ယူရီးယားဓာတ်မြေဩဇာက အပင်အတွက် ဘယ်လိုအလုပ်လုပ်တာလဲ?

19/06/2025 12:30 PM တွင် သော်ဇင် သော်ဇင် မှ ရေးသား

တောင်သူဦးကြီးတို့အနေဖြင့် စိုက်ခင်းသို့ အသုံးပြုလိုက်သော ပုလဲခေါ် ယူရီးယား ဓာတ်မြေဩဇာကို အပင်၏အမြစ်မှတိုက်ရိုက်စုပ်ယူစားသုံးသည်ဟု ထင်မှတ်ခဲ့ကြဖူးပါလိမ့်မည်။  ထိုထင်မြင်ချက်သည် မမှန်ပါ။

ဆိုတော့ ဘယ်များရောက်သွားတာလဲ?

ထည့်လိုက်သော ယူရီးယားဓာတ်မြေဩဇာသည် ရေဖြင့် ဓာတ်ဖလှယ်ခြင်းပြုပြီးနောက် ဖြစ်ပေါ်လာသော နိုက်ထရိုဂျင်အိုင်ယွန်း (Nitrogen ion)ကိုသာ အပင်၏ အမြစ်မှတစ်ဆင့်စုပ်ယူစားသုံးနိုင်ပါသည်။ ဓာတ်ဖလှယ်ပြီးနောက် နိုက်ထရိုဂျင်အိုင်ယွန်းတစ်မျိုးတည်းဖြစ်ပေါ်လာသည်မျိုး မဟုတ်ဘဲ အပင်မှမစားသုံးနိုင်သော နိုက်ထရိုဂျင်ဓာတ်ငွေ့(N2)ကို လေထဲမှတစ်ဆင့်အငွေ့ပျံဆုံးရှုံးမှုအဖြစ်လည်းကောင်း၊အမိုးနီးယမ်းအိုင်းယွန်း(NH4+)ဓာတ်ကိုစီးဆင်းရေနှင့်အတူပါသွားပြီး ဆုံးရှုံးမှုအဖြစ်လည်းကောင်း၊ အမိုးနီးယားဓာတ်ငွေ့(NH3)အဖြစ်လေထဲသို့ အငွေ့ပျံဆုံးရှုံးမှုအဖြစ်လည်းကောင်း၄၀%ခန့် ဆုံးရှုံးမှုများဖြစ်စေသည်။ လယ်ထဲသို့ထည့်လိုက်သော ယူရီးယားဓာတ်မြေဩဇာပမာဏ၏ ၄၀ရာခိုင်နှုန်းကိုသာ အပင်မှရရှိပြီး၂၀ရာခိုင်နှုန်းကို မြေဆီလွှာမှ စုပ်ယူထားပြီး နောက်စိုက်‌သောသီးနှံပင်က စားသုံးနိုင်သည်။ကျန် ၄၀ ရာခိုင်နှုန်းခန့်သည် အပင်မှမရရှိဘဲ ဆုံးရှုံးမှုများဖြစ်စေနိုင်သည်။

ဆုံးရှုံးမှုပမာဏကိုဥပမာဖြင့်ပြောပြရမည်ဆိုလျှင် သီးနှံရာသီတစ်လျှောက်တွင် ယူရီးယားဓာတ်မြေဩဇာ ၂အိတ်ကို ဦးကြီးများ သုံးစွဲမည်ဆိုလျှင် တစ်အိတ်ခန့်သာအပင်မှရရှိနိုင်ပါသည်။ ထိုကဲ့သို့ဆုံးရှုံးမှု မဖြစ်ရလေအောင် ယူရီးယားပုလဲမြေဩဇာကို လယ်ထဲသို့ထည့်သွင်းအသုံးပြုရာတွင် စနစ်တကျအသုံးပြုသင့်ပါသည်။ စပါးပင်သက်တမ်းတစ်လျှောက်လုံးအတွက် ပုလဲမြေဩဇာတစ်အိတ်လျှင် သဘာဝမြေဩဇာ (နွားချေး/မြေဆွေး/အီးအမ်ဘိုကာရှီ/အမှိုက်ဆွေးစသည့်)၃ အိတ်ဖြင့် ၁:  ၃ ရောစပ်ပက်ကျွေးခြင်းဖြင့် အာဟာရဆုံးရှုံးမှုကို သက်သာစေနိုင်ပါသည်။ မည်သည့်သီးနှံမဆိုမြေဩဇာကျွေးမည်ဆိုလျှင် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၃ ချိုး ၁ ချိုးကို အစိုဓာတ်မများလွန်း‌စေဘဲ လေလုံအောင်တစ်ညသိပ် နှပ်ထား၍ ရောစပ်အသုံးပြုခြင်းဖြင့် အာဟာရဆုံးရှုံးမှုနည်းစေနိုင်ပါသည်။ အကြောင်းမှာ မြေဆီလွှာတွင် မျက်စိဖြင့်မမြင်ရနိုင်သော အကျိုးပြုအဏုဇီဝပိုး(Soil Microbes) များက ယူရီယားမြေဩဇာကို စားသုံးပြီး လျင်မြန်စွာပွားများကြသည့်အတွက်ဖြစ်သည်။ ထိုအကောင်ငယ်များသေကြေပျက်စီးပြီးနောက်မှ အပင်မှ စားသုံးနိုင်သော အာဟာရဓာတ်များကိုအပင်မှရရှိနိုင်သည်။ ထို့နည်းတူ သဘာဝမြေဩဇာ /မြေဆွေးတွင်ပါဝင်သော အဏုဇီဝအကောင်ငယ်များသည် ကြားခံအဖြစ်ထိန်းထားပြီး အပင်မှဓာတ်ဖလှယ်‌သောနည်းဖြင့် ထည့်သွင်းထားသော ဓာတ်မြေဩဇာ၏ အာဟာရကို အချိန်ကြာရှည်စွာမဆုံးရှုံးအောင် ထိန်းသိမ်းပေးထားသည်။

မြေဆီကြဲပက်ချိန်ကို မိုးအုံ့ပါက နေ့လည်ပိုင်းတွင်ကြဲပက်နိုင်သော်လည်း နေပူပြင်းပါက ညနေ‌ ၃ နာရီနောက်ပိုင်းမှသာ ကြဲပက်သင့်ပါသည်။

စပါးခင်းတွင် မြေဩဇာအရောကိုထည့်သွင်းပြီးနောက် တမန်းနှိုးကိရိယာအသုံးပြုပြီး တမန်းပြင်အောက်သို့ရောက်ရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုထိရောက်ပြီး အဟာရဆုံးရှုံးမှု‌နည်းစေနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်