အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၂၇) Chapter (15) Dairy Science and Technology အခန်း (၁၅) နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာသိပ္ပံနှင့်နည်းပညာ

06/06/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

တိရိစ္ဆာန်မွေးမြူရေးသိပ္ပံ (Animal Science) ၏လက်အောက် နွားမွေးမြူရေးတွင် အသားစားနွား မွေးမြူရေး (Beef Cattle Production) နှင့် နို့စားမွေးမြူရေး (Dairy Cattle Production) တို့ ခွဲခြားနိုင် ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ထယ်ထိုး၊ ထွန်ယက်ရာတွင် အသုံးဝင်သော ခိုင်းနွား (Draught Cattle)၊ ခိုင်းကျွဲ (Draught Buffalo) မွေးမြူရေး၊ တပိုင်တနိုင် လုပ်ငန်းများလည်း ရှိပါသေးသည်။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏လက်အောက်တွင် ပညာရှင်များစွာ ရှိပါလိမ့်မည်။ ကျွန်တော့်အနေနှင့် အလယ်အလတ်နှင့် အဆင့်မြင့် ပညာရေး သင်ယူလေ့လာရေး နှင့်ပညာပြန့်ပွားရေးရှုထောင့်မှ ရေးသားပါသည်။

နွားနို့သောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ - 

၁။ အာဟာရဓာတ်ဖြစ်စေရန်၊ ခွန်အားဖြစ်စေရန် (to Nourish)

၂။ နို့တိုက်ကလေးငယ်၊ တိရစ္ဆာန်ငယ်ကလေးများအတွက် ကိုယ်ခံအားကောင်းစေရန် (Immunological Protection) အတွက် ဖြစ်ပါသည်။ နို့နှင့် နို့ထွက်ပစ္စည်းများသည် အာဟာရဓာတ်အတွက် ရှေးပဝေဏသီ ကတည်းကပင် သုံးခဲ့ပါသည်။ ကျွန်တော်တို့၏ ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်ရှိကာနီး အချိန်တွင် သုဇာတာသတို့သမီးက နို့ဆွမ်းကပ်သည်ကို ကြည့်ခြင်းအားဖြင့် နွားနို့သောက်သုံးမှုမှာ ကာလအတော်ကြာခဲ့ပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။

 နို့ထွက်ပစ္စည်းနှင့် သိပ္ပံနည်းပညာတွင် - 

၁။ နွားနို့ထုတ်လုပ်ခြင်း (Milk Production)

၂။ နွားနို့ အမျိုးအစားခွဲခြားခြင်းနှင့် ချို့ယွင်းချက်၊ အပြစ်အနာအဆာ (Milk Grading and Defects)

၃။ နွားနို့ဓာတုဗေဒ (Dairy Chemistry)

၄။ နွားနို့ အဏုဇီဝဗေဒ (Dairy Microbiology)

၅။ နွားနို့ ပြုပြင်ထုတ်လုပ်ခြင်း (Dairy Processing)

၆။ နို့နှင့်နို့ထွက်ပစ္စည်းများ (Dairy Products) စသည်တို့ ဖြစ်ပါသည်။

၁။ နွားနို့ထုတ်လုပ်ခြင်း (Milk Production)

ဇယား(၁) ကမ္ဘာ့နို့ထုတ်လုပ်မှု အများဆုံးနိုင်ငံများ (မီလီယံတန်)

Source – World Bank, 2020

ဇယား() မြန်မာနိုင်ငံရှိ တိရိစ္ဆာန် အရေအတွက် (သန်း)

 

Source – Myanmar Agriculture in Brief, 2019

 

၂။ နွားနို့ အမျိုးအစားခွဲခြားခြင်းနှင့်ချို့ယွင်းချက်၊ အပြစ်အနာအဆာ (Milk Grading and Defects)

 

