စားကျက်ပဲသီးနှံနှင့် ပဲနွယ်ပင်များ

10/12/2025 18:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉) နှင့်တိရစ္ဆာန်စာပဲမျိုးရင်းဝင် အပင်ကြီး များ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ် စဉ် (၇၂၊ ၇၃) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ စားကျက်ပဲသီးနှံများ၊ ပဲနွယ် ပင်များ စိုက်ပျိုး ပြုစုခြင်း အကြောင်း ကို ဆက်လက် ဆွေးနွေးပါမည်။

စားကျက်ပဲမျိုးများကို ရုက္ခဗေဒအမည် အက္ခရာစဉ်အလိုက် ရေးသားတင်ပြပါမည်။

(စ) လိုတိုနိုနစ်စ် အုပ်စု (Lotononis D.C.) မှောက်လျှက်ပုံ (သို့) တစ်ဝက်ထောင်မတ် (Prostrate or suberect) တနှစ်ခံ (သို့) နှစ်ရှည်ခံပင်မျိုး ဖြစ်ပြီး အရွက်က ၃ ရွက်မွှာ ရွက်ပေါင်း ဖြစ်သည်။ အတောင့်က ထောင့်မှန်ပုံ၊ ရှည်လျားလျား (Pods oblong) ရှိပြီး မျိုးစိတ်ပေါင်း ၁၀၀-ကျော် (100 species) ရှိပါသည်။

(၇) လိုတိုနိုနစ် (Lotononis – L.bainesii Baker) ဩစတေလျှတိုက်တွင် အစိုက် များသော စားကျက်ပဲမျိုး ဖြစ်ပြီး နှစ်ရှည်ခံပင်ဖြစ်ပါသည်၊ အရွက်အကြယ် ၁-လက်မ မှ အရှည် ၃-၄ လက်မ အထိရှိနိုင်ပါသည်။ ပန်းပွင့်အရောင် အဝါရောင်ဖြစ်ပါသည်။ အတောင့်အရှည် ၈-၁၂ မီလီမီတာခန့်ရှိကာ မျိုးစေ့များစွာပါဝင်ပါသည်။ အစိုဓာတ်များမှုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် ၉၀၀-မီလီမီတာ (၃၆-လက္မ အထက်) ရွာသွန်း သောဒေသများတွင်သာ အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်၊ ဤစားကျက် ပဲခင်းကို စတင်တည်ထောင်ရာတွင် မျိုးစေ့မှလည်းကောင်း၊ ပင်စည်ဖြတ်ပိုင်းများကို၎င်း ဖြတ်တောက်၍ စိုက်ပျိုး အောင်မြင်နိုင်ပါသည်။ Digitaria decumbens, Chloris gayana, Paspalum dilatatum မြက်မျိုးများနှင့်တွဲဖက်စိုက်ပျိုးနိုင်ပါသည်။

ပုံ - ၁ လိုတိုနိုနစ်အပင်နှင့်ပန်းပွင့်များ

ဤစားကျက်ပဲပင်အခြောက်အထွက် ၂-၈ တန်ခန့်ရနိုင်ပြီး ပရိုတိန်းကြမ်း ၁၉-ရာခိုင်နှုန်း (CP - 19%) အထိရရှိနိုင်သောပဲမျိုးဖြစ်ပါသည်၊

(ဆ) မက္ကရိုပက်တီလီယမ်အုပ်စု (Macroptilium Group)

(၈) ဆိုင်ရာတြို (Siratro – Macroptilium atropurpureum Urb.) နှစ်ရှည်ပဲပင်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဒေသတွင် အကြမ်းခံ ပေါက်ရောက်နိုင်သော ပဲပင်မျိုးဖြစ်ပါသည်၊ 

အရွက်အရောင်က ဆိုင်ရာတြိုထက် အစိမ်းရောင်ပိုရင့် အမွေးပါပြီး အနည်းငယ်ကြမ်းပါသည်၊ Cultivar – Siratro သည်ဩစတေလျမှမွေးထုတ်ပေးသော မျိုးဖြစ်ပါသည်။ တဟက်တာ ၂-၃ ကီလို သုံးလေ့ရှိပါသည်။ ဆီတေးရီးယားမြက် (Setaria anceps) နှင့် အများဆုံး တွဲဖက်စိုက်ပျိုးပြီး ကျန်အပူပိုင်းမြက်များနှင့်လည်း တွဲစိုက်လေ့ရှိပါသည်။ နွယ်တက်ပြီး အကြမ်းခံ၊ မိုးခေါင်ဒဏ်ခံနိုင်သဖြင့် ခြောက်သွေ့ဒေသများ တွင် စိုက်ပျိုးလေ့ရှိပါသည်။ ရိတ်ကျွေးစနစ်ထက် ဤစားကျက်မြက်/ပဲအရောကို လွှတ်ကျောင်းခင်းများတွင် အသုံးပြုပါသည်။ သုတေသနပြုချက်အရ Digitaria decumbens နှင့် ဆိုင်ရာတြိုပဲ တွဲဖက်စိုက် ခင်းတွင် ၄-နှစ်အကြာ တဟက်တာ/တနှစ် ၁၉-တန်မှ ၄၂-တန် အထိ ထွက်ရှိသည်ကို တွေ့ရှိရပါသည်။

