ဩစတေလျက စိုက်ပျိုး၊ မွေးမြူရေးမှာ ထိပ်တန်းရောက်နေပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များစွာ နိုင်ငံတကာတင်ပို့လျက်ရှိနေပါသည်၊
ဩစတေလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်မှ အသက်မွေးဝမ်း သင်တန်းကျောင်းများအကြောင်း ဆက်လက်ဆွေးနွေးပါမည်။
ပထမဦးစွာ ဩစတေလျအစိုးရတက္ကသိုလ်များ (Australian Public Universities) သည် လုံးဝလွတ်လပ်စွာစီမံခန့်ခွဲမှု (Not entirely autonomous) မဟုတ်ဘဲ ငွေကြေးသုံးစွဲမှု ဆိုင်ရာအပိုင်းတွင် အစိုးရဘတ်ဂျက်မှ ပံ့ပိုးမှုရှိပါသည်။
ဩစတေလျတက္ကသိုလ်များလွတ်လပ်စွာစီမံခန့်ခွဲမှုခြုံငုံသုံးသတ်ချက် (Overview: Autonomy of Australian Universities)
(က) တက္ကသိုလ်များ၏စီမံခန့်ခွဲမှုများ (What universities control indepediently:)
(က-၁) ပညာရပ်ဆိုင်ရာလွတ်လပ်မှု (Academic Freedom) တက္ကသိုလ်များက မိမိပိုင် သင်ရိုးညွန်းတန်းများ (Own curriculum)၊ ဦးစားပေးသုတေသနများ (Research priorities)၊ သင်ကြားရေးနည်းစနစ်များ (Teaching methodologies) ကိုလွတ်လပ်စွာ လုပ်ဆောင်ပါသည်၊
(က-၂) တက္ကသိုလ်အုပ်ချုပ်မှု (University Governance) တက္ကသိုလ်တိုင်းမှာ အုပ်ချုပ် ရေးကောင်စီ/ဆီနိတ် (Governing council or Senate) ရှိပြီး တက္ကသိုလ်ဝန်ထမ်းနှင့် ပြင်ပပုဂ္ဂိုလ်များစွာပါဝင် စီမံကွပ်ကဲလျှက်ရှိပါသည်၊
(က-၃) တက္ကသိုလ်ဝင်ခွင့်နှင့်ပညာရှင်များခန့်ထားမှု (Admission and Faculty) တက္က သိုလ်က တက္ကသိုလ်ဝင်ခွင့် စံသတ်မှတ်မှု (Admission standards)၊ ပညာရှင်၊ ဝန်ထမ်း များခန့်ထားမှု (Hire staff)၊ တက္ကသိုလ်အတွင်း မူဝါဒများ ချမှတ်မှု (Set internal policy) စသည်တို့ဆောင်ရွက်ပါသည်၊
(က-၄) သတ်မှတ်ဘတ်ဂျက်/ငွေကြေးကိစ္စ (Budgeting within constraints) အစိုးရ မှချမှတ်ပေးသော ဘတ်ဂျက်အပြင်၊ ငွေကြေးဆိုင်ရာ ဆောင်ရွက်မှု အချို့ပြုလုပ် ပါသည်၊
(ခ) အစိုးရမှဆောင်ရွက်မှုများ (Where government influences:)
(ခ-၁) အဓိငွေကြေးပံ့ပိုးမှု (Funding and Budget Allocation) အစိုးရ (ဖက်ဒရယ်/ ပြည်နယ်) က ငွေကြေးချမှတ်၊ သတ်မှတ်ပေးသည်၊ ဥပမာ - Commonwealth Grant Scheme, Research Grants၊ သင်ကြားရေးနှင့်သုတေသနအဓိက (Teaching and Research Funding) သတ်မှတ်ပေးပါသည်၊
