မိရိုးဖလာစိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးခြင်းဆီသို့

25/09/2020 19:45 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ကျွန်တော်တို့မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံ ဖြစ်တယ်ဆိုတာတော့ အားလုံးလည်း သိပြီးသားပါဗျ။ ဒါပေမယ့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကျတဲ့ တောင်သူဦးကြီးတွေ ဘာ့ကြောင့် ကြီးပွားသင့်သလောက် မကြီးပွားတာလဲ။ ဘာ့ကြောင့်ရသင့်သလောက် အမြတ်တွေ မရကြတာလဲ။ ဒီလိုမေးလိုက်ရင်တော့ ဘာတွေကြောင့်ပါဆိုတဲ့အကြောင်းရင်းတွေ အများကြီးထွက်လာမှာပါ။ အဲ့ဒီအကြောင်းရင်းတွေထဲကမှ အဓိကတစ်ချက်ကို ပြောပြချင်ပါတယ်။ အဲ့တာကတော့ စီးပွားဖြစ် စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်း မလုပ်လို့ပါ။

    ဒီအချက်ကို ရှင်းပြရမယ်ဆိုရင် ကျွန်တော်တို့တောင်သူတချို့က စိုက်ရာသီရောက်ရင်တော့ စိုက်လိုက်တာပဲ။ ဘာသီးနှံစိုက်လဲမေးရင်တော့ အရင်နှစ်တွေက စိုက်တဲ့သီးနှံပါပဲ။ ဒါဆို ဈေးကွက်အခြေအနေကရော??? အရင်နှစ်ကဈေးပဲနေမှာပေါ့။ အရင်နှစ်က မြတ်လားဆိုတော့လည်း နည်းနည်းပါးပါးတော့ကျန်တာပေါ့။ ဒါပေမဲ့ ဘာကြောင့် ဒီသီးနှံတွေပဲ ဆက်စိုက်နေလဲဆိုရင် အရင်ဘိုးဘွားလက်ထက်တွေကလည်းက ဒီသီးနှံတွေပဲ စိုက်လာတာဆိုတဲ့ မိရိုးဖလာကြောင့်၊ မစိုက်ဘဲမနေတတ်တဲ့ ဝါသနာကြောင့်၊ အခြားမစိုက်ဖူးသေးတဲ့သီးနှံတွေ ပြောင်းလဲစိုက်ပြီး စွန့်စားမှုတွေမလုပ်ချင်တာကြောင့် စသဖြင့် အမျိုးမျိုးရှိမှာပါ။ အများစုကတော့ မိရိုးဖလာစိုက်ပျိုးခြင်းကြောင့်လို့ပဲ ထင်ပါတယ်။ မိရိုးဖလာစိုက်ပျိုးခြင်းမှာဆိုရင် မလိုအပ်ဘဲ ကျွေးနေကျမြေဩဇာတွေကျွေးတယ်၊ ပိုးသတ်ဆေးတွေ ပုံမှန်ဖျန်းတယ်။ မလိုအပ်ဘဲ ကုန်ကျစရိတ်တွေများစေပါတယ်။ ကျွန်တော်တို့တောင်သူဦးကြီးတွေ အမြတ်တွေ ကျန်သင့်သလောက်ကျန်ချင်တယ်၊ ကြီးပွားသင့်သလောက် ကြီးပွားချင်တယ်ဆိုရင်တော့ မိရိုးဖလာစိုက်ပျိုးခြင်းကနေ စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးခြင်းဆီကို ပြောင်းလဲလုပ်ကိုင်မှ ရမယ်ဗျ။

စီးပွားဖြစ် စိုက်ပျိုးရေးကိုလုပ်ကိုင်တော့မယ်ဆိုရင်....

ဈေးကွက်ဝင်သီးနှံ။     ။ ပုံမှန်စိုက်နေကျ သီးနှံမဟုတ်တော့ပဲ ဈေးကောင်းရနိုင်မယ့် သီးနှံကို ရွေးချယ်စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ ဒီလိုရွေးတဲ့အခါမှာ သီးနှံပေါ်မယ့်အချိန်ကိုလည်း သိနေဖို့လိုပါတယ်။ ဒါမှလည်း သီးနှံထွက်မယ့်အချိန်က ဈေးကောင်းရနိုင် မရနိုင်က ခန့်မှန်းထားနိုင်မှာပါ။ အရင်လို ကြုံရာရောင်းမယ့်အစား ဘယ်မှာရောင်းရမယ်ဆိုတာကိုလည်း စုံစမ်းချိတ်ဆက်ထားဖို့ လိုပါမယ်။

