ဥယျာဉ်ခြံသီးနှံပညာကို သင်ကြားခြင်းဖြင့် ရရှိနိုင်သော အလုပ်အကိုင်များ

31/10/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (96)  Horticulture (Part-3)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၆) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးပညာ (အပိုင်း - ၃)

အစိမ်းရောင် (သို့မဟုတ်) ကျန်းမာရေး၊ အပန်းဖြေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း (Green Industry)

ဤဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးပညာရပ်သည် မိမိအပါအဝင် လူသားအားလုံး၏ အနီးအနားမှာပဲ ရှိနေပါသည်။ နေ့စဉ်သုံးအစားအသောက်မှသည် မိမိပတ်ဝန်းကျင် ထိန်းသိမ်းပေးကာ အပန်းဖြေရာလည်း ရောက်သည်။ ကျန်းမာအသက်ရှည်ရေးအတွက် မိမိဘဝ (Your Life) တစ်လျှောက်လုံး ပံ့ပိုးဖြည့်စည်းပေးနေသောကြောင့် သီးနှံ၊ အပင်များအား ဂရုတစိုက်လေ့လာသင့်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏  ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်များပြားမှုကြောင့် အသီး၊ အရွက်၊ ပန်းမန်များမှာ လွယ်လင့်တကူ စိုက်ပျိုး၊ ထွက်ရှိနေသဖြင့် တန်ဖိုးထားရကောင်းမှန်း၊ ဒီထက်ပို၍ သုတေသနပြု၊ ထုတ်လုပ်ရကောင်းမှန်း အလေးဂရုမပြုမိကြပါ။ 

ပုံ - ၁ အစိမ်းရောင်စီးပွားရေးလုပ်ငန်း၏ နမူနာရုံးခန်းပုံ

ဥယျာဉ်ခြံသီးနှံပညာ၊ သီးနှံများနှင့် အလုပ်အကိုင် (Choosing a Career in Horticulture)

ဤပညာသည် အသုံးချသိပ္ပံပညာ (Applied Science) အောက်ရှိ ဇီဝသိပ္ပံ (Biological Science) ဘာသာကြီးမှ ဘာသာတစ်ခုဖြစ်သော စိုက်ပျိုးမွေးမြူရေးသိပ္ပံပညာ (Agricultural Science) ၏ ဘာသာခွဲတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာတွင် ဤပညာရပ် သင်ကြားပြီးရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ (Job Opportunity) အကြောင်း ကြည့်ရအောင်ပါ။

(က) သစ်သီးဝလံထုတ်လုပ်ရေးကဏ္ဍ (Fruit Production Sector)

(က-၁) သစ်သီးခြံကြီးကြပ်သူ (Orchard Supervisor) သီးနှံတစ်ခုခု၏သိပ္ပံပညာ ဥပမာ -သရက်သီး (Mango Science) အကြောင်းကို စိုက်ပျိုးပြုစုပုံ၊ ထုတ်လုပ်ပုံ၊ ရောင်းဝယ် ဖောက်ကားပုံအထိ လေ့လာကျွမ်းကျင်ပြီးသူဖြစ်ရပါမည်။

(က-၂) ဘယ်ရီသီးများစိုက်ပျိုးထုတ်လုပ်သူ (Berry Grower) နိုင်ငံတကာတွင် ထိုအသီး များမှာ ဈေးကောင်းရပါသည်။ ဥပမာ - စတော်ဘယ်ရီ (Strawberries)၊ ရပ်စ်ဘယ်ရီ (Raspberries)၊ ဘလူးဘယ်ရီ (Blueberries) (ပုံ-၁)

ပုံ - ၁ ဘယ်ရီသီးအမျိုးမျိုး

(က-၃) စပျစ်သီးစိုက်ပျိုးရေးပညာရှင် (Grape Vineyard Supervisor or Viticulturist) အစိမ်းရောင်၊ အညိုရောင်စပျစ်သီး စိုက်ပျိုးထုတ်လုပ်ပုံ၊ မျိုးစေ့မဲ့စပျစ်သီး (Seedless Grapes) စသည်တို့ ထုတ်လုပ်ပုံတို့ကို လေ့လာကျွမ်းကျင်ပြီးသူဖြစ်ရပါမည်။ 

