မြန်မာ့လိမ္မော်သီး ကမ္ဘာ့ဈေးကွက်ရင်ဘောင်တန်းနိုင်ရေး လိုအပ်နေ

26/11/2021 20:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    မြန်မာ့ရေမြေမှာ ရှောက်သံပုရာလိမ္မော်အုပ်စုဝင်အပင်များရှင်သန်ပေါက်ရောက်နေပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သစ်သီးဝလံတင်သွင်းစားသုံးမှုက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိနေပါတယ်။ ပြည်တွင်းက လိမ္မော်စိုက်ပျိုး ထုတ်လုပ်မှုမှာလည်း မျိုးကောင်းမျိုးသန့်များရရှိဖို့၊ စိုက်ပျိုးနည်းပညာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံရေးတည်ငြိမ်ပြီး ကုန်စည်ကူးသန်းသွားလာရေးလုပ်ငန်းများ ချောမွေ့နိုင်ဖို့ကလည်း အရေးတကြီးလိုအပ်နေပါတယ်။ ပြည်တွင်းလိမ္မော်စိုက်ဧကတွေ လျော့ကမသွားဖို့နဲ့ စိုက်ဧကတွေ တိုးတက်လာဖို့က ပြည်တွင်း၊ ပြည်ပဈေးကွက်ဖော် ဆောင်နိုင်တာမရှိသေးဘူးလို့  စိုက်ပျိုးရေးဘွဲ့ရတစ်ဦးလည်းဖြစ်ပြီး လိမ္မော်သီးနှင့် လိမ္မော်ပျိုးပင်များပါ  စိုက်ပျိုးထုတ်လုပ်ရောင်းချနေသည့် ရွာငံ၊ ရေဦးဒေသမှ ဦးခင်မောင်ဇော် ကပြောပါတယ်။

ကျွန်တော်တို့က ကိုယ့်ပြည်တွင်းမှာ ရှောက်သံပုရာလိမ္မော်တွေ လည်းအများ ကြီးရှိတယ်။ ရှိပြီးတော့ ဈေးကွက်ကိုမဖော်ဆောင်နိုင်ဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့က သူများနောက်မှာရောက်နေတယ်။ ဥပမာ ကျွန်တော်တို့ က သူများနောက်ကိုမရောက်ဘဲနဲ့ လည်ပယ်တန်း၏ကိုရောက်အောင် ကြိုးစားရမှာပေါ့။ အဲ့ဒီဟာ အတွက် ကျွန်တေ်ာ နံပါတ်တစ်လုပ်ချင်တယ်။ ဒါမှလည်းတောင်သူတွေ သူတို့အတွက်က အထွက်လည်းကောင်းမယ်၊ ဝင်ငွေလည်းတိုးလာမယ်ဆိုရင် ကျွန်တော်တို့ ရှောက်၊ သံပုရာ၊ လိမ္မော်၊ ဒါကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်တဲ့သူက အမြဲတမ်းစိုက်ပျိုးထုတ်လုပ်ပြီးတော့ ရေရှည်တည်တံ့တည်မြဲနေမှာလို့ပြောပါတယ်။ 

    ရှောက်သံပုရာလိမ္မော်ကျွဲကော တို့ပါဝင်သည့် Citrus Fair 2021 ကိုနေပြည်တော်၊ ရေဆင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရှိ နဝရတ်ခန်းမမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ကနေ ၂၉ ရက်အထိကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ လိမ္မော်သီးနှံကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ခြံလုပ်ငန်းရှင်များကပါဝင်ဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေးပွဲကနေ ရရှိလာမည့် ဖွံဖြိုးရေးဆိုင်ရာ သတင်းအချက်အလက်တွေကို စာအုပ်အဖြစ်ထုတ်ဝေပြီး လုပ်ငန်းများအကောင်ထည် ဖော်ဆောင်ရွက်ရာမှာ အသုံးပြုဖို့ ဖြန့်ဝေပေးမယ်လို့သိရပါတယ်။ 

