်းကျင်ပညာရှင် အစုအဖွဲ့ (Crop and Subject Matter Specialists - SMS) ဖွဲ့ကာ အတွေ့ အကြုံများ ကိုဆွေးနွေးခြင်းဖြင့် ဤသီးနှံတစ်ခုခြင်း စိုက်ပျိုး ထုတ်လုပ်မှုများ၊ ဈေးကွက်ရရှိနိုင်မှုများ ပိုမိုရရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပန်းတစ်မျိုးခြင်းအလိုက် တစ်စိုက်မတ်မတ် သုတေသနပြုနေသူ၊ ပန်းသိပ္ပံပညာရှင် (Flower Scientist) အနေနှင့် သစ်ခွတွင် နည်းနည်းရှိသည်မှလွဲ၍ ကျန်ပန်းများ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ ကျမ်းပြုစု (Research Thesis) သုတေသနပြုသူ၊ ပန်းတစ်ခုခြင်းကို တစ်စိုက်မတ်မတ် သုတေသနပြုနေသူမှာ (အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ) မှာ အလွန်နည်းပါးနေပါသေးသည်။ ကျွမ်းကျင်သော ဘွဲ့ရများစွာ မွေးထုတ် ပေးရန် လိုပါသေးသည်။

ထို့အတူ ခရမ်းချဉ်သီး (Tomato)၊ ဂေါ်ဖီထုတ် (Cabbage)၏ သုတေသနများသည် လယ်ယာသီးနှံများတွင်တောင်မှ စပါးမှလွဲ၍ ကျန်သီးနှံ တစ်မျိုးခြင်းအလိုက်၊ ဘာသာရပ်တစ်ခုခြင်းအလိုက် နှစ်ပေါင်းများစွာ သုတေသနပြုနေသူမှာ လက်ချိုးရေတွက်၍ရပါသည်။ ကျွန်တော် ရေဆင်းတက္ကသိုလ်တွင်ရှိစဉ်က အိန္ဒိယ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုမှ လေ့လာရေး လာရောက်ရာတွင် ပဲစဉ်းငုံ အပင်မျိုးစပ်မွေးမြူသူ (Pigeonpea Breeder) အရေအတွက်သည် သူတို့တိုတက္ကသိုလ်တစ်ခုထဲတွင်ပင် ၁၅-ဦးထက်မနည်း ရှိသည်ဟူ၍ပြောပါသည်။ အိန္ဒိယ တစ်နိုင်ငံလုံး ပဲစဉ်းငုံပဲကိုဘဲ သုတေသနပြုလုပ်နေသော ပညာရှင်ပေါင်း တစ်ရာကျော်ပါလိမ့်မည်။

ဆရာမကြီး ဒေါ်ညိုညို၏ နှင်းဆီစာအုပ်တွင် နှင်းဆီပန်းကို အမျိုးအစားခွဲခြားထားပုံမှာ-

(၁) တစ်ပွင့်ထဲအပွင့်ကြီးမျိုး (Hybrid Tea)

ပုံ - ၂ တစ်ပွင့်ထဲအပွင့်ကြီးမျိုး

(၂) ရိုးတံရှည် အခိုင်မျိုး (Polyanthas)

ပုံ - ၃  ရိုးတံရှည် အခိုင်မျိုး 

(၃) ရိုးတံတို အခိုင်မျိုး (Floribundas)

ပုံ - ၄  ရိုးတံတို အခိုင်မျိုး 

(၄) အပွင့်ကြီးအခိုင်မျိုး (Grandifloras)

ပုံ - ၅  အပွင့်ကြီး အခိုင်မျိုး 

(၅) ကျောက်နှင်းဆီမျိုး (Miniatures)

ပုံ - ၆  ကျောက်နှင်းဆီမျိုး 

(၆) တွယ်တက်နှင်းဆီမျိုး (Climbing Rose) စသည်တို့ဖြစ်ပါသည်၊ 

ပုံ - ၇  တွယ်တက်နှင်းဆီမျိုး 

နှင်းဆီ စိုက်ပျိုးနည်း အကြောင်းတော့ နောင်အလျဉ်းသင့်မှ ရေးသားပါမည်။

  • မြန်မာအမည် -  ပိန်းပန်း၊ ပိန်းဂမုန်း
  • အင်္ဂလိပ်အမည် - Anthurium or Flamingo Lily
  • ရုက္ခဗေဒအမည် - Anthurium crystallium