(က-၄) ဝိုင်ပြုလုပ်သူ/ဝိုင်ပညာရှင် (Winemaker/Enologist) စပျစ်သီးစိုက်ပျိုးမှုနှင့် ဆက်စပ်နေပြီး ရရှိလာသော စပျစ်သီးများကို နိုင်ငံတကာ အဆင့်မီ ဝိုင်ပြုလုပ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရသည့် အလုပ်အကိုင်ဖြစ်ပါသည်။

ပုံ - ၂ ဝိုင်ပြုလုပ်သူနှင့် ဝိုင်စည်များ 

(ခ) ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးထုတ်လုပ်ခြင်းကဏ္ဍ (Vegetable Production Sector)

(ခ-၁) ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူ/မန်နေဂျာ (Vegetable Grower or Vegetable Farm Manager) အထွက်ကောင်းအောင် စိုက်ပျိုးပြုစုထိမ်းသိမ်းခြင်းနဲ့အတူ ဈေးကွက်ကောင်းရအောင် စီမံခန့်ခွဲနိုင်စွမ်းရှိရပါမည်။

(ခ-၂) စည်သွပ်ဘူးမန်နေဂျာ (Cannery Field Manager) ပိုလျှံသော ဟင်းသီး ဟင်းရွက် များကို စည်သွပ် (Canning Process) ၊ အအေးခန်းတွင်သိုလှောင် (Cold Storage) ပြီး တနှစ်ပတ်လုံးရောင်းချနိုင်ပါသည်။ မြန်မာနိုင်ငံ နေပြည်တော်တွင်  Myanmar Agri-Foods နှင့် Nilar Frozen Foods စသည့်ကုမ္ပဏီများ၊ အခြားကုမ္ပဏီများက ဟင်းသီး ဟင်းရွက်များကို အအေးခံ နိုင်ငံခြားပို့သည့်လုပ်ငန်းများ၊ စားတော်ပဲ၊ ကုလားပဲနှင့် ထောပတ်ပဲများ စသည့် စည်သွပ်လုပ်ငန်းများ စတင်လုပ်ဆောင်နေပါပြီ။

ပုံ - ၃ ဟင်းသီးဟင်းရွက်များ ပုလင်းဖြင့် စည်သွပ်ထားပုံ

(ခ-၃) မှန်လုံအိမ်ဖြင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်သူ (Green House Vegetable Producer) အချို့နိုင်ငံများတွင် ဆောင်းရာသီ ရာသီဥတု အေးလွန်းမှုကြောင့် မှန်လုံအိမ်များ (Glass House)၊ ပလတ်စတစ်ကာတဲများ (Plastic Tent)၊ အစိမ်းရောင် ပိုက်ကွန်တပ်ခြံများ (Green House/Net-House) စသည်ဖြင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ပြီး တန်ဖိုးကြီးစွာ ရောင်းချရသလို၊ ဆောင်းရာသီအပူချိန်၊ အလင်းရောင်၊ ရေနှင့် လေဝင်လေထွက်တို့ကို စီမံကွပ်ကဲရသဖြင့် ကျွမ်းကျင်မှု လိုအပ်ပါသည်။ 

(ခ-၄) ဆေးဖက်ဝင်အပင်များစိုက်ပျိုးထုတ်လုပ်သူ (Herb Grower) ဆေးဝါးအဖြစ် အသုံး ပြုသော အပင်များ၊ ဘယဆေးပင်များသည် နိုင်ငံခြားတိုင်းပြည်များတွင် ဈေးကြီးပါသည်။ ထိုအပင်များ စိုက်ပျိုးထုတ်လုပ်မှုကို ကျွမ်းကျင်အောင်လေ့လာ အသုံးချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းလည်း ရရှိနိုင်ပါသည်။

 

ပုံ - ၄ ဘယဆေးပင်အမျိုးမျိုး

(ဂ) ပန်းမန်စိုက်ပျိုးထုတ်လုပ်ရေး (Flower Production/Floriculture)