(ခ-၂) အရည်အသွေးသတ်မှတ်မှုနှင့်စည်းမျဉ်းများ (Regulation and Quality Assurance) အဆင့်မြင့်ပညာအရည်အသွေးစံသတ်မှတ်ချက်ကိုယ်စားလှယ်အဖွဲ့ (TEQSA – Tertiary Education Quality and Standard Agency) က နိုင်ငံတစ်ခုလုံး၏ အဆင့် မြင့် ပညာရေး စံသတ်မှတ်မှု ပြုလုပ်သည်၊ တက္ကသိုလ်တိုင်းက အမျိုးသားပညာရေးမူဝါဒ သတ်မှတ်ရေးဘောင် (National Policy Framework) အတွင်း မှီရပါမည်၊
(ခ-၃) အပြည်ပြည်ဆိုင်ရာကျောင်းသား/သူဆိုင်ရာမူဝါဒများ (International Student Policy) အစိုးရမှ နိုင်ငံတကာကျောင်းသား/သူပြည်ဝင်ခွင့်သတ်မှတ်ချက် (Visa regulation)၊ အပြည်ပြည်ဆိုင်ရာပညာရေးဈေးကွက်များ (International marketing)၊ တက္ကသိုလ်အလိုက်လေးစားလိုက်နာရမှု (Institutional compliance) စသည်တို့ကို စီစစ်အုပ်ချုပ် (Rules) ပေးသည်၊
(ခ-၄) အမျိုးသားသုတေသနဆိုင်ရာဦးစားပေးမှုများ (National Research Priorities) ဩစတေလျှသုတေသနကောင်စီ (ARC – Australian Research Council) က အစိုးရ ၏မူဝါဒနှင့် တသမတ်တည်းပြုလုပ်နေသည်။
ဇယား - ၁ ဩစတေလျအသက်မွေးဝမ်းကျောင်းစနစ် (Key Characteristics of Australia’s TVET System)
ဇယား - ၂ ဩစတေလျ အသက်မွေးဝမ်းကျောင်းနှင့်စဉ်ဆက်မပြတ်ပညာရေးစနစ် (Key Features of TAFE – Technical and Further Education)
အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများနှင့်တက္ကသိုလ်ကွာခြားချက်များလည်း ရှိပါသည်။
ဇယား - ၃ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကွာခြားမှု
ဇယား - ၄ နယူးဆောက်ဝေးပြည်နယ်၊ အသက်မွေးဝမ်းကျောင်းသင်တန်းနမူနာများ
ပုံ - ၁ နယူးဆောက်ဝေးပြည်နယ် အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ
ဩစတေလျနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာ၏အဓိကအချက်များ (Key Features of TAFE Agriculture Programs in Australia)
(က) လက်တွေ့ကျ၊ လွယ်ကူရိုးရှင်းသောနည်းလမ်းစနစ် (Practical, hand-on Learning System) ဖြစ်သည်၊ လက်ရှိဖြစ်ပေါ်နေ သော စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာပြဿနာများကို အခြေခံပါသည်။
(ခ) လက်တွေ့လုပ်ငန်းများ/ကုမ္ပဏီများ၏ဦးဆောင်ဆောင်ရွက်သူများ (Industry-experience Teachers) ကသင်တန်း ဆရာ/ဆရာမ ဖြစ်သည်။ သူတို့၏ဗဟုသုတ အတွေ့အကြုံများက ခေတ်မီလက်တွေ့ကျပါသည်။
(ဂ) အမျိုးသားအဆင့်/နိုင်ငံတော်အဆင့် သင်ကြားပေးသောသင်တန်းများ (Nationally Recognized Qualification) ဖြစ်ပြီး အရည်အသွေးရှုထောင့်မှ ဩစတေလျတစ်နိုင်ငံလုံး အဆင့်မီပြီး ဖြစ်ပါသည်။