စိုက်မြေကိုနားလည်ထားခြင်း။     ။ကိုယ့်ရဲ့မြေခံရေခံကိုလည်း နှောကြေထားဖို့လိုပါမယ်။ ဆိုလိုတာက ကိုယ့်မြေက ဘာစိုက်ရင်တော့ ဖြစ်ထွန်းတယ်၊ ဘာစိုက်ရင်တော့ မအောင်မြင်ဘူး၊ ဘာချို့တဲ့မြေဆိုတာမျိုးပေါ့။ မလိုအပ်ဘဲ မြေဩဇာတွေကျွေးခြင်းက ကိုယ့်ရဲ့မြေကို ပျက်ဆီးစေတတ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေးကို ရေရှည်လုပ်ကိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့မြေကို မပျက်ဆီးအောင် ထိန်းထားနိုင်ဖို့လည်းလိုပါတယ်ဗျ။ 

စိုက်ပျိုးမှတ်တမ်းထားရှိခြင်း။      ။ဒီအချက်ကတော့ အရေးကြီးတဲ့ အချက်ဖြစ်သလို အားလုံးကို ခြုံငုံမိတဲ့အချက်လည်း ဖြစ်ပါတယ်။ စိုက်ပျိုးမှတ်တမ်းဆိုတာကတော့ စတင်စိုက်ဖို့ မြေပြင်ချိန်ကနေစပြီး ရိတ်သိမ်းပြီးလို့ ထုပ်ပိုးရောင်းချတဲ့အချိန်ထိ လုပ်ခဲ့သမျှအဆင့်တိုင်းမှာ ကုန်ကျတဲ့စရိတ်တွေကို စနစ်တကျ မှတ်သားထားခြင်းဖြစ်ပါတယ်။ မြေပြင်ဖို့ကုန်ကျစရိတ်၊ စက်ငှားခြင်း၊ မျိုးစေ့ဖိုး၊ မြေဩဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊အလုပ်သမားငှားခ စသဖြင့် ကုန်ကျသမျှအကုန်လုံးကို အသေးစိတ်မှတ်ထားရမှာပါ။ အဲ့လိုမှတ်တဲ့အခါမှာ ကိုယ့်မိသားစုရဲ့လုပ်အားခကိုပါ ထည့်မှတ်ထားဖို့လိုပါတယ်။ မိသားစုဝင်နှစ်ယောက်ဝင်လုပ်တယ် တစ်ရက်လုပ်ခ နှစ်ယောက် (၁၂၀၀၀) ဆိုတာမျိုးပေါ့။ ပုံမှန်အားဖြင့် မိသားစုလုပ်အားခပျောက်နေပြီး အမြတ်များတယ်ထင်ရတတ်ပါတယ်။ ကိုယ့်လုပ်အားခလေးပါ ထည့်တွက်ထားမှ လုပ်ရတာတန်ဖိုးရှိတာပါ။ ဒီလိုမှတ်ရတာမလုပ်ချင်ဘူး စာအုပ်စာတမ်းတွေနဲ့ ရှုပ်တယ်ဆိုရင် အစိမ်းရောင်လမ်းဆော့ဝဲရဲ့ စိုက်ပျိုးမှတ်တမ်းမှာ ဝင်ရောက်မှတ်နိုင်ပါတယ်။ ဒီလိုတွေမှတ်ထားမယ်ဆိုရင် ရာသီသိမ်းတဲ့အခါ တစ်ရာသီစာ ကုန်ကျစရိတ်ကိုသိပြီး အမြတ်ပါ သိနိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း အမြတ်နည်းနေရင် ဘယ်နားမှာ ပိုသုံးလိုက်လို့လဲ၊ ဒီသီးနှံကို ဆက်စိုက်သင့် မစိုက်သင့် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

    ဒီအချက်တွေသာ စနစ်တကျနဲ့လုပ်ဆောင်မယ်ဆိုရင် မိရိုးဖလာစိုက်ပျိုးခြင်းထက်ပိုတဲ့ စိုက်ပျိုးရေးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျ။

တောင်သူ ဦးကြီးတို့ကို လေးစားလျှက်

ထွန်းရာဇာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်