မြန်မာနိုင်ငံတွင်တော့ ဘုရားပန်းထိုးသည်က အများဆုံး ဖြစ်မည်ထင်ပါသည်၊ မွေးနေ့၊ မင်္ဂ လာဆောင် ပန်းစည်းပေးသည့်ဓလေ့၊ ကွယ်လွန်သူအား ပန်းခွေချသည့်ဓလေ့သည်က နည်းပါး ပါသေးသည်။

(ဂ-၁) နှင်းဆီစိုက်ပျိုးထုတ်လုပ်သူ၊ ဂန္နမာစိုက်ပျိုးထုတ်လုပ်သူ (Rose Grower/ Chrysanthemum Grower) 

 

 

 

ပုံ - ၅ နှင်းဆီပန်း စိုက်ပျိုးထုတ်လုပ်သူများ

(ဂ-၂) ပန်းဖူးစိုက်ပျိုးထုတ်လုပ်သူ (Bulb Producer)

(ဂ-၃) ပန်းခြောက်များ စိုက်ပျိုးထုတ်လုပ်သူ (Dried-Flower Producer)

(ဂ-၄) ပန်းရောင်းဝယ်ရေးပင်ရင်းရောင်းဝယ်သူ (Floral Supply Wholesaler)

(ဂ-၅) ဈေးတွင်လက်လီရောင်းချသူ (Retail Florist) ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်တော့ ပန်းဆိုင်နှင့် ပန်းပင်၊ ပန်းစည်းဝန်ဆောင်ပေးသောဆိုင် (Boutique) များပေါ်လာပါပြီ။ 

(ဃ) ဥယျာဉ်အလှဆင်ခြင်းနည်းပညာကဏ္ဍ (Landscape Horticulture Sector)

အိမ်တွင်း (Indoor Plants)၊ အိမ်ပြင် (Outdoor Plants) အပင်များစိုက်ပျိုးပြီး၊ ပတ်ဝန်း ကျင် ပျက်စီးမှုလည်း မဖြစ်အောင်၊ လူတွေလည်း အပန်းပြေအောင် ပြုပြင်ထိန်းသိမ်း ပေးရသော ပညာရှင်များဖြစ်ပါသည်၊

(ဃ-၁) မြေယာအလှဆင်ဒီဇိုင်းဆွဲသူ (Landscapr Designer) ဗိသုကာပညာ (Architecture) ကျွမ်းကျင်ရပြီး အပင်များ မစိုက်ပျိုးခင် ဒီဇိုင်းဆွဲပေးရသည့် ဒီဇိုင်း ပညာရှင်ဖြစ်ပါသည်။ ပန်းချီ၊ ပန်းပု အနုပညာ ဝါသနာပါသူလည်းဖြစ်ရပါမည်၊ 

ပုံ - ၆ မြေယာအလှဆင်ဒီဇိုင်းဆွဲခြင်း

(ဃ-၂) မြေယာအလှဆင်ခြင်း၊ အလှမြက်စိုက်ပျိုးခြင်းများအတွက် ကန်ထရိုက်တာ (Landscape Contractor) လုပ်ငန်းအပ်နှံသူ (Customer) နှင့် ကျွမ်းကျင်ပညာရှင်များ (Experts) အကြား ငွေကြေးကုန်ကျမှု၊ စာရင်းပြုစု၊ ငွေကြေးဆိုင်ရာ လုပ်ငန်း လုပ်ပေးသူ ဖြစ်ပါသည်။

(ဃ-၃) ပျိုးပင်ရောင်းသူ (Reatail Nursery Salesperson) ဤလုပ်ငန်းမှာလည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် ရုတ်တရက် စီးပွားဖြစ်လာသောလုပ်ငန်း (Booming Business) ဖြစ်ပြီး၊ ပျိုးပင်၊ ပန်းပင်များသာမက အသင့်စိုက်ထားသော ပန်းအိုးများ၊ မြေဩဇာ၊ မျိုးစေ့များ၊ စပ်မြေများအပြင် အလှဆင်မြက် စိုက်ခြင်းလုပ်ငန်းများပါ ပါဝင်လာပါသည်။

(င) သစ်ပင်ကြီးများ၊ စိုက်ပျိုး၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကဏ္ဍ ( Arboriculture Sector)