    လိမ္မော်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆွေးနွေးရာမှာ စိုက်ပျိုးရေးတက္ကသိုလ်မှပညာရှင်များ၊ အစိုးရဌာနများမှ ကဏ္ဍအလိုက်ကျွမ်းကျင်သူများ၊ ပုဂ္ဂလိကခြံလုပ်ငန်းရှင်များ စသည်တို့က လိမ္မော်မျိုးရင်းများမူရင်းဒေသ၊ ပျံ့နှံံ့ပုံနှင့် မျိုးမြှင့်တင်မှုနည်းလမ်းများ၊ ပိုးမွှားရောဂါပြသနာများနှင့် သီးနှံကာကွယ်ရေးနည်းလမ်းများ၊ အာဟာရပေးသွင်းမှုနှင့် မြေဆီလွှာထိန်းသိမ်းရေးဆိုင်ရာ သိကောင်စရာများ၊ ဈေးကွက်အခြေအနေ၊ နယ်စပ်ဖြတ်ကျော်သီးနှံတင်ပို့မှုစနစ်များနှင့် နည်းဥပဒေများ၊ လိမ္မော်စိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံနှင့် တွေ့ကြုံရသော အခက်အခဲပြသနာများ စသည်တို့ကို  ဆွေးနွေးကြမှာဖြစ်ပါတယ်။

    ၃ ရက်တာပြသသွားမယ့်ပြပွဲ၊ ပြိုင်ပွဲဆွေးနွေးပွဲမှာ ပြခန်းများအနေဖြင့် ရောဂါပိုးမွှားကင်း စင်သည့်ပျိုးပင်များရရှိရန် စနစ်ကျသော ကိုင်းကူးကိုင်းဆက်နည်းပညာပေးမည့်ပြခန်း၊ သီးနှံပင်များတွင်ရောဂါဖြစ်ကြောင်းနှင့် ရောဂါလက္ခဏာများ၊ ဖျက်ပိုးများနှင့်ဖျက်ဆီးမှုလက္ခဏာများ၊ စိုက်ပျိုးသူများကြုံတွေ့နေရသည့်အခက်အခဲပြသနာများကိုဆွေးနွေး ခြင်း၊ ကုစားနိုင်မည့်နည်းလမ်းများကို ရှာဖွေခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သစ်သီးဝလံများခူးဆွတ်ပြီးနောက်ပိုင်း သီးနှံအရည်အသွေး ပျက်စီးဆုံးရှုံးမှုနှင့် လေလွင့်ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်သည့် နည်းလမ်းများကို ပညာပေးဆွေးနွေးခြင်း စသည့် ပြခန်းတွေကိုလည်း ပြသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရှောက်၊ သံပုရာ၊ လိမ္မော်၊ ကျွဲကော စတဲ့ သီးနှံ အုပ်စုများထဲမှာ သီးနှံ အမျိုးအစားပေါင်း ၁၀၆ မျိုးကို ပြသသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် လိမ္မော်ခွံပွမျိုးတွင် ပြိုင်ပွဲဝင်ဦးရေ ၂၉ ဦးကလည်းကောင်း၊ လိမ္မော်ခွံကျစ်မျိုးတွင် ပြိုင်ပွဲဝင် ၁၄ ဦးကလည်းကောင်း၊ ပျားလိမ္မော်တွင် ၁၀ ဦးကလည်းကောင်း၊ ကျွဲကောမျိုးတွင် ၂၄ ဦးကလည်းကောင်း၊ သံပုရာသီးမျိုးတွင် ၂၅ ဦးက လည်းကောင်း၊ ရှောက်သီးတွင် ၁၀ ဦးကလည်းကောင်း၊ ဂရိတ်ဖရုတွင် ၃ ဦးကလည်းကောင်း၊ ပန်းလိမ္မော်တွင် ၁ ဦးကလည်းကောင်း  ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆုပေါင်း ၂၈ ဆုကိုရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

    တစ်နိုင်ငံလုံးအတိုင်းအတာအရ သစ်သီးဝလံ တင်သွင်စားသုံးမှုမှာ တစ်နှစ်ကို အမေရိ ကန်ဒေါ်လာ သန်း ၅၀ ဖိုးခန့်ရှိနေပါတယ်။ လိမ္မော်စိုက်ပျိုးထုတ်လုပ်သူများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲနှင့်ပြသနာတွေကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခြင်းသည် အနာဂတ်ကာလ ရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အပံ့ကောင်း၊ လိမ္မော်စိုက်ပျိုးထုတ်လုပ်နေသူများအတွက် အခွင့်အလမ်းကောင်း၊ သစ်သီးဝလံတင်သွင်းစားသုံးနေရတဲ့ မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအထောက်အပံ့ကောင်းများဖြစ်လာစေမှာဖြစ်ပြီး လိမ္မော်သီးကဏ္ဍဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းမှသည် နောက်ပိုင်းမှာလည်း ဆက်လက်ကျင်းပသွားနိုင်ပြီး လိမ္မော်သီးကဏ္ဍဖွံ့ဖြိုူရေးအတွက် ရေရှည်တံ့စေလိုကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်