ပုံ - ၂ ဆိုင်ရာတြိုအပင်နှင့်ပန်းပွင့်များ

(၉) ဖေစီပဲ (Phasey Bean – Macroptilium lathyroides L.) ဆိုင်ရာတြိုနှင့်မျိုးစုတူပြီး တနှစ်ခံ၊ နှစ်နှစ်ခံ (သို့) သက်တန်းတိုနှစ်ရှည်ခံ အမြင့် ၃-ပေခန့်ရှိ ပင်ပျော့ပင်ဖြစ်သည်၊ ဤအပင်က နိုဒြူးထုတ်လုပ်မှု (Nodulation) လွယ်ကူသည်။ ပင်ထီးဝတ်မှုံကူးပင် (Self-pollinated Plants) ဖြစ်ပြီး မျိုးစေ့ ကကွဲလွယ် (Easy Shattering) ပြီး တစ်ကီလိုတွင် မျိုးစေ့ပေါင်း ၁၂၀,၀၀၀ ခန့်ရှိသည်၊ ဩစတေလျက ထုတ်လုပ်သော မာရေး (Murray) မျိုးပြားမှာ နာမည်ကြီးသည်။

ပုံ - ၃ ဖေစီပဲအပင်၊ ပန်းပွင့်နှင့်အတောင့်များ

(ဇ) မက္ကရိုတိုင်လိုမားအုပ်စု (Macrotyloma Wight & Arn. Group) မျိုးစိတ်ပေါင်း ၂၅ခု-ခန့် (25-species) ရှိပြီး ယခင် မျိုးစု - ဒိုလီခို့စ် (Genus - Dolichos) အမျိုးနွယ်ဖြစ်ပါသည်။

(၁၀) ဗားဒ်စ်စားကျက်ပဲ (Verdc. – Macrotyloma axillare or Dolichos axillaris E.Mey) နွယ်တက်နှစ်ရှည်ပင် (Twinning Perennial with trifoliate leaves) ဖြစ်ပြီး မိုးရေချိန် ၁၀၀၀-မီလီမီတာ (၄၀-လက္ခအထက်) တွင် စိုက်ပျိုးမှုအောင်မြင်နိုင်သည်။ ဩစတေလျတွင်ရှိ အာချာ (Cv. Archer) မျိုးပြားသည် စားကျက်ပဲအဖြစ် လူသိများသည်။

ပုံ - ၄ ဗားဒ်စ်စားကျက်ပဲအပင်၊ ပန်းပွင့်နှင့်အတောင့်များ

(၁၁) ပဲပိဇပ်ပင် (Horse Gram – Macrotyloma uniflorum (Lam.) မြန်မာနိုင်ငံ တွင် ပုန်းရည်ကြီးလုပ်သော ပဲပင်ဖြစ်ပြီး ဩစတေလျှတွင်ရှိ လိုက်ချပ် (Cv. Leichhardt) မျိုးပြားသည် စားကျက်ပဲအဖြစ် လူသိများသည်။

(ဈ) ပြူရေးရီးယားအုပ်စု (Pueraria Group) မျိုးစိတ်ပေါင်း ၂၀-ခန့် (20-species) ရှိပြီး အရွက်ပြားကြီးကာ ထောင်မတ်၊ နွယ်တက်ပင်များ (Robust climbers) ဖြစ်ပါသည်၊