Anthurium ဆိုသည်မှာ ပန်းပွင့်ရှိ ပန်းခိုင်ဖုံးရွက်၏ အပြင်ဘက်သို့ ထိုးထွက်နေသော ပန်းခိုင်တံဖြစ်ပါသည်။ ပန်းဟုဆိုလိုသည့် (Anthos-) ဂရိစကား နှင့် အမြီးဟုဆိုသော (-oura)   ဂရိစကား  တို့၏ ပေါင်းစပ်အဓိပ္ပါယ်ဖြစ်ပါသည်၊ Andreanum  ဆိုသည်မှာ  (၁၉) ရာစုက အပင်မျိုးများ အုပ်စု ခွဲခဲ့သူ ပြင်သစ်ရုက္ခဗေဒ ပညာရှင် Edouard Andre ၏ အမှတ်တရ အမည်ဖြစ်ပါသည် (Source  - ဝင်းတင်ဝင်း)

မျိုးစိတ် (Species) ပေါင်း ၁၀၀၀-ကျော်ရှိပါသည်၊ ဤပန်းကိုလည်း ရုက္ခဗေဒ (Botanist)၊ ပန်းစ်ိုက်ပျိုးရေး  (Flower Scientists)၊ သစ်တော (Forest Scientists)၊ ဇီဝမျိုးကွဲပညာရှင် (Biodiversity Expert) တို့ပူးပေါင်းပြီး သုတေသနပြုလုပ်သင့်ပါသည်။

ပုံ - ၈  ပိန်းပန်းမျိုးများ 

  •  မြန်မာအမည် -  ပိတောက်ပန်း
  • အင်္ဂလိပ်အမည် - Padauk or Burmese Rosewood
  • ရုက္ခဗေဒအမည် - Pterocarpus indicus Willd

ပိတောက်ပန်းသည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ အမျိုးသားပန်း (National Flower of Myanmar) ဖြစ်ပါသည်၊ မြန်မာ့ရိုး ရာနှစ်သစ်ကူး (ဧပြီလဆန်း) ပတ်ဝန်းကျင်တွင်ပွင့်လေ့ရှိပါသည်။ ပိတောက်ပန်းက တစ်နှစ်တစ်ခါပဲပွင့်ပြီး သစ္စာရှိရှိ သင်္ကြန်ပတ်ဝန်းကျင်တွင်မှ ပွင့်လေ့ရှိသည်ဟု ပြောစမှတ်ပြုပါသည်။

ပုံ - ၉ ပိတောက်ပန်း  

 

  • မြန်မာအမည် - ပန်းထိမ်ငို/ပန်းထိမ်မနိုင်ပန်း
  • အင်္ဂလိပ်အမည် - Globba Dragon
  • ရုက္ခဗေဒအမည် - Globba sherwoodiana

Globba ဆိုသောစကားမှာ အင်ဒိုနီးရှားမိုလုကာကျွန်း မှ အမ်ဘုံကျွန်းသားတို့က ပန်းထိန်ငို ပင်ကို ခေါ်သော အမည် (Galoba) မှ ဖြစ်ပေါ်လာသော စကားလုံးဖြစ်သည်၊  (Wintii) ဆိုသည်မှာ နံမည်ကျော်ထိုင်းရုက္ခဗေဒပညာရှင် (Phya Winit Warandorn) အားဂုဏ်ပြုထားသော အမည်ဖြစ်သည်၊ အိမ်နီးချင်း နိုင်ငံက ရုက္ခဗေဒပညာရှင်အတွက် အားကျစရာပါ၊ 

Schomburgkii ဆိုသည်က ၁၉-ရာစု ဩစတေလျ ရုက္ခဗေဒ ပညာရှင် Richard Schomburgk ၏ အမည်ဖြစ်သည်၊ 