(ဃ) သင်တန်းပြီးဆုံးပြီး အလုပ်အကိုင်ရရှိရေး (Career Pathways) အာမခံချက် ရှိပါသည်။
(င) သင်တန်းများက ပြောင်းလွယ်ပြင်လွယ် (Flexible study Options) ရှိပါသည်၊ သင်တန်းများက အချိန်ပြည့် (Full-time)၊ အချိန်ပိုင်း (Part-time)၊ အွန်လိုင်း (Online)၊ နှစ်ခုပေါင်း (Blended-Learning) သင်ကြား၊ လေ့ကျင့်ပေးသဖြင့် ဘာသာရပ်၊ ပညာရပ်၊ လုပ်ငန်းလိုအပ်ချက်များ နှင့် လိုက်လျော ညီထွေရှိပါသည်။
(စ) သင်တန်းအများစုက အခမဲ့ (Fee-free TAFE) သင်တန်းဖြစ်သဖြင့် ဝါသနာပါသူ၊ ငွေကြေးမတတ် နိုင်သူများ အတွက် အလွန်သင့်တော်ပြီး အလုပ်အကိုင် တိုက်ရိုက်ရရှိ စေမှု ကို အထောက် အကူပြုနေပါသည်။
လက်ရှိအသက်မွေးဝမ်းကျောင်းလက်မှတ်ရသင်တန်း နမူနာ အချို့ကို ကြည့်ရအောင်ပါ
(၁.၁) ခြံစည်းရိုးခတ်ခြင်းကျွမ်းကျင်လက်မှတ်ရသင်တန်း (Farm Fencing) ပညာအရည်အချင်း မလိုဘဲ ဩစတေလျှ စိုက်ကွင်း၊ မွေးမြူရေးခြံများ ကို စနစ်တကျ ခြံစည်းရိုးခတ်၊ အဆောက်အဦ ဆောက်လုပ်ခြင်းများကို သင်ကြားပေးသည်၊
(၁.၂) ထရတ်တာများ လုံခြုံစိတ်ချစွာမောင်းနှင်ခြင်းလက်မှတ်ရသင်တန်း (Safe Tractors Operation) ပညာအရည်အချင်းမလိုပါ၊ ကျွန်တော်တို့နိုင်ငံတွင်တော့ ထွန်စက် မောင်းသင်တန်း ခေါ်မလားမသိပါ၊ ဤလက်မှတ် မရရှိဘဲ ဩစတေလျနိုင်ငံတွင် ထရတ် တာ များမောင်း နှံခွင့်မရှိပါ၊ မြန်မာနိုင်ငံတွင်တော့ လူဟောင်းအများစုမှာ တစ်ဦးခြင်း လက်ထပ် (Hand-to-Hand) သင်ပေးပြီး လက်ဆင့်ကမ်းမောင်းနှင်ကြပါသည်၊ အလွန် အန္တရာယ်ကြီးပါသည်။
(၁.၃) စိုက်ပျိုးရေးဆေးရောင်းချခြင်း/သုံးစွဲခြင်း လက်မှတ်ရသင်တန်း (Agricultural Chemicals Skill set) ဤဓာတု ပစ္စည်းများ ကို စနစ်တကျကိုင်တွယ် ပြုပြင်ခြင်း၊ သုံးစွဲခြင်း၊ ထိန်းသိမ်း၊ ရောင်းချခြင်း စသည်လုပ်ငန်းများဖြစ်ပါသည်၊ လက်မှတ်ရမှ စနစ်တကျသုံးစွဲခွင့်ပြုပါသည်၊
စာရေးသူ၏အတွေးတစ်စကတော့ -
(က) စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ တောင်သူဦးကြီးများ အတွက် အထက်ပါကဲ့သို့ လက်မှတ်ရ လက်တွေ့ သင်တန်း အခမဲ့ ပို့ချ၊ သင်ကြား၊ သင်တန်းပေးသင့်ပါသည်၊ ဩစတေလျတက္ကသိုလ်၊ ကောလိပ် သင်တန်း ကျောင်းများက တောင်သူများကို အခမဲ့နီးပါး (အချိန်တစ်ပတ်၊ ၂-ပတ်ခန့်) စိုက်ပျိုးရေး ဦးစီးဌာနမှ အခါ အားလျော်စွာ သင်တန်းများပေးနေသော်လည်း လုံလောက်မှု မရှိသေးပါဟု သုံးသပ် မိပါသည်။
