ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၁)

10/11/2021 11:30 AM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

    မြန်မာနိုင်ငံသည် အာရှတွင် ပဲလွမ်းထုတ်လုပ်မှုအမြင့်ဆုံးနိုင်ငံ ဖြစ်ပါသည်။ ထို့ကြောင့် ပဲလွမ်းသည် မြန်မာနိုင်ငံအတွက် စီးပွားရေးအရ အလွန်အရေးပါသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါပိုးမွှားများကိုမကာကွယ်နိုင်ပါက အထွက်နှုန်းကျဆင်းပြီး စီးပွားရေးအရ ထိခိုက်မှုများရှိလာနိုင်ပါသည်။ ထို့ကြောင့် ပဲလွမ်းတွင်ကျရောက်တတ်သောရောဂါများကိုဖော်ပြလိုက်ရပါသည်။

မှဲ့ပြောက်စွန်းရောဂါ

ရောဂါကျရောက်ပါက အရွက်များတွင် အနက်ရောင်မှ အညိုရောင်နေလောင်ကွက်များကို တွေ့ရှိရပါသည်။ ထို့နောက် အနာကွက်များသည် ပင်စည်နှင့် ရွက်ရိုးတံများအပေါ်သို့ ပျံ့နှံ့သွားတတ်ပါသည်။ စိုထိုင်းသောရာသီများတွင် အနာကွက်များသည် ပန်းရောင်စပိုးမှုန်များဖြင့် ဖုံးလွှမ်းနေတတ်ပါသည်။ ခံနိုင်ရည်ရှ်ိမျိုးများကိုအသုံးပြု၍ ကာကွယ်နိုင်ပါသည်။ အခင်းကို ပုံမှန်သန့်ရှင်းရေးလုပ်ပြီး ရိုးပြတ်အကြွင်းအကျန်များကို ဖယ်ရှားပေးခြင်းဖြင့် ရောဂါဖြစ်စေနိုင်သောအရင်းအမြစ်များကို လျှော့ချနိုင်ပါသည်။ ကလိုရိုသာလိုနေး Chlorothalonil နှင့် ကော့ပါး Copper ပါဝင်သောမှိုသတ်ဆေးများကို အသုံးပြုပေးနိုင်ပါသည်။ တမာပါဝင်သောမှိုသတ်ဆေးများကိုလည်း အသုံးပြုနိုင်ပါသည်။

ရွက်ခြောက်ရောဂါ

ရောဂါကျရောက်ပါက အပင်မှအရွက်များ ဆိုးဆိုးရွားရွားကြွေကျတတ်ပါသည်။ ပင်စည်နှင့် သီးတောင့်ပေါ်တွင် ပြင်းထန်သောအနာကွက်များကို တွေ့ရပါသည်။ ရောဂါကျရောက်မှုပြင်းထန်ပါက အပင်သေတတ်ပါသည်။ ရောဂါကင်းစင်သောမျိုးစေ့များကို အသုံးပြုခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ မန်ကိုဇက် Mancozeb,ကလိုရိုသာလိုနေး Chlorothalonil, ဘီနိုမိုင်း Benomyl, ကာဗင်ဒါဇင် Carbendazim တို့ကို အသုံးပြု၍ ကာကွယ်နိုင်ပါသည်။

သံချေးညိုရောဂါ

ရောဂါကျရောက်ပါက အညိုရောင်မှ အနက်ရောင်ရှိသောအနာဖုများကို အရွက်၏ မျက်နှာပြင်နှစ်ခုလုံးတွင် တွေ့ရတတ်ပါသည်။ အပင်များ ညှိုးနွမ်းလာတတ်ပါသည်။ အရွက်များခြောက်လာပြီး အပင်မှကြွေကျလာတတ်ပါသည်။ Mancozeb, Maneb, ဆာဖာလ် သို့မဟုတ် ပိုတက်စီယမ်ပါဝင်သော မှိုသတ်ဆေးကို အသုံးပြုပေးရပါမည်။

