မြို့ပြစိုက်ပျိုးမွေးမြူရေး

29/05/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (74)  Urban Agriculture 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၄) မြို့ပြစိုက်ပျိုးမွေးမြူရေး    

ယခုအခါ မိမိအိမ်၊ တိုက်ခန်းထဲတွင်နေထိုင်ရင်း ဟင်းသီးဟင်းရွက် (Vegetables)၊ သစ်သီးဝလံ (Fruits)၊ ပန်းမန် (Flowers) များကို အိမ်ခြံဝန်း၊ တိုက်ခန်းဝရံတာစသည်တို့၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်း၊ ကြက် (Chickens)၊ ဘဲ (Duck)၊ ငါး (Fish)၊ ပုဇွန် (Prawn) များကို အိမ်ခြံဝန်းအတွင်း မွေးမြူခြင်းဖြင့်ဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လတ်ဆတ်သည့် သီးနှံနှင့် အသား၊ ငါးများကို စားသုံး၍လည်းရ၊ ငြီးငွေ့ခြင်းများလည်း ပြေပျောက်ကာ စိုက်ပျိုးခြင်းဗဟုသုတပညာများလည်း တိုးပွားရရှိနိုင်သည့်အတွက် ဤအကြောင်းကိုဆွေးနွေးရအောင်ပါ။

မြို့ပြစိုက်ပျိုးရေး (Urban Agriculture, Urban Farming, Urban Gardening) ဆိုသည့် သီးနှံစိုက်ပျိုးခြင်းအဓိပ္ပာယ်မှာ အစားအစာ (Food)များကို မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာများအနီးတွင် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ခြင်းဖြစ်ပါသည်။ (Urban agriculture is the practice of cultivating, processing, and distributing food in or around a village, town, or city. Urban agriculture can also involve animal husbandry, aquaculture, agroforestry, and horticulture.)

မြို့ပြစိုက်ပျိုးမွေးမြူရေးတွင် ဆင်ခြေဖုံးအရပ်များ  (Peri-urban Areas; Suburban Areas)လည်း ပါဝင်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေ  သန်းရှစ်ထောင် (Eight Billion, 2023) ၏ တစ်ဝက်ကျော်သည် မြို့ပြများ (Cities) တွင် နေထိုင်သူများဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် ဥရောပတိုက်ရှိနိုင်ငံများတွင်မူ လူဦးရေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကျော်သည် မြို့ပြများတွင်နေထိုင်လျက်ရှိနေပါသည်။

 မြို့ပြစိုက်ပျိုးရေးမှာ (အထူးသဖြင့် အချိန်တိုအတွင်း စားသုံးနိုင်သည့် ဟင်းသီးဟင်းရွက်များ) ကျေးလက်၊ တောရွာစိုက်ခင်းများတွင် စိုက်ပျိုးရုံမဟုတ်ဘဲ၊ မြို့နေလူထုအားလုံး (လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူ အစရှိသဖြင့်) မိမိအိမ်ရှိ မြေလွတ်များ၊ မြေလွတ်မရှိသည့် တိုက်ခန်းများတွင် ဝရန်တာများ၌ အိုးငယ်လေးများဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်သည့် အပင်များကိုလည်း ထည့်သွင်းနိုင်ပါသည်။ ဥပမာ- ခရမ်းချဉ်၊ ငရုတ်ပင်၊ ချဉ်ပေါင်ပင်၊ ဆလပ်ရွက်၊ ရုံးပတီသီး အစရှိသည့်အပင်များဖြစ်ပါသည်။

မျိုးစေ့ရရှိရေးကိုမူ နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ မျိုးစေ့အရောင်းဆိုင်များ၊ ကုမ္ပဏီများ၊ ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်းစိုက်ပျိုးရေးအရောင်းဆိုင်တွင် ဆက်သွယ်ဝယ်ယူရရှိနိုင်ပါသည်။ 

စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်နေရာသည် တိုက်ခန်းဖြစ်ပါက နေရောင်ခြည် (သို့မဟုတ်) အလင်းရောင် ရရှိသောနေရာဖြစ်ပြီး နေ့စဉ်ရေလောင်းပေးနိုင်ရပါမည်။

မြို့ပြစိုက်ပျိုးရေးကို (၃) မျိုး ခွဲခြားနိုင်ပါသည်။

(က) အိမ်ထောင်စု အခြေပြုအစားအသောက်ထုတ်လုပ်ရေး (Home-scale Food Production) တစ်ပိုင်တစ်နိုင်နှင့် လူငယ်ပညာပေးလုပ်ငန်းများဖြစ်ပါသည်။  ဥပမာ - စုပေါင်းဥယျာဉ် (Community Gardens)၊ အိမ်နောက်ဖေးဈေးဆိုင်တည် (Backyard Plots)၊ ကျောင်း/လူငယ်ဥယျာဉ် (School/Educational Youth Gardens)။

ပုံ ၁ - ကျောင်းဥယျာဉ်

(ခ) နည်းစနစ်အခြေပြုပြီးထုတ်လုပ်နည်း (Specialized Techniques and Infrastructure) အိမ်ခြံတွင်း၊ တိုက်ခန်းတွင်း စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။ ဥပမာ - တိုက်ခေါင်မိုးပေါ်ဥယျာဉ် (Rooftop garden)၊ မြေမဲ့စိုက်ပျိုးခြင်း (Hydroponics)၊ ငါး၊ ပုဇွန်နှင့် မြေမဲ့အပင် စိုက်ပျိုးခြင်းအား တွဲဖက်ထုတ်လုပ်ခြင်း (Aquaponics)၊ ထောင်လိုက်စိုက်ပျိုးနည်းစနစ်များ (Vertical farming Systems)။

ပုံ - ၂ တိုက်ပေါ်တွင်အလှစိုက်ထားပုံများ (Rooftop Gardens)

အလင်းရောင်နှင့် ရေရရှိနိုင်သောနေရာများတွင် (Utilization of Spaces) သီးနှံပင်များကို အကျိုးရှိစွာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် မြေတန်ဖိုးသည် အလွန်ဈေးကြီး၍ (Land is scare and expensive)  အိမ်ခေါင်မိုး၊ တိုက်ခေါင်မိုး (Roof of the Buildings)များတွင် စိုက်ပျိုးလာကြခြင်း ဖြစ်ပါသည်။ တစ်ချို့သည် အစားအစာ စိုက်ပျိုးထုတ်လုပ်ဖို့ မဟုတ်ဘဲ အလှအပအတွက် စိုက်ပျိုးကြခြင်း (Ornamental Agriculture and Landscape Agriculture) ဖြစ်သည်။

ပုံ - ၃ ထောင်လိုက်စိုက်ပျိုးနည်းစနစ်များ

ပုံ - ၄   Aquaponics စိုက်ပျိုး၊ မွေးမြူထားပုံများ

နောက်ထပ်စိုက်ပျိုးမွေးမြူရေးတစ်ခုဖြစ်သည့် Aquaponicsသည် (ငါး၊ ပုဇွန်မွေးမြူခြင်း- Aquaculture)နှင့် မြေမဲ့စိုက်ပျိုးခြင်း(သို့) ရေတွင်စိုက်ပျိုးခြင်း (Hydroponics) ကိုရောစပ်ကာ မိမိအိမ်ခြံဝန်းနှင့် ခေါင်မိုးပေါ်များ၌ စိုက်ပျိုးမွေးမြူသည့်နည်းစနစ်တစ်ခုဖြစ်ပါသည်။

ဤစနစ်တွင် ငါး၊ ပုဇွန်မွေးမြူနေသည့်ရေသည် မြေမဲ့စိုက်ပျိုးပင်များထံမရောက်မီ ဘေးထွက်ပစ္စည်းများ၊ အညစ်အကြေးများ၊ အဆိပ်အတောက်များကို နိုင်ထရိုဂျင်အဖြစ် ပြောင်းလဲပေးသည့် ဘက်တီးရီးယား (Nitrifying Bacteria) များက နိုက်ထရိတ်အဖြစ် ပြောင်းလဲပေးလိုက်သဖြင့် အပင်အတွက်လိုအပ်သည့် နိုင်ထရိုဂျင်တစ်စိတ်တစ်ဒေသအဖြစ် ပေးနိုင်ပါသည်။