(ခ) သင်တန်းစရိတ်၊ ဘတ်ဂျက်လည်း ရှိသင့်ပြီး အစိုးရတွင်သာလျှင်မဟုတ် ပုဂ္ဂလိက သင်တန်းကျောင်းများ ကလည်း သင်တန်းပေးဆောင်ရွက်ကူညီသင့်ပါသည်။ ပုဂ္ဂလိက သင်တန်းကျောင်းများမှာ အစိုးရကဲ့သို့ ဘတ်ဂျက်မရှိသဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ထောက်ပံ့ပေးနိုင်သော အဖွဲ့ အစည်းများ (International Donor Organizations)၊ ဖွံ့ဖြိုး မှု အကူအညီပေးသော အဖွဲ့အစည်းများ (Development Partners) မှ ရံပုံငွေများရရှိ စေရန် ဆောင်ရွက်သင့်ပါသည်၊
(ဂ) စိုက်ပျိုးမွေးမြူရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေး (AgriBusiness/Agricultural Marketing)၊ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ (SMEs - Small and Medium Enterprises) ကဲ့သို့သော ဘာသာရပ်များဆိုလျှင် အဝေးမှ/အွန်လိုင်း သင်ကြား ပေးခြင်း (Online Training) စနစ် ပြုလုပ်ပေးနိုင်ပြီး လက်တွေ့စိုက်ပျိုး၊ မွေးမြူနေသော အမျိုးသား၊ အမျိုးသမီးများ ကို ခေတ်မှီ ကွန်ပြူတာ၊ သတင်းအချက်အလက်နည်းပညာ (Computer/ICT - Information and Communication Technology) များလည်း သင်ကြားပေးနိုင်ပါသည်၊
မြန်မာနိုင်ငံတွင် သင်တန်းကြေးယူ၍ သင်ကြား၊ သင်တန်းပေးနေသော ပုဂ္ဂလိက အဖွဲ့ အစည်း များမှာ စာရေးသူတို့ရွှေရောင်လွင်ပြင်အဖွဲ့ (Golden Plain Team)၊ အစိမ်းရောင်လမ်း အဖွဲ့ (Greenways App. Group)၊ ဒက္ခိဏစိုက်ပျိုးမွေးမြူရေးအဖွဲ့ (Dekhina Agri-Management Institute)၊ မြန်မာတောင်သူအကယ်ဒမီ (Myanmar Farmer Academy)၊ စိုက်ပျိုးမွေးမြူရေး အမျိုးသမီးများစွန့်ဦးတီထွင်သူများအဖွဲ့ (Miss Agripreneur)၊ ရေတံခွန်အဖွဲ့ (Proximity design)၊ နယ်သာလန်နိုင်ငံမှ မြားနီမျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီ (East-West seeds Co.) နှင့် Fresh Studios စသည့် အဖွဲ့များသည် နည်းနည်းချင်းစတင်ဆောင် ရွက်နေပါသည်။ သို့သော် ပြည်နယ်၊ တိုင်း၊ မြေပြန့် တောင်ပေါ်ဒေသအားလုံး ပျံ့နှံ့ရန် လိုအပ်နေပါသေးသည်၊
(အခြားစိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဆောင်းပါးများကို ဆက်ပါဦးမည်)
(ငယ်စဉ်ဘဝ မူလတန်းပညာရေးမှစတင်၍ ကျွန်တော်အား စိုက်ပျိုးရေးပညာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များစွာကို သင်ယူခွင့်ရအောင် ဆုံးမသွန်သင်၊ ထောက်ပံ့ကူညီ၊ အားပေး ခဲ့ပါသော ကျွန်တော်၏ မူလတန်းဆရာ မိဘနှစ်ပါး - ဦးဆိုင်၊ ဒေါ်အေးတင်နှင့် ကျွန်တော် ၏မိသားစုအား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
