ကိုယ်တိုင်လုပ်ပိုးသတ်ဆေးလုပ်နည်း နည်းလမ်း (၁၅) ခု စုစည်းမှု

13/10/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   ဒီတစ်ပတ်မှာတော့ ပိုးတွေမကျခင် ကြိုတင်ကာကွယ်လို့ရအောင် သဘာဝပိုးပြေးဆေးပြုလုပ်နည်းပေါင်းချုပ်ကို စုစည်းပေးလိုက်ရပါတယ်။

   ပိုးတွေက အရွက်ဖားဖားကြီးတွေဆို တော်တော့်ကို စားသောက်ချင်ကြတာပါ။ သဘာဝနည်းအများစုကတော့ ပိုးတွေကို အစာစားချင်စိတ်ပျောက်အောင်လုပ်ပေးလိုက်တာတွေမို့ ပိုးမကျခင်မှာ ရက်ခြားနဲ့မှန်မှန်လေးဖျန်းပေးရပါတယ်။ 

   ကဲ... ကိုယ့်ဒေသမှာ ပေါပေါရတာတွေနဲ့ ကြိုတင်ပြင်ဆင်ထားလိုက်ပါတော့။

 ကိုယ်တိုင်လုပ်လို့ရတဲ့ ပိုးသတ်ဆေး ဆောင်းပါးများကို အောက်ပါလင့်တွေနဲ့တကွ စုစည်းပေးလိုက်ပါတယ်။ 

   တစ်စုတစ်စည်းတည်းဖြစ်ဖိုတော့ ဒီဆောင်းပါးကို "သိမ်းဆည်းမည်" ဆိုတာလေးနှိပ်ပြီး သိမ်းထားနိုင်ပါတယ်ခင်ဗျာ။

၁။ သဘာဝပိုးသတ်ဆေးများ ပြုလုပ်နည်း

၂။ ဓာတ်ကြွင်းအာနိသင်မရှိသော ဆပ်ပြာပိုးသတ်ဆေး

၃။ စားဖိုဆောင်သီးနှံတွေနဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့ သဘာဝပိုးသတ်ဆေး

၄။ အိမ်နောက်ဖေးဈေးဆိုင်တွေအတွက် အော်ဂဲနစ် ပိုးသတ်ဆေး

၅။ နနွင်းပိုးသတ်ဆေး

၆။ သြဇာပင်နှင့် ပိုးသတ်ဆေး

၇။ ငရုတ်သီးဖြင့်ပိုးနှိမ်နင်းနည်း

၈။ လောက်သေရွက်၊ ဆိတ်ချီးတို့ဖြင့်ပြုလုပ်သည့် ပိုးသတ်ဆေး

၉။ ဆပ်ပြာတောင့်ဖြင့်ပြုလုပ်နိုင်သည့် သဘာဝပိုးသတ်ဆေး

၁၀။ နနွင်း၊ ခရမ်းချဉ်ပင်တို့ဖြင့် ပြုလုပ်နိုင်သည့်ပိုးသတ်ဆေး

၁၁။ ဆေးရွက်ကြီး ပိုးသတ်ဆေး

၁၂။ ပင်စိမ်း ပိုးသတ်ဆေး

၁၃။ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးအနေဖြင့် အုန်းဆီ

၁၄။ ပင်လုံးပြန့်အာနိသင်ရှိ သဘာဝပိုးသတ်ဆေး

၁၅။ အိမ်မှာရှိတဲ့ကုန်ကြမ်းနဲ့ သဘာဝပိုးပြေးဆေးဘယ်လိုလုပ်မလဲ?

အားလုံးပဲ စိုက်ရေးပျိုးရေး အဆင်ပြေကြပါစေဗျ။ မရှင်းတာ သိလိုတာများရှိရင် အမေးအဖြေ ကဏ္ဍမှာ ပြည့်ပြည့်စုံစုံ မေးမြန်းနိုင်ပါတယ်ဗျ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်