ဤပန်း၏ ကောင်းသော အချက် အကြမ်းခံတာက ဘုရားစင်မှ စွန့်ပစ်လိုက်သော ပန်းပွင့်များကို ပြန်စိုက်ရာ ဥမပါသော်လည်း ပြန်ပေါက်နိုင်ပါသည်၊ သို့သော် ဥပေါက် ပင်ကဲ့သို့ နှစ်ချင်း မပွင့်နိုင်ဘဲ နောက်တနှစ်ကြမှ ပွင့်ပါသည်၊ မိုးဦး စောစောစိုက်ပါက ဝါဆိုလတွင် ပွင့်ပါသည်။ ဤပန်းမှာ ဘုရားတင်ရာတွင် ကြာရှည်ခံသဖြင့် မြန်မာဗုဒ္ဓ ဘာသာလူမျိုးများ ဘုရားတင်ရန် အသုံးပြုကြပါသည်။

ပုံ - ၁၀ ပန်းထိမ်ငိုပန်း   

(၁၀) မြန်မာအမည် - ကြာပန်း

အင်္ဂလိပ်အမည် - Lotus/ Blue Lotus/ Blue Water Lily

ရုက္ခဗေဒအမည် - Nymphaea caerulea Sav.

ကြာညို၊ ကြာနီ၊ ကုမုဒြာကြာ စသည်ဖြင့် အမျိုးမျိုးရှိပါသည်၊ ပညာရှင်များစွာ သုတေသန ပြုသင့်သော အပင်လည်းဖြစ်ပါသည်။ ပန်းပွင့်မှာ အပြာ၊ ခရမ်းပြာ၊ အဖြူ စသည်ဖြင့်လည်း တွေ့နိုင်ပါသည်။ ရေမရှိလျှင်ကြာမရှိနိုင်ဘဲ လယ်တော၊ တာတမံများမှာ နွေရေခန်း၍ 

ပုံ - ၁၁ ကြာပန်း   

(၁၁) မြန်မာအမည် - ရွက်လှပန်း / ရွက်လှညို / ဆေးဒါန်းကျား

အင်္ဂလိပ်အမည် - Croton / Garden croton / Copper leaf/ Jacob Coal

ရုက္ခဗေဒအမည် - Cardiaeum variegatum

Acalypha wilkesiana htm.

ပုံ - ၁၂ ရွက်လှပန်း   

 

ဆက်ပါဦးမည်..

 

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Buczacki, S. (1996) Best Roses. Hamlyn. 128p.

Dey, S.C. (2000) Pot Culture of Roses. Agrobios, India. 88p.

Edland, H. (1962) Roses. A Batsford Colour Book. 

Larson, R.A. (1992) Introduction to Floriculture. 2nd Ed. AP. 636p.

Harris, C. C. (1969) Roses. Hamlyn Pub. Group. 159p.

Pooja (2012) Handbook of Floriculture. DPH New Delhi. 159p.

RVO (2017) Myanmar Flower Sector Quick Scan. Netherlands Enterprise Agency and Netherland Embassy, Yangon. 39p.

ညိုညို, ဒေါက်တာ (၂၀၁၅) အောင်မြင်သောနှင်းဆီစိုက်ပျိုးရေး၊ ၁၀၂-မျက်နှာ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၀) နှင်းဆီ၊ ၂၆-မျက်နှာ

ကိုရဲ-စိုက်ပျိုးရေး (၂၀၀၉) ပန်းမန်အခြေခံစိုက်ပျိုးနည်း၊ စာပေလောက၊ ၁၃၀-မျက်နှာ

အောင်ဝင်းထွဋ် (၂၀၁၅) ပန်းမာလာတစ်နိုင်စိုက်ပျိုးခြင်း၊ စိတ်ကူးချိုချိုစာပေ၊ ၆၄-မျက်နှာ

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ကထိက ဒေါ်အိဟေမာန်၊ အပင်မျိုးမွေးမြူရေးဌာန၊ ကထိကဒေါ်တင်လဲ့လဲ့ထွေး၊ ဒေါ်နှင်းနှင်းနွယ် (ဌာနစိတ်တာဝန်ခံ၊ ပန်းမန် ဌာနစိတ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်