စိုက်ပျိုးရေးမိုးလေဝသပညာ (အပိုင်း - ၄)

06/08/2025 13:30 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

စိုက်ပျိုးရေးမိုးလေဝသပညာမိတ်ဆက် (အပိုင်း-၁၊ ၂၊ ၃) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် (၂၄၊ ၁၈၀ နှင့် ၁၈၁) တွင် ဆွေးနွေးရေးသားခဲ့ပါသည်။

စိုက်ပျိုးရေးမိုးလေဝသပညာများအတွက် တိုင်းထွာသည့် ကရိယာများ (Meteorological Instruments) နှင့်နောက်ထပ် လေ့လာရန်အချက်များမှာ 

(က) မိုးရေချိန်တိုင်းထွာခြင်း (Measurement of Rainfall)

မိုးရေသည်လေထုအတွင်းမှ ငွေ့ရည်ဖွဲ့ပြီး အရည်အဖြစ် ကြီးမားသော ရေစက်များ (၀.၅ mm အထက်) ကျဆင်းခြင်းဖြစ်သည် (မိုးသီးကဲ့သို့သော အခြားရွာကျသည့် အရာများ မပါဝင်ပါ)။ မိုးရေစက်၏ အရွယ်အစားမှာ ပုံမှန်မိုးစက်: ၀.၅–၄.၀ mm (အလွန်ကြီးသော မိုးစက်များတွင် ၅ mm အထိရှိနိုင်) အထိရှိနိုင်ပါသည်။ မိုးရေချိန်ကို တိုင်းတာနည်း မှာ မိုးရေအနက် (mm) ကို မိုးတိုင်းကရိယာ (rain gauge) ဖြင့် တိုင်းတာပြီး၊ မြေဆီလွှာ အောက်ဆုံးအလွှာတွင် ရေမဆုံး ရှုံးစေရန် သတိထားရမည်။ အရေးကြီးသော သတ်မှတ်ချက်များမှာ မိုးရေကို မြေကြီးထဲ စိမ့်မဝင်စေရန် စီးဆင်းမှု (runoff) မရှိစေရန် ဆောင်ရွက် ထားသော မြေမျက်နှာပြင်ပေါ်တွင်သာ တိုင်းတာရမည်။

ပုံ - ၁ ပုံမှန်မိုးရေချိန်တိုင်းကရိယာ

နောက်ပိုင်းခေတ်မီအလိုအလျောက် မိုးရေချိန်တိုင်း ကိရိယာများပေါ်လာပါသည်။

ပုံ - ၂ အလိုအလျောက်မိုးရေချိန်တိုင်းကရိယာ

(ခ) အပူချိန် (Temperature)

အပူချိန်သည် အပင်အမျိုးမျိုး၏ မျိုးစေ့ပေါက်ခြင်း (Germination)၊ အပင်ကြီးထွား ဖွံ့ဖြိုးမှု (Crop Growth & Development)၊ ပန်းပွင့်ခြင်း (Flowering)၊ သီးနှံ၏ ရင့်မှည့် မှုနှင့်အရည်အသွေး (Maturity & Crop Quality) ကို ထိခိုက်စေသည်။ အသီးအနှံတိုင်း တွင် တစ်မျိုးခြင်းစီ သီးသန့် သင့်တော်သော အပူချိန်အပိုင်းအခြား ရှိပါသည်။ ဥပမာ – ဆန်စပါး (၂၅–၃၀°C)၊ ဂျုံ (၂၀–၂၅°C)

အပူချိန်အလွန်အကျွံ များပြားမှုကြောင့်ဖြင့် အသီးအနှံကြွေကျခြင်း၊ သီးနှံများ အရည်အသွေးမမှီ၍ ဈေးကောင်းမရခြင်း၊ သဘာဝပန်းပွင့်ခြင်းဖြစ်စဉ် မဖြစ်နိုင်တော့၍ တစ်ပင်ခြင်းမှ အသီး၊ အနှံများ ပုံမှန်ထက်နည်းသွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

အရေးကြီးအချက်များ

အနိမ့်ဆုံးတုံ့ပြန်မှုအပူချိန် (Base temperature) – သီးနှံတိုင်းအတွက် ဖွံ့ဖြိုးမှု စတင်ရန်လိုအပ်သောအနိမ့်ဆုံးအပူချိန်လိုအပ်ပါသည်။

Growing Degree Days (GDD) – အသီးအနှံတိုးတက်မှုကို ခန့်မှန်းရန် အပူချိန် စုစုပေါင်းလိုအပ်ပါသည်။