ဤစနစ်ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ထုတ်လွှင့်လျက်ရှိသော တောင်သူလယ်သမား ရုပ်သံလိုင်း (Farmer Channel) တွင် Aquaponics အကြောင်း ၂၀၁၇-၂၀၂၀ ခုနှစ်လောက်က မကြာခဏ ပြသလျက်ရှိပါသည်။

မြေမဲ့စိုက်ပျိုးရေး (Hydroponics) အကြောင်းကို (အထူးသဖြင့် ဆလပ်ရွက်စိုက်ပျိုးခြင်း) စိုက်ပျိုးရေးတက္ကသိုလ် မကွေးနယ်မြေတွင်လည်းကောင်း၊ အီတလီနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) တစ်ခုဖြစ်သော TDH တွင်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင်လည်းကောင်း သွားရောက်ကြည့်ရှု လေ့လာမေးမြန်းနိုင်ပါသည်။

(ဂ) ဈေးကွက်အခြေပြုထုတ်လုပ်ရေး (Market Farm) ဈေးကွက်တွင်အမြတ်ရအောင် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ခြင်း ဖြစ်ပါသည် (In ground Production and Selling them for Profits)။

ပုံ - ၅  တိုက်များကြား တွင် စိုက်ထားပုံများ

မြို့ပြများတွင်လည်း တိရစ္ဆာန်မွေးမြူရေးကို တွဲဖက်လုပ်ဆောင်နိုင်ပါသည်။

ပုံ -  ၆ အိမ်ခြံများ၊ တိုက်များအကြားတွင် ကြက်၊ ဘဲ များမွေးမြူခြင်း

ထိုသို့စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများမှာ -

  • (က) အစားအသောက်ဘေးကင်းလုံးခြုံမှု (Food Security) ရှိ၍ လတ်ဆတ်ပြီး အန္တရာယ်ကင်းသည့် ဟင်းသီးဟင်းရွက်များကို မိသားစုအားလုံး ကောင်းမွန်စွာ စားသုံးနိုင်ပါမည်။
  • (ခ) ပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေး (Environmental Health) ပိုမိုကောင်းမွန်လာနိုင်ပြီး အပင်များများ စိုက်ပျိုးနိုင်လေ သန့်ရှင်းကောင်းမွန်သောလေများ ရရှိနိုင်လေဖြစ်ပြီး အိမ်ခြံဝန်းရှိသူများက သစ်ပင်ကြီးများကိုပါ စိုက်ပျိုးနိုင်ပါက အပူဒဏ်ကိုလည်း တစ်နည်းတစ်ဖုံ ကာကွယ်ရာရောက်ပါသည်။

