ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့

18/09/2021 10:02 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    သစ်ပင်တစ်ပင်ကြီးရင့်ဖို့ နှစ် ၆၀ လောက်အချိန် လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဝါး တစ်ပင်ကြီးရင့်ဖို့ဆိုရင် ရက်ပေါင်း ၆၀ ပဲလိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဝါးသစ်ပင်ကြီးရင့်ဖို့ဆိုရင် ရက်ပေါင်း ၆၀ ပဲလိုအပ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဝါးပင်ရဲ့ ကြီးပြင်းမှု အလွန်မြန်ပါတယ်။ ဧရာမဝါးပင်ကြီးတစ်ပင်ဟာ တစ်နေ့ကို တစ်ပေတောင်ကြီးတယ်လို့ လေ့ လာမှတ်သားကြတယ်။ ဂျားဗားကျွန်းမှာ ဝါးပင်ကြီးတစ်ပင် ကြီးပြင်းနေတာကို ရိုးရိုးမျက်စိနဲ့ ပင် ကြည့်မြင်နိုင်တယ်လို့ သဘာဝလေ့လာရေး ပညာရှင်တွေက ဆိုပါတယ်။

    သစ်ပင်တွေဟာ လူသားတွေအတွက် အလွန်တန်ဖိုးရှိတယ်ဆိုတာ အားလုံးသိနေကြပါပြီ။ သစ် ပင်တွေမရှိရင် လူတွေလည်း အသက်ရှင်နိုင်ဖို့ မလွယ်ပါဘူး။ သစ်ပင်တွေဟာ အဖိုးတန်မှန်း သိ လာလေ သစ်ပင်တွေကရတဲ့ သစ်တွေဟာလည်း ဈေးကြီးလေပဲ။ ကျွန်းတို့၊ ပျဉ်းကတိုးတို့ဆိုရင် ဆင်းရဲသားတွေ အနားမသီနိုင်ကြတော့ဘူး။

    ဝါးတွေဟာ ယေဘုယျအားဖြင့် မြက်ကြီးအမျိုးအစားထဲမှာပါပြီး ပူအိုက်စိုစွတ်တဲ့ အပူပိုင်းရာသီ ဥတုရှိတဲ့ဒေသများမှာ ပေါက်ရောက်ကြတယ်လို့ မှတ်ယူကြတယ်။ ဝါးဟာ အပူပိုင်းဒေသက လူ ထုတွေအတွက် အလွန့်အလွန် အရေးကြီးတဲ့အပင်မျိုးဖြစ်ပါတယ်။ ဝါးကို ဆင်းရဲသားတွေရဲ့ သစ်လို့ပြောကြပါတယ်။ ယခုအခါ သစ်တွေရှားပါးပြီး တန်ဖိုးတက်လာလေ ဆင်းရဲသားတွေအ တွက် ဝါးကို ပိုပြီးအားထားလာရလေပေါ့။

    ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ကတော့ World Bamboo Day လို့ခေါ်တဲ့ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အစိမ်းရောင်းလမ်းရဲ့ ဝါးဆောင်းပါးတွေကို တစ်စုတစ်စည်းထဲလေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ဝါးပင်များကိုသဘာဝမြေဩဇာကျွေးနည်း

ဝါးပင်ကြီးထွားမှုကိုအကျိုးပြုသော သဘာဝပတ်ဝန်းကျင်အခြေအနေများ

သဘာဝပစ္စည်းတွေနဲ့ ဝါးစိမ်ရည်လုပ်မယ်

တင်းဝါး

ဝါးကိုမှိုမတက်ပိုးမထိုးအောင်ဘယ်လိုလုပ်မလဲ

အခြေခံဝါးရုံပြုပြင်ခြင်းနည်းစနစ်များ အပိုင်း(၁)

အခြေခံဝါးရုံပြုပြင်ခြင်းနည်းစနစ်များ အပိုင်း(၂)

ဝါးကိုဘယ်လိုမျိုးပွားမလဲ

ဝါးသုန်းခြင်း

ဝါးတောများကိုစနစ်တကျစီမံအုပ်ချုပ်ခြင်း (၁)

ဝါးတောများကိုစနစ်တကျစီမံအုပ်ချုပ်ခြင်း (၂)

ဝါးရုံပြုပြင်ခြင်းနှင့် မျှစ်များကိုစနစ်တကျရိတ်သိမ်းခြင်း

ဝါးအစေ့ဖြင့်မျိုးပွားခြင်း

ဝါးကိုင်းတက်ဖြင့်မျိုးပွားခြင်း

ဝါးအဆစ်များမှစိုက်ပျိုးခြင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်