အပူချိန်အလွန်ကြီးခြင်း → ပန်းပွင့်မှုပျက်စီးခြင်း၊ စပါးမျိုးစေ့များကန်းသွားပြီး အညောက်မပေါက်နိုင်တော့ခြင်း (Sterility)

အေးခဲခြင်း (Frost) → အပူချိန်အေးလွန်း၍အစေ့ပျက်ခြင်း၊ အစေ့မပေါက် တော့ ခြင်းတို့များစွာ ဖြစ်ပေါ်နိုင်ပါသည်။

ပုံ - ၃ အလိုအလျောက်မိုးလေဝသအချက်များတိုင်းထွာကိရိယာများ

ပုံ-၃ မှာပါဝင်သော အာရုံခံကရိယာ (Sensors) များသုံးပြီး မိုးလေဝသအချက်အလက်များ အလိုအလျှောက်တိုင်းထွာသောစက်များ စာရေးသူတို့မြန်မာနိုင်ငံ စိုက်ပျိုးရေး မိုးလေဝသ စခန်း (Agrometeorology Weather Stations) တွင် ဘယ်နှစ်နေရာ ရရှိနေသည်ကို မသိ ပါ၊ ဤကရိယာများရှိပါက ကွင်းထဲ မိုးရွာ၊ နေပူ လူကိုယ်တိုင် အချက်အလက်ယူ (Data Collection) စရာ မလိုဘဲ မိမိရုံးခန်းမှပင် အချက်အလက်များ ရရှိနိုင်ပါသည်။

(ဂ) နေရောင်ခြည် (Solar Radiation)

အစာချက်လုပ်မှုအတွက်လိုအပ်သောလင်းရောင်ခြည် PAR (Photosynthetically Active Radiation) – 400–700 nm သည် အပင်သဘာဝရောင်ခြည်အစားထိုးမှု/ အစာချက်ရာ တွင် ကူညီမှုအတွက် အရေးကြီးပါသည်၊ တိမ်ထူမှုများသည် PAR လျော့ကျစေပြီး အသီး အနှံအထွက် လျော့သွားနိုင်သည်။ Photoperiod sensitivity – အချို့သောအပင်မျိုးသည် နေရောင်ချည်ရရှိမှု အပေါ်မူတည်၍ ပန်းပွင့်သည့် အချိန် အပေါ် သက်ရောက်မှုရှိသည်။ နေရောင်ခြည်သည် မှန်ခြံစိုက်ပျိုးရေး (Greenhouse Farming) တွင်လည်း အပင်အစာ ချက်လုပ်နိုင်မှုအပေါ်လည်း အရေးကြီးပါသည်။

ပုံ - ၄ အီသီယိုးပီးယားနိုင်ငံရှိစိုက်ပျိုးရေးမိုးလေဝသစခန်းများ

စာရင်းဇယားများအရ အီသီယိုးပီးယားနိုင်ငံတွင် အလိုအလျှောက်တိုင်းထွာသော မိုးလေ ဝသစခန်း - ၃၀၀ ခန့် (Automatic Weather Stations) နှင့် လူကိုယ်တိုင်တိုင်းထွာ ရသော မိုးလေဝသစခန်း ၁၄၀၀-ကျော် (Manned Meteorological Stations) လက်ရှိ မိုးလေဝသ အချက်အလက်များကို ကောက်ယူနေသည်ကို ဗဟုသုတအနေနှင့် ဖေါ်ပြလိုက်ရပါသည်။

(ဃ) လေတိုက်ခြင်း (Wind)

လေတိုက်ခြင်းကြောင့်ရေငွေ့ပြန်နှုန်း (Evapotranspiration) မြန်ဆန်ခြင်း၊ အဖိုဝတ်မှုန် ပြန့်နှံ့နိုင်ခြင်း (Pollen Transfer)၊ မျိုးစေ့ပြန့်ပွားခြင်း (Seed Dispersal)၊ ပိုးမွှားပျံ့နှံ့မှု ကြောင့် အပင်ထိခိုက်ခြင်း (Physical damage) တို့ပါဝင်သည်၊ လေပြင်းလျှင် နှံစားပင် များအပင်ယိုင်လဲမှု (Lodging for Cereal Crops)၊ မြေဆီလွှာတိုက်စားမှု (Soil erosion)  ဖြစ်နိုင်သည်။

အရှေ့တောင်အာရှနိုင်ငံများရှိ စိုက်ပျိုးရေးမိုးလေဝသစခန်းများ အခြေအနေနှိုင်းယှဉ်ချက်

