အရည်အသွေးမြင့်နည်းပညာနဲ့ ကုန်ချောတွေ ထုတ်ချင်လှပါပြီ

21/05/2020 15:00 PM တွင် Ye Naing Win Ye Naing Win မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အရည်အသွေးမြင့် Export သီးနှံစိုက်တဲ့တောင်သူတိုင်းက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနေတဲ့ တောင်သူတွေပါ။ လူလတ်တန်းစား စိုက်တောင်သူတွေကတော့ တစ်နှစ်တစ်ရာသီတိုင်းအတွက် အရင်းအနှီးကို ကြီးကြီးမားမား ပေးဆပ်ထားရတဲ့ သူတွေ ဖြစ်ပါတယ်။ အခြေခံလူတန်းစားကို ထပ်ဆင့်ထောက်ပံ့နေတဲ့ လူတန်းစားတစ်ရပ်ဆိုလည်း မမှားပါဘူး။ စိုက်ပျိုးရေးနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းအခြေပြု လူလတ်တန်းစားတစ်ယောက် ပြိုလဲသွားခဲ့ရင် သူ့ကိုမှီခိုနေရတဲ့ လက်လုပ်လက်စားမိသားစု အစုလိုက်အပြုံလိုက် အခက်အခဲကြုံတွေ့ရပါတယ်။

    အခုတလော ငရုတ်စျေးကွက်လေး နည်းနည်းလှုပ်လာတော့ ငရုတ်စိုက်သမားတွေ အသက်ရှူချောင်လာပြန်ပါတယ်။ ငရုတ်ဆွတ် အမှည့်ချွေ အလုပ်သမ (၄၅)ယောက်လောက် နေကုန်ဆွတ်မှ ငရုတ်တစ်ဧကအတွက် အမှည့်သီးကုန်သယောင် ရှိပါတယ်။ ဒါ့ကြောင့် ငရုတ်စိုက်တောင်သူတစ်ယောက်ဟာ သူ့စိုက်ခြံက အလုပ်သမား (၄၅) ယောက်လောက်ကို ကူညီထောက်ပံ့ပေးနေတဲ့သူဆိုရင်လည်း မမှားပါဘူး။ ရှမ်းတောင်က ကုန်စိမ်းစိုက်တောင်သူတွေဆိုရင် ပြည်တွင်းစျေးကွက်အပေါ်ကို ၉၅ ရာခိုင်နှုန်း မှီတွယ်နေရပါတယ်။ အခုလို ခေတ်ပျက်နေတဲ့ကာလမှာ ဘယ်သူ့မှလက်ညိုးမထိုးဘဲ “ဒီအတိုင်းအပုပ်ခံရမယ့်အတူတူ အလှူပေးပါ့မယ်ဗျာ”ဆိုတဲ့ ပို့စ်လေး မြင်ရတော့ ရင်ထဲမှာဆို့နင့်မိတာ အမှန်ပါ။

    ကျွန်တော်က စိုက်ပညာကျောင်းဆင်းတစ်ယောက်ဖြစ်သလို၊ တောင်သူစစ်စစ်လို့ပြောရင်လည်း မမှားတဲ့သူပါ။ ကျောင်းပြီးကတည်းကရော ငယ်ကတည်းကပါ အပင်တွေတက် အသီးလိုက်ခူးပြီး စျေးတွက်တွက်လာရင်း နေထိုင်ခဲ့ရသူမို့ အရှုံးအမြတ်အကြမ်းဖျဉ်းကို ရိုးရိုးသာမာန်သူထက် ပိုတွက်ချက်တတ်ပါတယ်။ မန္တလေးပါတ်ချာလည်က ကုန်စိမ်းဧကဝက်လောက်စိုက်ရင် အဆင်ပြေနေတဲ့ မိသားစုလေးတွေကရော အဆင်ပြေမယ်ထင်ကြပါသလား။ အဖြေကတော့ အများသိပြီးသား ဖြစ်နေပါလိမ့်မယ်။ အကြော်ဆိုင်၊ အကင်ဆိုင်၊ ဟော်တယ်နဲ့ စားသောက်ဆိုင်တွေ မဖွင့်နိုင်သေးသရွေ့ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်သမားတွေလည်းဘဲ ဒေသမျိုးစိုက်တောင်သူက မျိုးခံထားရုံမှအပ အဆင်ပြေမယ့်လမ်းကြောင်း မမြင်မိပါဘူး။ စပ်မျိုးသမား ဟင်းသီးဟင်းရွက်သမားကတော့ ထိုးထိုးကြိတ်ကြိတ် ရောင်းရမယ့်သဘောပေါ့။