            တချို့နိုင်ငံများတွင်မလိုင်၊ အဆီအပြည့်နွားနို့ (Whole Milk)၊ အဆီ ၃.%၊ အဆီလျှော့ (အဆီ ၁-%)၊ မလိုင်၊အဆီနှတ်ထားသောနို့ (Skimmed Milk)၊ အဆီ ၀%၊ စသည်ဖြင့် ခွဲခြားထားနိုင်ပါသည်။ အမေရိကန်နိုင်ငံတွင် အဆင့်(က) (Grade-A) နွားနို့က လတ်လတ်ဆတ်ဆတ် (Fresh Milk) သောက်သုံးနိုင်ပြီး တချို့ပိုးသတ်ပြီးမှ (Pasteurized Milk) ထုပ်ပိုးမှုအမျိုးမျိုးအလိုက် (ပလတ်စတစ်၊စက္ကူဘူး) နှင့်လည်း ရောင်းချပါသည်။ နိုင်ငံခြားတွင် အော်ဂဲနစ်နွားနို့ (Organic Milk) စသည်တို့ပါ ခွဲခြားရောင်းချနေပြီး အလွန်စျေးကြီးပါသည်။ အဆင့် () (Grade-B) က ဒိန်ခဲ (Cheese)၊ ထောပတ် (Butter)၊ နို့မှုန့် (Dry Milk or Milk Powder) စသည်တို့ပြုလုပ်နိုင်ပါသည်။ နို့ဖြင့် ပြုလုပ်ထားသောထုတ်ကုန် (Dairy Milk Product) နို့မဟုတ်သော၊ အပင်မှရသောနို့ထုတ်ကုန် (Non-Dairy Milk or Plant Milk) ဥပမာ - အုန်းနို့ (Coconut Milk)၊ ပဲပုတ်မှထုတ်လုပ်သောပဲနို့ (Soy Milk) ကျောင်းသား၊ ကျောင်းသူငယ်ကလေးများ သောက်သုံးကြပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ပဲပုတ်စိုက်ပျိုးသော်လည်း ထုတ်လုပ်သောစက်ရုံ၊ ထုတ်လုပ်နည်းပညာ (Processing Technology)၊ ထုပ်ပိုးနည်းပညာများ (Packaging Technology) မကျွမ်းကျင်သေးသဖြင့် ကုန်တိုက်များ (Shopping Mall)၊ အရောင်းစင်တာ (Market Place/Sale Center) များတွင် စျေးကြီးပေး၍ ဝယ်ယူနေရပါသည်။

 

၃။ နွားနို့ဓာတုဗေဒ (Dairy Chemistry)

 ဇယား() နို့တိုက်သတ္တဝါများမှ ရရှိသော လတ်ဆတ်သောနို့ ပါဝင်မှု ရာခိုင်နှုန်း (/၁၀၀ ဂရမ်)

Source – Webb, B.H. A.H.Johnson (1974) Fundamentals of Dairy Chemistry, AVI Pub.

 

နွားနို့တွင် အကြမ်းအားဖြင့် -

 

(က) ရေဓါတ် (Water) ၈၅-၈၈%

() နို့အဆီ (Milk Fat) .-.%

() အခဲဓါတ် (Solids, not Fat) .-၁၀%

            - ပရိုတိန်း (Protein) – .၂၅%

            - လက်တို့ (Lactose) - .%

            - အာဟာရဓါတ် (Minerals – Ca, P, Mg, K) .၆၅%

            - အက်စစ် (.၁၈%), စစ်ထရိတ် (Citrate), အော်ဇလိတ် (Oxalate)

            - အင်ဇိုင်း (Enzymes) – Peroxidase, Catalase, Phosphatase

            - ဗိုက်တာမင် အေ၊ စီ၊ ဒီ (Vitamin A, C, D)၊ သိုင်ရာမင်း (Thiamine)၊ ရီဘိုဖလာဗင် (Riboflavin) နှင့် အခြားဓါတ်များစွာပါဝင်ပါသည်။ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝက ဆရာ ကြီးဉီးတင်နိုင်မှာ ယူကေနိုင်ငံမှ နွားနို့ဓါတုဗေဒ (Dairy Chemistry) မဟာသိပ္ပံဘွဲ့ရခဲ့ပြီး အလွန် စာသင်ကောင်းသော ဆရာကြီးဖြစ်ပါသည်၊ ဆရာကြီးကယခုအငြိမ်းစားယူသွားပါပြီ။