 ရွက်ပြောက်ရောဂါ

ရောဂါကျရောက်ပါက အရွက်၏ အပေါ်ဘက်မျက်နှာပြင်တွင် ကလိုရိုဖီးလ်များ ပျက်စီးနေသည်ကို တွေ့ရတတ်ပါသည်။ အရွက်များပေါ်တွင် ဆဲလ်သေနာကွက်များကို တွေ့မြင်ရတတ်ပါသည်။ အရွက်၏ အောက်ဘက်မျက်နှာပြင်တွင် စပိုးမှုန်များစုစည်းလာပြီး အမဲရောင်ကောဇောပြင်ကဲ့သို့ ဖြစ်နေတတ်ပါသည်။ အရွက်များဝါလာခြင်း၊ ကြွေကျခြင်းနှင့် အနီရောင်အနာကွက်များဖြစ်ပေါ်လာခြင်းတို့ကို ရောဂါလက္ခဏာအဖြစ် တွေ့မြင်ရတတ်ပါသည်။ ရိတ်သိမ်းပြီးနောက် အပင်အကြွင်းအကျန်များကို ဖယ်ရှားပေးရပါမည်။ ရောဂါကင်းစင်သောအစေ့များကိုအသုံးပြုပေးရပါမည်။ Benlate ပါဝင်သော မှိုသတ်ဆေးကို အသုံးပြုပါက အကောင်းဆုံးဖြစ်ပါသည်။

ရိုးမဲရောဂါ

ရောဂါကျရောက်ပါက မြေကြီးနှင့်ထိစပ်‌နေသော ပင်စည်သည် အရောင်ပြောင်းလာပါသည်။ ပင်စည်ပေါ်ရှိ အနာကွက်များသည် အပေါ်ဘက်သို့ တဖြည်းဖြည်းပျံ့နှံ့သွားတတ်ပြီး အရွက်များညှိုးကာ ကြွေကျလာပါသည်။ ရောဂါကျရောက်နေသော တစ်သျှူးများပေါ်တွင် အမဲရောင်မှိုလုံးငယ်များကို ထင်ရှားသောလက္ခဏာအနေဖြင့် တွေ့မြင်ရပါသည်။ ဤရောဂါကို မှိုသတ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ခြင်း မရှိပေ။ အော်ဂဲနစ်မြေဩဇာများကို အသုံးပြုခြင်းဖြင့်ရောဂါဖြစ်စေနိုင်သောအရင်းအမြစ်များကို လျော့နည်းစေပါသည်။

ဖျူစေရီယမ်ပင်ညှိုးရောဂါ

ရောဂါကျရောက်ပါက အပင်၏ကြီးထွားမှုများ ရပ်တန့်သွားပါသည်။ အခြေအရွက်များဝါလာပြီး ဆဲလ်သေနာကွက်များ ဖြစ်ပေါ်လာတတ်ပါသည်။ အမြစ်ပေါ်တွင် နီညိုရောင် သို့မဟုတ် အမဲရောင်အစင်းကြောင်းများကို တွေ့မြင်ရတတ်ပါသည်။ ကြာလာသောအခါ ၎င်းအစင်းကြောင်းများ စုစည်းလာပြီး အနာကွက်များအဖြစ် ဖြစ်ပေါ်လာကာ အထက်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားပါသည်။ စိုက်နည်းပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ မြေကွက်တစ်ခုတွင် ငါးနှစ်ကာလ၌ တစ်ကြိမ်ထက်ပို၍ မစိုက်ပျိုးသင့်ပါ။ မျိုးစေ့များကို မစိုက်ပျိုးမီ မှိုသတ်ဆေးလူးနယ်၍ စိုက်ပျိုးပေးရပါမည်။ မြစ်ဖုနီမတုတ်များသည်‌ ရောဂါခံနိုင်ရည်ကို‌ လျော့နည်း‌စေတတ်သဖြင့် ၎င်းတို့ကျ‌ရောက်မှုရှိမရှိကို စစ်ဆေးပေးရပါမည်။

ဖားဥမှိုရောဂါ

ရောဂါကျရောက်ပါက အရွက်၏ အပေါ်ဘက်မျက်နှာပြင်တွင် အဖြူရောင်ပေါင်ဒါမှုန့်များကဲ့သို့သော ဖားဥမှိုများကို တွေ့မြင်ရတတ်ပါသည်။ အရွက်များပေါ်တွင် ဆဲလ်သေနာကွက်များ သို့မဟုတ် အညိုရောင်အနာကွက်များကို တွေ့မြင်ရပါသည်။ ပင်ကြာ၊ တန်းကြားအကွာအဝေးကို ကောင်းစွာထား၍ စိုက်ပျိုးပေးရပါမည်။ အပင်များအတွင်း လေဝင်လေထွက် ကောင်းစွာရရှိစေခြင်းဖြင့် ရောဂါကျရောက်မှုကို လျော့နည်းစေပါသည်။ ကလိုရိုသာလိုနေး Chlorothalonil, မန်ကိုဇက် Mancozeb, ဘီနိုမိုင်း Benomyl တို့ကို အသုံးပြုပေးရပါမည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်