(၁၂) ကုဒဇူပဲ (Kudzu – Pueraria lobata Willd) သစ်နွယ်ပင် (Woody climbing and trailing vine) ဖြစ်ပြီး ကြီးထွားမှုမြန်သည်၊ အတောင့်ကြီး ပုံစံအရွယ် ၁၁-စင်တီ (၅-လက္ခနီးပါး) ရှိပါသည်။ မူရင်းဒေသ အရှေ့တောင်အာရှနိုင်ငံများဖြစ်ပါသည်၊ ဤစားကျက် ပဲပင်က မြေချဉ်ဓာတ် ၄-၅.၅ (pH 4-5.5) အထိစိုက်ပျိုးနိုင်၊ ခံနိုင်ရည်ရှိပါသည်၊ မျိုးပွားမှု က မျိုးစေ့ (သို့မဟုတ်) ကိုင်းဖြတ်များဖြင့် ပွားများနိုင်ပါသည်၊ 

မျိုးစေ့နှုန်း (Seed Rate) အတန်းလိုက်စိုက်ပျိုးမည် ဆိုလျှင် ၃-ပေတန်းကြား၊ ပင်ကြား စိုက်ပျိုး က တဟက်တာ ၃-၄ ကီလိုဂရမ်၊ ကြဲပက်စိုက်ပျိုးမည်ဆိုပါက တဟက်တာ ၆-၁၇ ကီလိုဂရမ် အထိ အသုံးပြုလေ့ရှိပါသည်။

အထွက်နှုန်း (Herbage Yield) ပဲသီးသန့် အခြောက်အလေးချိန် တဟက်တာ ၅-၁၀ တန် (5-10 DM ton ha-1) အထိထွက်နိုင်ပြီး ပဲအရည်အသွေး (Herbage Quality) ပရိုတိန်း ကြမ်း မိုးတွင်းဆိုလျှင် ၁၄-၁၉ ရာခိုင်နှုန်း အထိရရှိနိုင်ပါသည်။

ပုံ - ၅ ကုဒဇူစားကျက်ပဲအပင်နှင့်ပန်းပွင့်များ

(ည) စတိုင်လိုအုပ်စု (Stylosanthes Sw. Group) 

ကမ္ဘာ့အပူပိုင်းဒေသများမှာ ကြယ်ပြန့်စွာစိုက်ပျိုးနေပြီး မျိုးစိတ်ပေါင်း ၂၅ခုခန့် ရှိပါသည်။

(၁၃) စတိုင်လိုပဲ (Stylo – Stylosanthes guianensis Aubl.) နှစ်ရှည်ခံခြုံပုတ်ပင်မျိုး ဖြစ်ပြီး ၁-၄ ပေခန့်အထိ ထောင်မတ်စွာတွေ့နေရပါသည်၊ အရွက်က ၃-ရွက်မွှာ ရွက်ပေါင်း ဖြစ်ပြီး အရွက်အရွယ်က အလွန်သေးပါသည်၊ ပန်းပွင့်အရောင်က အဝါရောင်၊ လိမ္မော် ရောင် ရှိပါသည်၊ ဤစတိုင်လိုပဲကို မျိုးစေ့ကဘဲမျိုးပွားလေ့ရှိပါသည်၊ မျိုးစေ့ခွံက မာလွန်း သဖြင့် ဆာရဖြူရစ်အက်ဆစ် (သို့မဟုတ်) မျိုးစေ့ခွံပွတ်တိုက်ပစ် (Scarification of Seeds) ခြင်းအားဖြင့် အညောက်ပေါက်ရာခိုင်နှုန်း (Germination Rate) ကောင်းလာနိုင်ပါသည်။ နောက်တနည်းအားဖြင့် မျိုးစေ့များကို အနှုတ် ၁၇-ဒီဂရီဆဲစီယတ် တွင် ၇-ရက် ထား၍လည်းကောင်း၊ ရေနွေးပွက်ဆူရေတွင် ၁၀ စက္ကန့်လောက်ထား၍၎င်း၊ အစေ့ငုတ်မှုကို ချေဖျက် နိုင်ပါသည်၊

မျိုးစေ့နှုန်းကတော့ တဟက်တာ ၂-၃ ကီလိုနှုန်း နှင့် ၂-ပေအတန်းကြားစိုက်ပျိုးနိုင်ပါသည်၊ ပဲအထွက်နှုန်း (Herbage Yield) ကတစ်ဟက်တာ အခြောက်အလေးချိန် ၂.၅ - ၁၅ တန် အထိ ထွက်ရှိနိုင်ပါသည်၊ ပရိုတိန်းကြမ်းကတော့ ၁၂ ကနေ ၁၈ ရာခိုင်နှုန်း (CP 12-18%) သာရရှိပါသည်၊ 

နာမည်ကြီးစတိုင်လိုမျိုးများမှာရှိုးဖီးလ် (Schofield)၊ အောက့်စလေ (Oxley)၊ ကွက်(Cook)၊ အင်ဒေးဗား (Endeavour) စသည်ဖြင့် များပြားစွာရှိပါသည်။