 

၄။ နွားနို့ အဏုဇီဝဗေဒ (Dairy Microbiology)

 

       နွားနို့ရှိ ပရိုတန်း လက်တို့ (Lactose) မှ လက်တစ်အက်ဆစ် (Lactic Acid) ကို အချဉ်ဖောက် (Fermentation) ပြောင်းပေးနိုင်သော အကျိုးပြုဘက်တီးရီးယား (Beneficial Bacteria) ပါ၀င်ပါသည်။ ယင်းမှာနာမည်ကြီးနေသော နို့ဒိန်ချဉ် (Yogurt) အဖြစ်သို့ပြောင်းလဲပေးနိုင်ပါသည်၊ ပညာရပ်တစ်ခုအနေနှင့် သေချာစွာ သိပ္ပံနည်းကျ လေ့လာသုတေသန (Scientific Research) ပြုရန်လိုပါမည်။

 

ဇယား - ၁ နို့စားနွားသားအမိနှင့် စားကျက်စိုက်ခင်း

 

ပိုးသတ်ခြင်း (Pasteurization) ဆိုသည်မှာ လူးဝစ်ပတ်ချာ (Louis Pasteur) ဆိုသည့်ပုဂ္ဂိုလ်က တွေ့ရှိ တီထွင်ခဲ့ပြီး ရေဆူအမှတ်အောက် အပူချိန်တစ်ခုခုတွင်ထားခြင်းဖြင့် ပျက်စီးစေသော အဏုဇီဝအကောင်လေးများ (Harmful Microbes) တို့ မလှုပ်ရှားနိုင်တော့သည်ကို ဝိုင်ပြုလုပ်နည်းတွင် တွေ့ရှိခဲ့ပါသည်။

နွားနို့တွင် ထိုသို့ပိုးသတ်ပေးခြင်းဖြင့် ပိုးသတ်ပြီး နွားနို့ကိုလေလုံအောင်ထုပ်ပိုးကာ အချိန်ကြာစွာထားနိုင်သည့် နည်းပညာကိုတွေ့ရှိခဲ့ပါသည်။ ဥပမာ နွားနို့များအား ၆၃ ဒီဂရီ စင်တီဂရိတ် (63 degree Celsius) အောက် အနည်းဆုံး ၃၀-မိနစ်၊ ၇၂ ဒီဂရီ (72 degree Celsius) အောက် အနည်းဆုံး ၁၆-စက္ကန့် ထားပေးခြင်းဖြင့် ဖျက်ဆီးနိုင်သော ဘက်တီးရီးယားများ သေစေနိုင်ခြင်း စသည့်တွေ့ရှိချက်များကြောင့် မဖြစ်မနေ ပိုးသတ်ပေးရပါမည်။

 

၅။ နွားနို့ ပြုပြင်ထုတ်လုပ်ခြင်း (Dairy Processing)

 

နွားနို့မှအဆီအနှစ်ကိုထုတ်လုပ်ခြင်း (Concentrated Dairy Processing) တို့မှာ နို့စိမ်း (Evaporated Milk)၊ နို့ဆီ (Sweetened Condensed Milk)၊ ထောပတ်ဆီ (Condensed Butter Milk)၊ နို့ဓမ်း (Condensed Whey) ရရှိနိုင်ပါသည်။ နွားနို့အခြောက်ခံထုတ်လုပ်ခြင်း (Dry Dairy Products) ဖြင့် နို့မှုန့် (Milk Power)Whey Powder, Whey Protein Concentrates   တို့ဖြစ်ပါသည်။