ဤလုပ်ငန်းမှာ မြို့ပြများ၊ ပန်းခြံ၊ ပန်းဥယျာဉ်များနှင့် လမ်းဘေးဝဲယာများတွင် အရိပ်လည်းရ၊ အလှအပအတွက်လည်း ပြုပြင်ထိန်းသိန်းရသော လုပ်ငန်း ဖြစ်ပါသည်၊ 

(င-၁) သစ်ပင်ကြီးများပြုပြင်ထိန်းသိန်းသူ (Arborist) သစ်ပင်ကြီးများကို စနစ်ကျစွာ ဖြတ်တောက်ခြင်း၊ သစ်ပင်ကြီးများ ရွှေ့ပြောင်းစိုက်ပျိုးခြင်းစသည့် လုပ်ငန်းများ လုပ်ရသည့် ပညာရှင်ဖြစ်ပါသည်။ 

(င-၂) ခရစ်စမတ်အပင်စိုက်ပျိုးသူ (Chrismas Tree Grower) ခရစ်ယာန်ဘာသာ ကိုးကွယ်သူများပြားသည့် နိုင်ငံများဖြစ်သည့် ဥရောပ၊ အမေရိက အနောက်နိုင်ငံများတွင် နှစ်စဉ်ဒီဇင်ဘာ ၂၅-ရက် ခရစ်စမတ်နေ့ မတိုင်မီ ကြိုတင်စိုက်ပျိုးပြီး ရောင်းချပေးနေသော ဤစီးပွားရေး လုပ်ငန်းကို လုပ်နေသူများစွာ ရှိပါသည်။ 

(စ) အလှဆင်မြက် စိုက်ပျိုးပြုစု၊ ထိန်းသိမ်းမှုလုပ်ငန်း (Turfgrass Industry)

ပန်းခြံ၊ ဂေါက်ကွင်း (Golf Course)  များတွင် အလှဆင် စိုက်ပျိုးကြပြီး နှစ်စဉ် မြက်ဖြတ်စက် (Lawn Mower) များနှင့် လှပအောင် လုပ်ပေးရသော လုပ်ငန်းများဖြစ်ပါသည်။

(စ-၁) မြက်မျိုးစေ့ထုတ်လုပ်ပေးသူ (Grass Seed Producer) အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမြက်များကို မျိုးစေ့ထုတ်၊ စိုက်ပျိုးရောင်းချသော စီးပွားရေးလုပ်ငန်းဖြစ်ပါသည်၊ ဥပမာ - ဂျပန်ဘဲစာ၊ ယိုးဒယားဘဲစာ၊ မြန်မာဘဲစာမြက်များ မျိုးစေ့ထုတ်၊ မျိုးပွားရောင်းချခြင်း လုပ်ငန်းများ ဖြစ်ပါသည်၊ မြက်မျိုးစေ့မှာ အလွန်သေးငယ်၍ ကျွမ်းကျင်ပညာရှင် များစွာလိုပါသည်။ မြန်မာနိုင်ငံတွင် မြက်မျိုးစေ့ကို များသောအားဖြင့် ထိုင်းနိုင်ငံမှသာ အများစု တင်သွင်းနေရပါသေးသည်။ ကျွမ်းကျင်နည်းပညာရှင်များစွာ လိုနေပါသေးသည်။

(စ-၂) မြက်ခင်းထိန်းသိန်းရေးလုပ်ငန်းဆောင်ရွက်သူ (Lawn Maintenance Service Owner) ဤလုပ်ငန်းမှာလည်း စီးပွားရေး ပြေလည်နေသည်နှင့်အမျှ လုံးခြင်းအိမ်၊ အားကစားကွင်း၊ ဟော်တယ်၊ ဂေါက်ကွင်း၊ ဘော်လုံးကွင်းများ အပါအဝင် မြက်စိုက်ပျိုးမှု လုပ်ငန်း များစွာရှိပါသည်။

ဆက်ပါဦးမည်..

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bird, C. (2014) Fundamentals of Horticulture: Theory and practice. Cambridge University press. 464p.

Rice, L.W. and R.P. Rice (2011) Practical Horticulture. 7th Edi.  Prentice Hall.438p. 

Schroeder, C.B. (1997) Introduction to Horticulture. 2nd Edi. IST Interstate publishers, US. 660p. 

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်