ပုံ - ၆ စတိုင်လိုစားကျက်ပဲအပင်နှင့်ပန်းပွင့်များ

(၁၄) ဟာမတစတိုင်လို (Stylosanthesis hamata L.) ကိုင်းဖျာမှုပိုများသော နှစ်ရှည် စတိုင်လိုပင်မျိုးဖြစ်သည်၊ အထွက်ကောင်း (High Yielding) တိရိစ္ဆာန်ပိုကြိုက်၊ အရသာ ပိုရှိ (Palatable) သော စားကျက်ပဲပင်ဖြစ်သည်၊

ပုံ - ၇ ဟာမတစတိုင်လိုစားကျက်ပဲအပင်နှင့်ပန်းပွင့်များ

(၁၅) တောင်းစဗီးစတိုင်လို (Townsville Stylo Stylosanthesis humilis L.) ဩစ တေလျှနိုင်ငံ၊ တောင်းစဗီးမြို့ သုတေသနဌာနမှ ၁၉၆၈-ခုနှစ်လောက်ကတဲက ထုတ်လုပ် သောမျိုးဖြစ်သည်၊ ထောင်မတ်ပြီး ၃-ပေခန့်မြင့်သော ပင်စည် ရှိပါသည်၊ ဩစတေလျနိုင်ငံ တွင် အများဆုံးစိုက်ပျိုးနေသော စားကျက်ပဲမျိုးဖြစ်ပြီး အပူပိုင်းဒေသ ဩစတေလျှနိုင်ငံ မြောက်ပိုင်း အပါအဝင် ဟက်တာ ၁၀-သန်းလောက်စိုက်နေကြပြီး တကမ္ဘာလုံး (Genus - Stylosanthesis) မျိုးစု စုစုပေါင်း ဟက်တာ ၃၃-သန်း ခန့်စိုက်ပျိုးနေကြပါသည်။ 

ဤစားကျက်ပဲမျိုးက အကြမ်းခံနိုင်ပြီး အခြားစားကျက်ပဲမျိုး မအောင်မြင်နိုင်သော ရေ၊ မြေ၊ ရာသီဥတုမျိုးတွင်ပင် အောင်မြင်အောင်စိုက်ပျိုးနိုင်ပါသည်၊ ဤပဲမျိုးစေ့ကို ကြဲချ၍ ပဲခင်းကြီးထွားဖွံ့ဖြိုးလာနိုင်ပါသည်၊ သာမာန်အားဖြင့် ရိုက်ဇိုဘီယမ်လူးနယ်မှု (Rhizobium Inoculation) တောင် မလိုအပ်ဘဲ သဘာဝမျိုးများနှင့်ကြီးထွားနိုင်သော မျိုး ဖြစ်ပါသည်၊ တစ်ချို့က ပဲလွန်းအုပ်စုရိုက်ဇိုဘီယမ် (Cowpea Rhizobium Group) ကို အသုံးပြုလေ့ရှိပါသည်၊ ပဲအခြောက်အထွက် (Herbage Yield - DM) မှာ သီးသန့်စိုက်ပါက ၂-၅ တန် အထိ ထွက် နိုင်ပြီး စားကျက်မြက်များနှင့်တွဲဖက်စိုက်လေ့ရှိပါသည်၊ ပရိုတန်း ကြမ်းက ၉-၁၈ ရာခိုင်နှုန်း အထိရှိပါသည်၊ နံမည်ကြီးမျိုးများ (Known Cultivars) မှာ ဂေါ်ဒွန် (Gordon)၊ လော်ဆွန် (Lawson)၊ ပေတာဆွန် (Paterson) တို့ စိုက်ပျိုးလျှက်ရှိ ပါသည်၊

ပုံ - ၈ တောင်းစဗီးလ်စတိုင်လိုစားကျက်ပဲအပင်နှင့်ပန်းပွင့်များ

(စားကျက်ပဲများအကြောင်း ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Longman, London. 475p.

Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.

Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.

Skerman, P.J.; Cameron, D.G. and Riveros (1988) Tropical Forage Legumes.

FAO. 692p.

(ရုက္ခဗေဒဆိုင်ရာ ဝေါဟာရများကို ဖြေကြားပေးသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အပင်မျိုးမွေးမြူရေးဌာနမှ ကထိကဒေါ်တင်လဲ့လဲ့ထွေးအား ကျေးဇူးတင်ရှိပါသည်)

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်