ထိုင်းနိုင်ငံ

ခန့်မှန်းစခန်းအရေအတွက်: ၅၀၀+ ရှိပါသည်၊ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင့်မြင့်ဆုံး စိုက်ပျိုးရေးမိုးလေဝသစနစ် ရှိပြီး၊ ကျေးရွာအထိ စခန်းများ ဖြန့်ကျက် ထားသည်။ ဒစ်ဂျစ်တယ်နည်းပညာ (IoT, AI) ကို အသုံးပြု၍ ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ခန့်မှန်းခြင်းနှင့် ရေသွင်းစိုက်ပျိုးရေးအတွက် အချက်အလက်များ ပေးသည်။

ဗီယက်နမ်နိုင်ငံ

ခန့်မှန်းစခန်းအရေအတွက်: ၄၀၀ ဝန်းကျင် ခန့်ရှိပါသည်၊ မဲခေါင်မြစ်ဝှမ်းဒေသတွင် စခန်းများ အာရုံစိုက်ထားပြီး၊ ဆန်စပါးစိုက်ပျိုးရေးအတွက် အထူးအရေးကြီးသည်။ မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကို ခံနိုင်ရည် ရှိစေရန် အရေးပေါ်အချက်ပြစနစ်များ တပ်ဆင်ထားသည်။ 

အင်ဒိုနီးရှားနိုင်ငံ

ခန့်မှန်းစခန်းအရေအတွက်: ၃၀၀+ ခန့်ရှိသည်၊ ကျွန်းစုဒေသဖြစ်သော ကြောင့် စခန်းများကို ဒေသအလိုက် ကွဲပြားစွာ တည်ဆောက်ထားသည်။ ဆီအုန်းနှင့် ရာဘာစိုက်ခင်းများအတွက် မိုးခေါင်မှုနှင့် အပူလှိုင်းများကို စောင့်ကြည့်သည်။

ဖိလစ်ပိုင်နိုင်ငံ

ခန့်မှန်းစခန်းအရေအတွက်: ၂၅၀+ ခန့်ရှိပါသည်၊ တိုင်ဖွန်းဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးစနစ်အတွက် စခန်းများကို ကမ်းရိုးတန်းဒေသများတွင် အဓိကထားတည်ဆောက်ထားသည်။

မလေးရှားနိုင်ငံ

ခန့်မှန်းစခန်းအရေအတွက်: ၂၀၀+ ခန့်ရှိပါသည်၊ ဆီအုန်း၊ ရာဘာနှင့် ဆန်စပါး စိုက်ပျိုးရေးအတွက် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးနည်းပညာများ (ဥပမာ: ဒရုန်းများဖြင့် စောင့်ကြည့်ခြင်း) ကို အသုံးပြုထားသည်။

လာအိုနှင့် ကမ္ဘောဒီးယား

ခန့်မှန်းစခန်းအရေအတွက်: လာအို (၁၀၀ အောက်)၊ ကမ္ဘောဒီးယား (၁၅၀ ဝန်းကျင်) ခန့် ရှိပါသည်၊ အခြေခံအဆင့်သာရှိပြီး၊ နိုင်ငံတကာအဖွဲ့အစည်းများ (FAO, JICA) ၏ အကူအညီဖြင့် လည်ပတ်နေသည်။

မြန်မာနိုင်ငံ

ခန့်မှန်းစခန်းအရေအတွက်: ၁၀၀ ဝန်းကျင်၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးမိုးလေဝသ စခန်းများကို မြို့နယ်အလိုက် အနည်းငယ်သာ တည်ဆောက်ထားပြီး၊ အထူးသဖြင့် ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းကဲ့သို့သော စိုက်ပျိုးရေး အဓိကဒေသများတွင် အာရုံစိုက်ထားသည်။ အချက်အလက်အတိအကျမှု အားနည်းခြင်းနှင့် နည်းပညာခေတ်မမီခြင်း စိန်ခေါ်မှုများရှိနေပါသည်။

ဆက်ပါဦးမည်

References (မှီငြမ်းစာအုပ်/စာတမ်းများ)

Ahmad, L., Kanth,R.H., Parvaze, S. and Mahdi, SS (2017) Experimental Agrometeorology: A Practical Manual. Springer

Mavi, H.S. and Tupper, G.J. (2004) Agrometeorology: Principles and Applications of Climate Studies in Agriculture, Food Products Press. 364p.

Kyaw Tha Paw, U (1991) Biometeorology. 6th Ed. Dept. Land, Air and Water Resources, Uni. California, Davis, US. 68p.

Smith, L.P. (1975) Methods in Agricultural Meteorology. Elsevier. 210p.

Srivastava, A.K. and Tyagi, P.K. (2011) Practical Agricultural Meteorology. New India Publishing Agency. 250p.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်