    အချဥ်သိပ်တဲ့သူ နှစ်ပေါက်ထား ကုန်စိမ်းလှောင်သမားတွေလည်း အဟောင်းမထွက်သေးတော့ ကုန်စိမ်းအသစ်လှောင်ပြီး ငွေထပ်ရင်းဖို့ရာ စဥ်းစားလာကြပြီဖြစ်လို့ သူတို့တင်ကျွေးထားတဲ့ ချဥ်ပါတ်ခုတ်သမားတွေဘဝကရော သာယာမယ်လို့ ထင်ကြပါသလား။

    စပါးစိုက်တောင်သူက အမြတ်မကြမ်းပေမယ့် စပါးဆိုစပါး၊ ဆန်ဆိုရင်ဆန် နှစ်ပေါက်လှောင်ပြီး နောက်တစ်သီးကို ယပ်ခပ်ပြီး စိုက်ဖို့ပျိုးဖို့ရာ ရယ်ဒီမိတ်အရင်းအနှီးရှိနေတာ သေချာရဲ့လား။ မိမိတို့စားသုံးသူများကရော ဟိုတုန်းကလို ပျော်ပျော်ပါးပါးနဲ့ အိမ်မှာ လူစုံတက်စုံ စိုစိုဖတ်ဖတ်စားပြီး ပျော်ပျော်ကြီး တီဗီကြည့် ရယ်မောနေကြတုန်းဘဲလား သိချင်မိပါတယ်။

    နယ်စပ်မှာ ပြောင်းဖူးစိုက်တဲ့ ကျွန်တော်တို့သွေးသားရင်းတောင်သူတွေ မြစ်ချောင်းထဲသွန်ချနေရတာကို ပျော်နေမယ့်သူရှိမယ်လို့လည်း မထင်မိပါဘူးခင်ဗျာ။ ပြီးခဲ့တဲ့ ဖရဲ၊ သခွားမွှေးနဲ့ ငရုတ်ဂယက်၊ အခုလောလောလတ်လတ် သရက်နဲ့ ကြက်သွန်နီ/ ဖြူ၊ အာလူးအပြင် နောက်လာဦးမယ့် နာနတ်နဲ့ ထောပတ်သီးအတွက်လည်း ကြိုတင်ရင်လေးနေမိပါတယ်။ မရေရာတဲ့ သီးနှံစျေးကွက်နဲ့ ကုန်သွယ်ရေးစနစ် စီးဆင်းတဲ့နေရာမှာ ပုံမှန်ထက် နည်းနည်း ရက်ရွှေ့သွားတာနဲ့ ကုန်စိမ်းဆိုတာ ပုပ်ကုန်ဖြစ်လို့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေနိုင်ပါတယ်။ ပြည်တွင်းထုတ်ကုန်တွေကို အရည်အသွေးမြင့်နည်းပညာနဲ့ ကုန်ချောတွေ မထုတ်လုပ်နိုင်သေးသရွှေ့ တောင်သူအများစု ဒါတွေကို ခါးစည်းခံစားနေရဦးမှာပါ..။

ရဲနိုင်ဝင်း(စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်