ဒိန်ခဲထုတ်လုပ်မှုနည်းပညာ (Cheese Making Technology) သည် အနောက်နိုင်ငံများတွင် အရေးပါသောဘာသာရပ်ဖြစ်ပါသည်။ ဒိန်ခဲ  (အရောင်၊အနံ့၊အရသာ) အမျိုးမျိုးကို ကျွန်တော်တို့ နိုင်ငံသား များ ငါးပိ၊ ငါးပိရည် ကြိုက်သလို နေ့တိုင်းစားသလို သူတို့အတွက် မရှိမဖြစ်အာဟာရဓာတ် (Essential Nutrient Diet) ဖြစ်ပါသည်။

အိုက်ကရင်းမ်ထုတ်လုပ်နည်းပညာ (Ice cream Production Technology) သည်လည်း တကမ္ဘာလုံးကကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး၊ နွားနို့ပါဝင်သော အာဟာရရှိ အစားအစာ ဖြစ်သဖြင့် အရောင်၊ အနံ့၊ အရသာ၊ ပုံသဏ္ဍာန်အမျိုးမျိုးတို့ကို စုပေါင်း၍ လေ့လာသင်ယူ၊ သုတေသနပြု၊ စျေးကွက်ဖေါ်ထုတ်သင့်သော နည်းပညာတစ်ခု ဖြစ်ပါသည်။

 

နွားနို့မဟုတ်သောပစ္စည်းများ (Non-Dairy Products) သည် ကြာရှည်အသုံးပြုနိုင်သော်လည်း နို့ထွက် ပစ္စည်းများ (Dairy-Products) လောက် ကျန်းမာရေးအထောက်အကူ မပြုနိုင်ပါ။ ကုန်တိုက်ကြီးများတွင် နို့ထွက်ပစ္စည်း ဥပမာ - နို့ဆီ၊ နို့စိမ်းတွင် (Condensed Milk, Evaporated Milk) နှင့် နွားနို့ မဟုတ်သောပစ္စည်းများ (Non-Dairy Creamer) အမည်ကိုခွဲခြားကြည့်၍ ဝယ်ယူနိုင်ပါသည်။

ဇယား - ၂ ပြည်တွင်းနို့စုဆောင်းပုံ  

            နွားနို့သောက်ခြင်းဖြင့် အာဟာရပြည့်ဝရုံမက ကယ်လဆီယမ် (Calcium - Ca) ကြွယ်ဝသဖြင့် အရိုးများကိုလည်း သန်မာစေပါသည်။ စျေးဆိုင်ကြီး (Shopping Malls/Super-Markets) များတွင် ပြည်တွင်းထွက် လတ်ဆတ်သော နွားနို့ (Fresh Milk)၊ ပိုးသတ်ထားသောနွားနို့ (Pasteurized Milk)၊ နို့ဆီ (Sweetened Condensed Milk)၊ နို့စိမ်း (Evaporated Milk)၊ ဒိန်ချဉ် (Yoghurt) နှင့် ထောပတ် (Butter) တို့ အပြင် ပြင်ပမှတင်သွင်းလာသော၊ စျေးကြီးသော၊ အဆင့်မြင့်နို့မှုန့်၊ ထောပတ်၊ ဒိန်ခဲ တို့ ဝယ်ယူရရှိနိုင်ပါသည်။

 

 

 

ဇယား - ၃ ပြည်တွင်းထုတ်နို့ထွက်ပစ္စည်းများ

 

 

ဇယား - ၄ ပြည်ပမှတင်သွင်းသောနို့ထွက်ပစ္စည်းများ

 

အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘာသာဝင်အများစုမှာ သက်သတ်လွတ်သမား (Vegetarian) များဖြစ်ပါသော်လည်း နွားနို့နှင့်ဒိန်ချဉ်ကိုနေ့စဉ် သောက်သုံးနေကြ၍ ကမ္ဘာ့နို့ထုတ်လုပ်မှုနှင့်သုံးစွဲမှု အများဆုံးနိုင်ငံ ဖြစ်နေပါသည်။ ကျွန်တော် တက္ကသိုလ်တွင် အလုပ်လုပ်စဉ်က Advanced Centre for Agricultural Research and Education - ACARE  စီမံကိန်းဖြင့် ရေဆင်းတွင် လာရောက်နေထိုင်သော အန္နိယပညာရှင် ပါမောက္ခ၊ ဒေါက်တာမေတာ (Professor Dr. Mehta) တို့ဇနီးမောင်နှံမှာ သတ်သက်လွတ်သမား ဖြစ်ပြီး တစ်ဦးလျှင် နွားနို့နှင့်ဒိန်ချဉ် တစ်ရက် တစ်လီတာနှုန်း သောက်သုံးကြပါသည်။ ကျွန်တော်တို့မြန်မာများ မသောက်သုံးကြပါ။

နို့များအားလုံးတွင် နွားနို့သည် အရသာအရှိဆုံး၊ လွယ်ကူစွာအရနိုင်ဆုံး အစားအသောက်ဖြစ်ပါသည်။ ပြီးမှ ကျွဲနို့၊ ဆိတ်နို့ စသည်တို့ ပါဝင်လာပါသည်။ မြန်မာနိုင်ငံ ပြည်တွင်းထွက်နွားနို့၏ ၈၅% မှာ တပိုင်တနိုင်မွေးမြူထားသော တောင်သူများထံမှရရှိပါသည်။ တစ်ပတ်လုံး ကီလိုသန်းပေါင်း ၆၂၀ ထုတ်လုပ်နိုင်ပြီး၊ နိုင်ငံလိုအပ်ချက်၏တစ်ဝက်သာ ဖြည့်တင်းပေးနိုင်ပါသည်။ အရည်အသွေးထိန်းချုပ်မှု (Quality Control)၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှု (Certification) တို့ကို တွင်ကျယ်စွာအပြုလုပ်နိုင်သေးပါ။ ကျန်းမာရေးနှင့်ညီညွတ်ရန်ကိုလည်း ပြုလုပ်ရပါဦးမည်။ ပြည်တွင်းထွက်နွားနို့စျေးကွက်၏ အဓိကဖောက်သည်မှာ ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဖြစ်ပါသည် (Van der lee, 2014)

 

၆။ နို့နှင့် နို့ထွက်ပစ္စည်းများ (Dairy Products)

 

နို့နှင့်နို့ထွက်ပစ္စည်းများတင်သွင်းမှု (Imports) မှာ ကျွန်တော်တို့နိုင်ငံအတွက် နိုင်ငံခြားငွေ (Foreign Exchange-FE) အလွန်ကုန်ကျလှပါသည်။ ၂၀၁၇-၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ နို့နှင့် နို့ထွက်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၀-၆၀ သန်း (US$ 40-60 Million) အကြားရှိပါသည်။ သို့ဖြစ်ပါ၍ အနာဂတ်ခေါင်းဆောင်များ၊ ကျောင်းသား/သူများ၊ လူငယ်များ ကျန်းမာဖွံ့ဖြိုး တိုးတက်စေရန် နို့ထွက်ပစ္စည်းများ၊ ပရိုတိန်း/ခွန်အားဓါတ် (Protein) ရနိုင်သေ ာအပင်ထွက်နို့များ (ဥပမာ - ပဲနို့) ကို ပညာရပ်ဆိုင်ရာလေ့လာခြင်း၊ သုတေသနပြုခြင်း၊ ပြည်တွင်းတွင်ပင် ထုတ်လုပ်ပေးခြင်း (Domestic Production) ဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် တဖက်တလမ်းက အထောက်အကူပြုနိုင်ပါသည်။

 

Reference – van der Lee, J.; J. de Jong, M.; Aung Myo Thant, Thiha Oo, Pyi Kyaw Lynn and Xin Ying Ren (2014) The Myanmar Dairy Sector; A quick scan of Opportunities, Livestock Research, WUR, The Netherlands.

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်