လူမှုရေးအကျိုးသက်ရောက်မှု (Social Impact) အနေဖြင့် -

  • (ဂ) အစုအဖွဲ့လိုက် ကျန်းမာမှုကို ပေးစွမ်းနိုင်ပါသည်။ အချို့တိုက်ခေါင်မိုးပေါ်တွင် ဥယျာဉ်ခြံငယ်ကလေး (Roof Garden) ဖန်တီးပြီး စားသုံးသီးနှံ ဟင်းသီးဟင်းရွက်များသာမက ပန်းမန်များဖြစ်သည့် နှင်းဆီ၊ ဂန္ဓမာ၊ မေမြို့၊ စံပယ်နှင့် အလှမြက်ခင်းများကို စိုက်ပျိုးထားရာ အပန်းဖြေစရာနေရာကောင်းအဖြစ် ဖန်တီးထားပါသည်။ အလွန်ကောင်းမွန်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
  • (ဃ) စားသုံးသောမိသားစုနှင့် နီးကပ်စွာရှိနေ၍ သယ်ယူပို့ဆောင်စရိတ်သက်သာ (Less Transportation) နိုင်ပါသည်။ ဥပမာ - ရန်ကုန်မြို့တွင်း ရထားလမ်း၊ ကားလမ်းဘေးများ၌ ကန်ဇွန်းရွက်များ စိုက်ပျိုးခြင်း။
  • (င) မြို့ပြစိုက်ပျိုး၊ မွေးမြူရေးသည် မြို့နေအောက်ခြေလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်း (Employment Opportunity in Cities) များ မြို့ပေါ်တွင်နေထိုင်ရင်း ရရှိနိုင်ပါသည်။
  • (စ) တိုက်ခန်းများတွင်နေထိုင်သူအချင်းချင်း အနီးအနားတွင် အတူတကွစိုက်ပျိုးခြင်းဖြင့် ရင်းနှီးမှုလည်းပိုမိုရရှိနိုင်ပါသည် (Social benefits)။
  • (ဆ) ဩဂဲနစ်စွန့်ပစ်ပစ္စည်းများ (Organic Wastes) ဥပမာ - မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ - ကြက်သွန်ခွံ၊ ဟင်းသီးဟင်းရွက်အရိုးများ၊ သစ်သီးပုပ်များ၊ ကြက်ဥအခွံများကို သဘာဝမြေဩဇာ (Natural Fertilizers)၊ မြေဆွေး၊ သစ်ရွက်ဆွေး (Compost) စသည်တို့ပြုလုပ်ပြီး အပင်များစိုက်ပျိုးပြုစုခြင်းဖြင့် အမှိုက်ပြဿနာများ တစ်နည်းတစ်လမ်းဖြေရှင်းပေးနိုင်ပါသည်။ ကျွန်တော် ဂျာမနီတွင် ပါရဂူဘွဲယူရန် ကျောင်းတက်စဉ်က အမှုက်ပစ်ရာတွင် ပလတ်စတစ် (Plastics) ကို အဝါရောင်အမှိုက်ပုံး၊ စားကြွင်းစားကျန်နှင့် ဩဂဲနစ်အမှိုက် (Food waste and Organic Matter) ကို အခြားအမှိုက်ပုံး ၊ ပုလင်းအဖြူ (Clear Glass)ကို အဖြူရောင်အမှိုက်ပုံး၊ အရောင်ပါပုလင်း (Colored Glass)ကို အညိုရောင်အမှိုက်ပုံး၊ အစိမ်းရောင်ပုလင်း (Green Glass) ကို အစိမ်းရောင်အမှိုက်ပုံး၊  စက္ကူ၊ စက္ကူချပ် (Paper and Cardboard) ကို အပြာရောင်အမှိုက်ပုံးစသည်ဖြင့် အမှိုက်အမျိုးမျိုးခွဲပစ်ခဲ့ရသည်ကို မှတ်မိနေပါသည်။ 
  • (ဇ) မိတ်ဆွေအစုအဖွဲ့များကို လေ့ကျင့်ပညာပေးခြင်း (Educate Community) ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) အတွက် အကျိုးရှိနိုင်ပါသည်။

သုတေသနပြုချက်များအရ မြို့ပြစိုက်ပျိုးရေးမှ ထိုမြို့ပြများ၏ ဟင်းသီးဟင်းရွက် (Vegetables) လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းအထိ ဖြည့်တင်းပေးနိုင်ပါသည်။

ထိုသို့အိမ်၊ တိုက်ခန်းများမှာနေရင်း ဓာတုအဆိပ်အတောက်ဖြစ်စေနိုင်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာလည်းကင်းစင်ကာ အစားအစာဘေးကင်းလုံခြုံရေး (Food Safety) လည်းဖြစ်၊ မိမိကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကိုလည်းပေးစွမ်းနိုင်သည့် မြို့ပြစိုက်ပျိုးမွေးမြူရေးကို ပြုလုပ်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်